☯Chapter(1)☯

19.8K 404 5
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

           ⚛Chapter(1)

"ဒေါင်!!!..ဒေါင်!!!...ဒေါင်!!!"

ညသန်းခေါင်ယံ၁၂ တိတ်ိထိုးသောကြောင့်
မြို့လယ်ခေါင်မှာရှိသည့်...
GrandfatherClock(ဘိုးအေနာရီ)မှ
အချက်ပေးသံသည်...ကြားနေကြသူ
များအတွက်ထိတ်လန့်စရာကောင်းမနေပေမဲ့
နာရီအချက်ပေးသံနှင့်အသားမကျသော
သူများအတွက်...ထိတ်လန့်စရာကောင်းလှ
သည်။မြို့လယ်ခေါင်နာရီမှ...အချက်ပေးသံကြောင့်...အနီးနားမှာရှိသည့်...အိပ်စက်
နေသောငှက်လေးများသည်...လန့်၍
ထပျံလိုက်သောကြောင့်...ငှက်သံများနှင့်
ပတ်ဝန်းကျင်သည်ဆူညံနေလျက်။

ညသန်းခေါင်ယံဖြစ်သောကြောင့်...
ရန်ကုန်မြို့ကြီးသည်တိတ်ဆိတ်နေလျက်
ရှိသည်။ညသန်းခေါင်ယံ၁၂ထိုးသည့်
အချိန်သည်...လူသားများအတွက်...
အိမ်မက်ကမ္ဘာတွင်ပျော်မွေ့နေသည့်
အချိန်ကောင်းဖြစ်ပေမဲ့...အချို့
လူသားများအတွက်တော့...ညသန်းခေါင်
ယံအ ချိန်သည်...သူတို့အတွက်တော့...
အလုပ်လုပ်ရန်ကောင်းသည့်အချိန်
မျိုးဖြစ်နေပြန်သည်။ဥပမာအားဖြင့်...
ခိုးဆိုးလုယက်နေသည့်လူသားတွေအတွက်
ညသန်းခေါင်ယံအချိန်သည်ရွှေထက်တောင်
တန်ဖိုးရှိနေလိမ့်မည်။

လူရယ်လို့ဖြစ်လာလျှင်...ကိုယ့်ဘဝတက်
လမ်းအတွက်...ကြိုးစားရုန်းကန်ရသည်မှာ
ဓမ္မတာပင်။သင်ကချမ်းသာချင်သည်ဆိုလျှင်
စိတ်ကူးယဥ်နေရုံ၍...ချက်ချင်းကြီးဘီယံနာ
ကြီးဖြစ်သွားမှာမဟုတ်သလို...ကြိုးစား
လိုက်တိုင်းလည်း...အရာထင်ချင်မှ
ထင်လိမ့်မည်။ထို့ကြောင့်...သင်ဖြစ်ချင်နေ
သည့်အရာသည်ကိုယ့်အရည်အချင်းနှင့်ကိုက်ညီမှုရှိသည့်အရာတစ်ခုဖြစ်ဖို့လိုအပ်သည်။ထိုမှသာလျှင်ကိုယ့်အရည်အချင်းနှင့်ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်သည့်လူသားတစ်ယောက်ဖြစ်မည်မဟုတ်ပေ လား။

ကျုပ်ဆိုတဲ့လူသားတစ်ယောက်က...
သားနှစ်ယောက်ရဲ့ဖခင်ဖြစ်တာကြောင့်...
ကလေးတွေ၏တက်လမ်းနှင့်ရှေ့ရေးကို
မည်ကဲ့သို့သင်ကြားရမည်ကို...
အချိန်တိုင်းခေါင်းထဲတွင်အမြဲတွေးနေမိသည့်
ဖခင်ကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစား
နေသောသူဖြစ်သည်။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Tempat cerita menjadi hidup. Temukan sekarang