8

360 54 4
                                    

Zgy

Mine 8

အဖေ့ရဲ့ ဈာပနမှာ အဖေသက်ရှိထင်ရှားရှိစဉ်က တစ်ခါမှတောင် မမြင်ဖူးခဲ့တဲ့ ဘတ်ဟျွန်းရဲ့ ဆွေမျိုးတွေပေါ်လာခဲ့တယ်။ အဖေ့ရဲ့ ညီမတစ်ယောက်ရယ် ပြီးတော့ အဖေ့ရဲ့ အစ်ကိုတစ်ယောက်ရယ်။ ပြီးတော့ ဘတ်ဟျွန်း တစ်ခါမှ မကြားဖူးခဲ့တဲ့ အဖေ့အကြောင်းတွေ။ အဖေက ဗိသုကာပညာရှင်တစ်ဉီးဖြစ်ခဲ့ဖူးတာတဲ့။ ဘတ်ဟျွန်းကတော့ သိပ်အာရုံမရှိပါဘူး။ အဖေက နေ့တိုင်း သစ်သားတွေ လှီးဖြတ်ရင်း ပျော်နေခဲ့တာပဲ။ ဒါဆို ရပြီ။

အိမ်ရှေ့နားမှာ အဒေါ်နဲ့ ဉီးလေးက တစ်စုံတစ်ခုကို အခြေအတင်ဖြစ်နေကြတယ်။ ပြောသမျှကို သေသေချာချာမဟုတ်ပေမယ့် သူတို့ပြောနေတဲ့ အကြောင်းအရာဟာ ဘတ်ဟျွန်းကို စောက်ရှောက်ဖို့ အငြင်းပွါးနေကြတာမျိုး။ ဘတ်ဟျွန်း အသံထွက်အောင်ကို မဲ့ပြစ်လိုက်ပေမယ့် ဒါကိုကြားနိုင်တာ တစ်ဉီးတလေမှ မရှိ။

"ဘတ်ဟျွန်းက အခုမှ ၁၅ နှစ်ပဲ ရှိသေးတာ
သူ့ကျောင်းစရိတ်ကို ဘယ်သူပေးမှာလဲ.."

"အကို့ရဲ့ အာမခံကြေးတွေ ဘာတွေရော "

"မရှိဘူး"

"ဒါဆို ဒီအိမ်ကို ရောင်းပြီး ဖြစ်ဖြစ်.."

"ဘယ်သူ့အိမ်မှာထားမှာလဲ"

"ကျွန်မအိမ်က အစ်ကိုသိတဲ့ အတိုင်း ကျွန်မကလေး သုံးယောက်နဲ့တင် မနည်းလည်ပတ်နေရတာ..
အစ်ကို့မှာက သားတစ်ယောက်ပဲ ရှိတာမလား
ပြီးတော့ အခုအလုပ်ဝင်နေတဲ့နေရာက နာမည်ကြီးဆို လစာတွေ အများကြီးရမှာပဲကို အစ်ကိုပဲ..."

"ဟာ ငါ့မိန်းမက ရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်တာ နင်မသိတာကျနေတာပဲ.."

"ဒါဆို ဘယ်လိုလုပ်မလဲ.."

ဘတ်ဟျွန်း နံရံကိုကျောမှီထိုင်နေရာကနေ ထလိုက်တယ်။ ဘယ်သူကရော သူတို့နဲ့လိုက်မယ်ပြောနေလို့လဲ။ ဘယ်သူကရော ဒီအိမ်ကိုရောင်းမယ်ပြောနေလို့လဲ။
ရာရာစစ သူတို့ကဘာမို့လို့ ဘတ်ဟျွန်းကို စိတ်တိုင်းကျ သူတို့ဆုံးဖြတ်ချက်တွေနဲ့ တိုင်းတာနေကြတာလဲ..
ဟက် ...
ဘယ်သူ့ကို လဲ...

"ကျွန်တော့်ကို ပေးပါ"

အေးစက်စက်အသံဟာ ဘယ်အချိန်ကြားရကြားရ မှားစရာမရှိ။ ဒီအသံနှုန်း ။ လေသံ။ အေးစက်မှု။ သေချာပေါက် သူ့အသံ..

MINE(Completed)Where stories live. Discover now