☯Chapter (37)☯

1.9K 69 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

♠Chapter(37)♠

ပါးပါး၏Trainမှုသည် ဒယ်ဒီ၏Trainမှုနှင့်
မတူပဲ သာမာန်ထက်ရက်စက်တက်မှန်း
သိသော်လည်း ကိုယ်တို့ညီအစ်ကိုနှစ်ယောက်
သည်ဘာမှ၀င်ပြောပိုင်ခွင့်မရှိသော်လည်း
ညီသည် တစ်ချက် ၀င်ပြောလိုက်သော
ကြောင့် ပါးပါး၏မျက်နှာသည် ပုံမှန်
ချိန်များထက် ပို၍တင်းလာလျက်။

"သျှားထွဋ်ကုဋေ!!!မင်း၀င်မရှည်နဲ့
ငါ သူတို့ကိုtrainပေးနေတာ!!!
ရာဇ၀တ်သားတစ်ယောက်ရဲ့တရား၀င်
ယောကျာ်းဖြစ်နေပြီးလူမသတ်ရဲရင်
သိပ်ရှက်ဖို့ကောင်းမနေဘူးလား!!!"

ပါးပါးသည်ထိုစကားအား စောလျှံမခ၏
မျက်၀န်းများကိုစိုက်ကြည့်ကာတစ်ခွန်းချင်း
ပြောဆိုနေသောကြောင့် စောလျှံမခ၏
လက်သီးဆုပ်များသည် ပို၍တင်းကျပ်
လာသည်ကို ကိုယ်၏ညီသည်သတိထား
မိသွားသောကြောင့်

"သူ့အစား ကျွန်တော်သတ်မယ်!!!"

"ကုဋေ!!!မင်း၀င်ပြောစရာမလိုဘူး
ကိုယ့်ကိစ္စကိုယ်ရှင်းနိုင်တာမလို့
မင်း၀င်မပါနဲ့!!!"

"ဒါပေမဲ့ ငယ်!!!"

စောလျှံမခသည် ညီအား အကြည့်စူးစူး
တစ်ချက်နှင့်ကြည့်လိုက်သောကြောင့်
သျှားထွဋ်ကုဋေသည် ဘာမှထက်၍
အတွန့်မတက်ပဲ ကိုယ့်ဘေးနားတွင်
လာရပ်လာလျက်။

"အဟွန်း!!! ဟုတ်တာပေါ့ ပါးပါးပြောသလို
ရာဇ၀တ်သားနဲ့ထိမ်းမြားထားတဲ့ကျွန်တော့်
လိုကောင်က လူသတ်ရဲတဲ့သတ္တိမရှိရင်
ဂိုဏ်းအားလုံးက ကျွန်တော့်ကိုစောက်တင်း
တုတ်ရုံတင်မက ဝိုင်းပြီးလှောင်ပြောင်
ရယ်သွေးနေကြလိမ့်မယ်!!! ပါးပါးကို
ကျွန်တော်က လူမသတ်ရဲဘူးလို့
ဘယ်သူကပြောလိုက်ပါလိမ့်!!!"

"အာ...ငါ့ကိုဘယ်သူမှမပြောပါဘူး
ငါဆိုတဲ့နေထွဋ်ကုဋေ က သူများပြောသမျှ
စောက်စကားတွေကို နားထောင်ဖို့
အားယားမနေဘူးလေ!!!မင်းလူမသတ်ရဲဘူး
ဆိုတာ ငါ့ရဲ့ထင်မြင်ချက်နဲ့ပြောဆိုလိုက်တာ"

ပါးပါး၏စကားအား စောလျှံမခသည်
ဖြူဖွေးနေသောသွားတန်းများပေါ်လွင်သည်
အထိရယ်သွမ်းလိုက်ပြီး

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now