3

413 56 3
                                    

Zgy.

Mine 3

"ဗွမ်းးးး"

"ဟာ..."

ရွှဲရွှဲစိုသွားတဲ့ ရေတွေရယ် ဘတ်ဟျွန်းပေါ်က ကုန်းကွကြွဖစ်နေတဲ့ ကိုယ်တော်လေးရယ်။ ဘတ်ဟျွန်းမှာတော့ ပြူးတူးပြဲတဲနဲ့ ဘာစကားတစ်ခွန်းမှကို ထွက်မလာတော့။ ဘတ်ဟျွန်းပဲ ကံကောင်းသွားတာလား သူပဲ ကံဆိုးသွားလေသလား။

လက်ထောက်လျှက် ထသွားတဲ့ ပတ်ချန်းယောလ်က ကိုယ်ပေါ်က ရေတွေကို ခေါင်းယမ်း ခါလိုက်ရင်း လက်တွေနဲ့လဲ ပွတ်သပ်ခါ ဖုန်တွေ သဲတွေကို ခါချနေသေးတယ်။ ပြီးတော့ ဘာတစ်ခွန်းမှ မပြောပဲ ဉီးလေးကြီးကို စိတ်ပျက်လက်ပျက်ငေးပြီး ဘတ်ဟျွန်း လက်ထဲ ကျစ်နေအောင်  ကိုင်ထားတဲ့ နွားနို့ဘူးလေးကို ဖျက်ခနဲ ဆွဲယူကာ နောက်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ အိမ်ထဲဝင်သွားလိုက်တာ တန်းနေတာပဲ။

ဘတ်ဟျွန်းနဲ့ ဉီးလေးကြီးမှာသာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြောင်အနေကြတာ အကြာကြီး။
သတိဝင်လာမှ

"မင်းက..."

"ဟို ကျွန်တော်ရှင်းပြမယ်..."

ဘတ်ဟျွန်းအကြောင်းစုံပြောပြမှ ဉီးလေးကြီးက လီလီပန်းတွေဆီ ပြန်ကြည့်တယ်။ ပြီးမှ ဘတ်ဟျွန်းနဲ့ ပန်းတွေကို တစ်လှည့်ဆီကြည့်ရင်း မယုံသလိုမျက်နှာနဲ့ ဒီလိုမေးပါတယ်...

"ပန်းတွေ အကုန်နှုတ်ရလွယ်အောင် မြက်ကြိုရှင်းထားတာတော့ မဟုတ်ဘူးမလား..."

"ဟာ ဉီးလေးကြီးကလဲ..."

"နောက်နေ့ ငါ့ပန်းတွေ ခူးတာတွေ့ရင် ချန်းယောလ်ကို ပိုခိုင်းဖို့ ပြောလိုက်မယ် သတိထားနေ...."

"ဗျာ..."

ထိုနေ့မှ စလို့ ဘတ်ဟျွန်းဆုံးဖြတ်ချက်ချလိုက်သည်။နောက်နောင် ဒီအိမ်ရှေ့က ပန်းဆို စိတ်နဲ့တောင် မပစ်မှားမိစေနဲ့။

*****

အဲ့လိုနဲ့ ရက်တ္တတစ်ပတ်နီးပါး မနက်ခင်းဆို နွားနိုးဘူးပို့ပေးရတတ်တာကနေ ဒီနေ့တော့ အပြင်သွားချင်ပါတယ်ဆိုတဲ့ မြို့ကြီးသားကို ပညာပေးဖို့ ဘတ်ဟျွန်းအလုံးစုံသော ဉာဏ်ရည်ကိုထုတ်သုံးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။

MINE(Completed)Where stories live. Discover now