33

277 29 2
                                    

Zgy

Mine 33

"ချန်းယောလ် မင်းအဖေ Accident ဖြစ်လို့ "

အဲ့ဒီတုန်းက အမေ့သံဟာ တုန်ရီနေတာအသေချာပင်။ ဆောက်တည်ရာမရ အက်ကွဲနေတဲ့ အသံဟာ ဖုန်းလိုင်းတွေထဲကတောင် ချန်းယောလ်ကို ကျင်ခဲသွားစေတယ်။ လွယ်နေကျ အိတ်ကလေးထဲ လိုအပ်တာတွေ ထည့်ပြီးတဲ့အချိန်က ည ၂ နာရီ။ အစောဆုံးကားမှီဖို့ သူသွားရတော့မှာဖြစ်သည်။

ချစ်ရသူက စောင်ထူထူအောက်မှာ အပူပင်ကင်းကင်း ကလေးတစ်ယောက်လို အိပ်မောကျနေဆဲ။
နားထဲမှာ ကြားရောင်လာတာက
"ထွက်သွားမယ်ဆိုရင်တောင် နှုတ်ဆက်ပြီးမှ သွား"  ဆိုတဲ့ လျှိုတိုးသံ သဲ့သဲ့လေး။
ဒီကောင်လေးက သူ့ကိုဆို အဲ့လောက်ထိ နားလည်ပေးခဲ့တာ။

ဒါပေမယ့် သူ့စိတ်မှာဖြစ်နေတာတွေ စိုးထိတ်နေတာတွေဟာ ဒီအမျိုးသားလေး အအိပ်ပျက်သွားမှာကိုတော့ မလိုလားခဲ့တာ အမှန်ပင်။

စာကြည့်စားပွဲပေါ်က စာရွက်တစ်ရွက်ပေါ် ခပ်မြန်မြန် ချရေးလိုက်တာက

"ဘတ်ဟျွန်းနီး
ကိုယ်တောင်းပန်ပါတယ်....

နှုတ်မဆက်တာမဟုတ်ဘူးနော်
ကိုယ်တကယ်ကို မင်းကို မနှိုးရက်လို့..

ကိုယ်က သေချာပေါက် ပြန်လာမယ်
ပြီးရင် ဆိုလ်းရောက်တာနဲ့ ဖုန်းဆက်လိုက်မယ်.."

အနားသတ်ထောင့်စွန်းလေးမှာ** ချန်းယောလ်** ဆိုပြီး ရေးပြီးတာနဲ့ စာလေးကို ထမင်းစားစားပွဲမှာ သွားတင်လိုက်တယ်။

ပြီးတော့ ဉီးလေးအခန်းဆီသွားပြီး အကြိုးအကြောင်းပြောကာ
အဖေ့ Accident ကိစ္စအကြောင်း ဘတ်ဟျွန်းကိုသိစေပြီး စိတ်မဆင်းရဲစေချင်ကြောင်းမှာကာ ချန်းယောလ် ဘတ်ဟျွန်းအိပ်စက်နေတဲ့ အခန်းလေးဆီ ပြန်ပြီး ကူးလူးလာရပြန်တယ်။

နှာဖူးပြင်လေးဆီ ထိကပ်နမ်းရှိုက်လိုက်ပြီး ချန်းယောလ် တစ်ကိုယ်ရည်စာ ခွန်အားကို ထိုနူးညံ့မှုလေးဆီကနေ လက်ခံလိုက်တယ်။

ဘာတွေပဲဖြစ်ဖြစ် ကိုယ် မင်းဆီကို အရောက်ပြန်ခဲ့မယ်။

********

နှင်းတွေခဲနေအောင် ကျနေတဲ့အချိန်မှာတောင် ဆိုးလ်မြို့ရဲ့ညဟာ သွားလာလှုပ်ရှားနေသူတွေနဲ့ အသက်ဝင်နေဆဲ။ ချန်းယောလ် ရောက်သွားချိန်မှာ အဖေ့ဈာပနအခန်းလေးထဲမှာ အမေက ငြိမ်ငြိမ်လေးထိုင်နေတာ။

MINE(Completed)Where stories live. Discover now