30

294 35 0
                                    

Zgy

Mine 30

ချန်းယောလ်တို့ ရောက်သွားတဲ့အချိန်ဟာ ညနေ နေဝင်ရီတရောအချိန်။ ဆောင်းရဲ့ ဓာတ်ခံနဲ့ အေးစက်စပြုနေပြီဖြစ်တဲ့ ပင်လယ်လေအေးအေးဟာ အနွေးထည်မပါတဲ့ ဖြူလွလွ ရှပ်ကလေးကို အညှာတာမဲ့စွာ ကျီစယ်နေတယ်။ ဆံနွယ်စတွေလှုပ်ခတ်သွားတိုင်း စီးချက်လိုက်စွာ ငြိမ့်ညောင်းနေမှုဟာ ချန်းယောလ်ရဲ့ ဘယ်ဘက်ရင်အုံစီကဖြစ်တယ်။ ဒီတစ်ခါတော့ တကယ်အပိုင်ရမြှဖစ်မယ်။
ကိုယ်ဟာ မင်းနဲ့ပတ်သတ်ရင် အမြဲတမ်း အတ္တကြီးပါတယ်။

အအေးဒဏ်မခံနိုင်တဲ့ ကောင်လေးဟာ နှာဖျားလေးတွေ ရဲဆွေးနေပေမယ့် ပင်လယ်ကို မျက်နှာမူပြီး တစ်ဝကြီး လေတွေကိုရှိုက်သွင်းနေသေးတယ်။ သူတို့ဟာ ပင်လယ်မှာစုံခဲ့ပါတယ်။

"ဟျွန်းနီး..."

မှေးမှိတ်ထားတဲ့ မျက်ဝန်းလေးပေါ်မှာ ခပ်စိပ်စိပ်မျက်တောင်လေးတွေ တည်ရှိနေတာကအစ ပါးပြင်ပေါ်က မှဲ့နက်လေးအထိ။ အရာရာဟာ တိမ်းမောနစ်ဝင်ချင်စရာကြီးပါပဲ။
တကယ်ဆို ပင်လယ်ထက် မင်းဟာ ကျယ်ပြောပါတယ်။

"လီလီပန်းတွေ ပွင့်နေလောက်မလား..."

ဒါဟာ သူတို့စတွေ့ထဲကနေ ခုချိန်အထိ ဘတ်ဟျွန်းဆီက ပထမဆုံး စကားပြောလာခြင်းဖြစ်တယ်။
သူပြောတဲ့ အကြောင်းအရာမှာ  ဘယ်လိုသယံဇာတတွေမှ ကိန်းအောင်းမနေဘူး။ ချန်းယောလ်ရဲ့အကြောင်းမဟုတ်ဘူး။
ပင်လယ်ပြင်ကြီးအကြောင်းလဲမဟုတ်ဘူး။
ဉီးလေးအကြောင်းလဲ မဟုတ်သလို ဘတ်ဟျွန်းအဖေအကြောင်းလဲ မဟုတ်ပါဘူး။
ဘတ်ဟျွန်းက ဒီအတိုင်း အဖြူရောင်ရှိတဲ့ လီလီပန်းတွေရဲ့အကြောင်းကိုပဲ တခုတ်တရ မေးလာခဲ့ပါတယ်။

"အင်း ပွင့်နေလောက်မယ်ထင်တယ်..."

ဒီအတိုင်း သူက ပွင့်စေချင်နေတာလို့ ထင်ရတာမို့ ချန်းယောလ်က အလိုက်သင့်လေးဖြေပေးလိုက်တယ်။

"မြက်တွေရော ပေါင်းသင်ထားရဲ့လား မသိဘူးနော်..."

ချန်းယောလ် တကယ်ကို နာမလည်နိုင်ဘူး။ တကယ်ဆို ဘတ်ဟျွန်းက လီလီပန်းတွေပွင့်နေမှာလားသိချင်တာလား။ ဒါမှမဟုတ် ပန်းပင်က ပေါင်းပင်တွေ ရှင်းထားမထားကို သိချင်တာလား။
ဘတ်ဟျွန်းဟာ တစ်ခါတစ်ခါ အဲ့လို ခေါင်းစားစရာလေးဖြစ်တယ်။

MINE(Completed)Where stories live. Discover now