Chapter...27

27K 1.7K 88
                                    

အမှောင်ခပ်ရိပ်ရိပ် အလင်းမှိန်မှိန်သာရှိနေတဲ့
အခန်းတစ်ခု၊ အခန်းနံရံ ရဲ့ထောင့်စွန်းပိုင်း
မြင်သာထင်သာရှိတဲ့ နေရာ၌ သံကြိုးတွေဖြင့်လက်တစ်ဖက်တစ်ချက်ကို နံရံ၌ ကပ်၍
ချည်နှောင်ထားလေ၏။

တနည်းပြောရရင် ထွက်ပြေးလို့မရသည့်ထက်ပို၍ ရုမ်းကန်ခြင်းမရှိအောင် သံကြိုး
တွေဖြင့်အထပ်ထပ်ချည်နှောင်စွာ။

ချောမောတည်ကြည်လွန်းသည့်မျက်နှာပြင်
ထက်မှာလည်း ထိုးနှက်ခံထားရသည့်ဒဏ်
ရာဒဏ်ချက်တွေဖြင့် ညိုမဲစွဲထင်လျက် ဥပ
တိရုပ်ကောင်းလွန်းသည့်ရုပ်ဆင်းရူပကာကို
ဖျတ်လိုဖျတ်စီးနှောက်ယှက်နေပါ၏။

သွေးရဲရဲစိုနေလေသည့် ပေါက်ပြဲထိရှနေသောနှုတ်ခမ်းညိုညိုတွေက တွန့်ကွေးရုံမျှ
နှစ်လိုဖွယ်အပြုံးနှင့် မခိုးမခန့်ပြုံးလိုက်ပြီး
ထိုအပြုံးတစ်ချက်၌တင် အကြိမ်ကြိမ်အသက်ပါရသည်နှယ်။

ထိုပုံစံကိုက ရုပ်ချောပေမယ့်ထောင့်မကျိုး၊
ဂျစ်ကန်ကန်၊မာကျောကျော ကျွတ်ဆတ်နေ
တာကိုကစတိုင်တစ်မျိုးအနေနဲ့ဆွဲဆောင်နေ
ပေ၏။ တည်စေရာမိုင်သာ တက္ကသိုလ် ကျောင်းသားဆိုပါက Kingဘွဲ့ရတဲ့သူဖြစ်
ပေလိမ့်မည်။

ကြံဖန်နာမည်ကြီးလူသိများ စိတ်ဝင်စားစရာ
ဖြစ်နေတဲ့ ကလန့်ကဆန့်ပေတိပေကပ်ကောင်
လေးက မထင်ထားသည့်နှယ် ပုံသဏ္ဍန်အ
မျိုးမျိုးမိန်းကလေးတွေရဲ့ ဝိုင်းဝိုင်းလည်နေ
ခြင်းခံရပေမဲ့ ချစ်မိသူကတစ်ယောက်တည်း။

ရင်အုပ်ကျယ်ကြီးရဲ့ ဖွေးဖွေးဖြူတဲ့ဗလာ
ကျင်းနေတဲ့ရင်ခွင်ပြင်ကြီးမှာတော့ ဒဏ်ရာ
တစ်ချို့နှင့် သွေးစိုစို့ရဲရဲက မြင်ရက်စရာမရှိ
အောင်နေရာယူလို့ထားလေသည်။ခေါင်းငိုက်
စိုက်လျက်နေပေမဲ့ လက်တစ်ဖက်တစ်ချက်ကိုသံကြိုး ခတ်ထားတာကြောင့် မတ်တပ်
တန်းလန်းအနေအထားဖြင့်သာ။

မနီးမဝေးအကွာအဝေးက ဂျိတ်စ်မှာတော့
တည်စေရာမိုင်ကိုကြည့်ပြီး အပြစ်မကင်းတဲ့
မျက်ဝန်း အားတုံ့အားနာရိပ်တွေပြည့်သိပ့်
နေတဲ့အကြည့်တွေဖြင့် သူလည်းထူးမခြားနားစွာ ထိုးနှက်ခံထားရသည့်အညိုအမဲစွဲ
ဒဏ်ရာတစ်ချို့နှင့် လက်နောက်ပစ်ကြိုးတုပ်
အနေအထားဖြင့် ထိုင်နေရာကာ ဖမ်းခေါ်လာ
ခဲ့သည့်AE snakeဂိုဏ်းသားတွေကို တဖန်မ
ကျေမနပ်ဖြစ်မိနေမိလေ၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now