Zgy
Mine 15
"ချန်းယောလ် ဂျုံအင်ကို ကောင်းကောင်းဆက်ဆံလို့မရဘူးလား"
"မလုပ်ချင်ဘူး.."
"ဘာလို့လဲ ခင်ဖို့ကောင်းတာကို "
"မင်းကလွဲပြီး ဘယ်သူနဲ့မှ မခင်ချင်ဘူး"
စက်ဘီးစီးနေတဲ့ ချန်းယောလ်ကျောပြင်နားကပ်လို့ ဘတ်ဟျွန်း သဘောတကျပြုံးမိသည်။ တကယ့်ကို ပတ်ချန်းယောလ် ပီသစွာပါပဲ။ ငြင်းတာတောင် တစ်ဖက်လူကို ကြည်နူးရအောင် ငြင်းတတ်သေးတယ်။
"ဟျွန်းနီး..."
"ဟင်...
မဟူတ်..
ဘယ်လို ဘယ်လိုခေါ်လိုက်တာလဲ...""ဟျွန်းနီး..."
"ဘာလို့ ...
အဲ့ဒီလို"စီးလက်စ စက်ဘီးလေးက တုံ့ခနဲ ရပ်တန့်သွားတယ်.
ဘတ်ဟျွန်းရှေ့တည့်တည့်ရပ်ပြီးမှ"သဘောကျလို့..
မင်းကို..."မျက်လုံးတွေထဲ နစ်ဝင်နေတဲ့အထိ ကြည့်နေတာကြောင့် ဘတ်ဟျွန်းမနေတတ်တော့။
"အဟမ်းးး"
ချောင်းတစ်ချက်ဟန့်ရင်း အခြေအနေကို လမ်းကြောင်းလွှဲမလို့ပေမယ့်
"ဒီနေ့ Date လုပ်ကြမလား ငါတို့ .."
"Date.."
"အင်း ဘယ်သွားချင်လဲ
သေချာပေါက် သွားချင်တဲ့နေရာတို့ လုပ်ဖူးချင်တာတို့...""ရှိတယ် .."
"ပြောလေ..."
"သင်္ဘောမောင်းကြည့်ချင်တယ်..
ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ..""ဖြစ်အောင်လုပ်ရင် ဖြစ်ပါတယ်.."
ချန်းယောလ်စက်ဘီးလေးရဲ့ ဉီးတည်ရာဟာ စာသင်ကျောင်းနဲ့ ဆန့်ကျင်ဘက်အရပ်မျက်နှာဆီသို့။ ဆောင်းလေအေးအေးလေး တိုက်ခတ်နေတဲ့ မနက်ခင်းစောစောအချိန်မှာ ဘတ်ဟျွန်းက ချန်းယောလ်ခါးစပ်ကို တင်းနေအောင် ဖက်ထားတယ်။ စက်ဘီးနင်းနေတဲ့ ချန်းယောလ်ပြုံးနေတာကိုတော့ လေပြေတွေသာ သိနိုင်ပါလိမ့်မယ်။
မီးပြတိုက် နီနီလေးရှိတဲ့ ပင်လယ်စပ်မှာ စက်ဘီးလေးဟာ ရပ်တန့်သွားတယ်။ ရပ်ထားတဲ့ စက်ဘီးရဲ့ဘေးဘက်မှာ ကျောပိုးအိတ်လေးနှစ်လုံး။
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????