18

313 42 4
                                    

Zgy

Mine 18

စာမေးပွဲ နီးလာတာနဲ့အမျှ ချန်းယောလ်ရော ဘတ်ဟျွန်းရော သာမက ဂျုံအင်ပါစာကြည့်တိုက်မှာ စာတွေနဲ့ လုံးထွေးနေချိန်သာ များလာတယ်။ အထက်တန်းကျောင်းသားတြွေဖစ်တာမို့ စာက အတော်အတန်များနေပြီး အစတည်းက တစိုက်မတ်မတ်လုပ်ခဲ့တာမဟုတ်တဲ့ ဘတ်ဟျွန်းတို့နှစ်ယောက်က ပိုပင်ပန်းရတယ်။ ဂျုံအင်ကတော့ နဂိုတည်းက စာတော်တဲ့အထဲပါတာမို့ ဘတ်ဟျွန်းတို့ရဲ့ စာပေတိုက်ကြီးက ကင်မ်ဂျုံအင်။

"ဂျုံအင်းနား ဒီအပုဒ် နါးမလည်လို့.."

ချန်းယောလ်ရော ဘတ်ဟျွန်းရော ခေါင်းချင်းဆိုင်ပြီး ဂျုံအင်ကို ဆရာတင်ရများသည်။ စိတ်ရှည်ရှည်ရှင်းပြတတ်တဲ့ ဂျုံအင်ကြောင့် စာတွေဟာ နားလည်ရလွယ်လာသည်။ ဂျုံအင်ရှင်းပြထားတဲ့ စာတွေဟာ မေ့သွားတယ်မရှိတော့ပဲ အမြဲလွယ်သွားတတ်တယ်။

"ချန်းယောလ် စတော်ဘယ်ရီနို့ဝယ်ပေး.."

"ဘာ.."

"စာရှငိးပြရတာ အာခေါင်ခြောက်တယ်လေ..."

"အဲ့ဒါဆို မင်းဘာသာမင်းသွားဝယ်သောက်လေ..."

"ရတယ်လေ နောက်စာမရှင်းပြတော့ဘူး.."

ဂျုံအင်က အဲ့လိုဂျစ်တိုက်ပြီး အစက ချန်းယောလ်သူ့ကို သဘောမကျတာကို အခြေအနေပေးတိုင်း အနိုင်ကျင့်တတ်သေးသည်။ ထိုသို့သောအခါတိုင်း ပတ်ချန်းယောလ်တို့ မကျေနပ်ကြည့်ကြီးနဲ့ သွားရမြဲ။ လုပ်ပေးရမြဲ။

ထွက်သွားတဲ့ ချန်းယောလ်ရဲ့ ကျောပြင်ကိုကြည့်ပြီး ဘတ်ဟျွန်းခေါင်းယမ်းမိသည်။ ဒီနှစ်ယောက် ဘယ်ချိန်မှ ရငိ့ကျက်ကြမှာလဲ။

"ဂျုံအင်ရာ အလကားရန်သွားစပြန်ပြီ..
ဟိုက အကြောင်းမသိတညလဲမဟုတ်ပဲ
ပြီးရင် မခေါ်ပဲလဲ မနေနိုင်ပြပဲနဲ့.."

"ချန်းယောလ်ကိုစရတာ ပျော်ဖို့ကောင်းတယ်လေ
မဟုတ်ရင် အဲ့ကောင်က ငါခိုင်းတာလုပ်ပေးပါ့မလား..
မင်းကို စာတွေရှင်းပြပေးနေလို့ ရတာကို.."

မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ဘတ်ဟျွန်းစာဆက်တွက်နေမိသည်။
ခဏအကြာမှ ချန်းယောလိရဲ့ တမင်တကာဖိနင်းလျှောက်လာတဲ့ ခြေသံပြင်းပြင်းနဲ့ ဒေါက်ခနဲမြည်အောင်ချလိုက်တဲ့ စားပွဲနဲ့ဘူးနဲ့ရိုက်ခတ်သံကို စာအုပ်စဉ်တွေကြားမှ စာအုပ်ရှာနေတဲ့ ဘတ်ဟျွန်းကြားလိုက်ရတယ်။ အဲ့ဒီ ချန်းယောလ်ဟာလေ စာကြည့်တိုက်ဆိုတာ မေ့နေလျော့လေသလား။ အများပိုင်နေရာမှာ ဆူညံမှုမလုပ်ရတာများ မသိလေသလား။
ပြီးတော့ ကင်မ်ဂျုံအင်ဆိုတဲ့ငနဲရဲ့ တပြွတ်ပြွတ်မြည်အောင်သောက်နေသံ။ ဒီနှစ်ကောင်ဟာ အတူထားလို့ကိုမဖြစ်တာ။
တော်ကြာနေ စာကြည့်တိုက်မှူးရဲ့ သတိပေးခံရနိုင်သည်။

MINE(Completed)Where stories live. Discover now