☯Cahpter(5)☯

3.2K 135 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(5)♠

Skaura... ပန်းရနံ့လေးကိုယ်၏နှာတံဝသို့
ကျီစယ်လာသောကြောင့်...ပို၍ပင်...
အနမ်းပန်းချီအား...ပုံဖော်မိလိုက်သည်။
အနမ်းပန်းချီအား...စိတ်ကြိုက်ရေးဆွဲ
ပြီးသည်နှင့်...ကိုယ်၏sakuraမျက်နှာ
လေးအား...ပယင်းရောင်နှင့်ကျောက်စိမ်း
ရောင်ရောယှက်ထားသည့်မျက်ဝန်းများနှင့်
စိုက်ကြည့်လိုက်သည့်အခါ...အလွန်တရာမှ
ဆွဲမက်ဖွယ်ကောင်းလှသောမျက်နှာလေး
အားတွေ့လိုက်ရသောကြောင့်...စက္ကန့်ပိုင်း
လောက်အသက်ရှူူရပ်တန့်သွားလိုက်ရသည်။

ကိုယ့်စိတ်ကူးထဲတွင်ပုံဖော်ထားသည့်
Sakuraပန်းလေးအတိုင်း...ဖြူဖွေးနူးညံ့
သည့်မျက်နှာချောချောလေးအား...
အပြင်မှာမြင်လိုက်ရသောကြောင့်...
တည်ငြိမ်နေသောနှလုံးသားလေးမှာ...
သူမဟုတ်သည့်အတိုင်းအဆက်မပြတ်...
ခုန်လာလျက်။

Sakura ပွင့်ဖက်လေးအတိုင်း...ပန်းရောင်
သန်းနေသည့်အသားအရေ၊sakuraပန်းနရံ့
သင်းပျံ့နေသည့်သူ၏ခန္ဓာကိုယ်လေးများ
သည်...ကိုယ့်အား ချစ်ဝဲဂယက်ထဲသို့
ဆွဲခေါ်နေသည့်အလား။

ပန်းရောင်သန်းနေသည့်လည်တိုင်လေးထံတွင်
မှည့်နက်လေးသည်...ထင်ရှားစွာမင်းမူနေ
သောကြောင့်...ထိုမှည့်နက်လေးအား...
ကိုယ်နှာတံချွန်ချွန်လေးဖြင့်...နမ်းရှိုတ်
မည်အပြု...

"ခွပ်!!!!!...ခွေးမသား!!!!...
မင်းရူးနေတာလား"

Skuraသည်ရုပ်လေးကလှသလောက်
သူ၏လက်သီးသည်...ပြင်းလှသောကြောင့်
ကိုယ့်မျက်နှာတစ်ချက်လည်သွားကာ...
နှာတံဝတွင်...သွေးများကျဆင်းလာလျက်။
ကျဆင်းလာသောသွေးများကို...
အကြောစိမ်းများထင်းနေသည့်...လက်ခုံ
ဖြင့်ပွတ်သပ်ကာ...လှောင်သောအပြုံးအား
ပြုံးလိုက်မိသည်။

"အဟင်း!!!...skuraလေးကသိပ်စွာတာပဲ...
ကိုယ့်ကိုသွေးထက်သံယိုဖြစ်အောင်လုပ်တာ
ဒီတစ်ကြိမ်နဲ့ဆို...နှစ်ကြိမ်မြောက်ရှိပြီနော်။
မင်းသိအောင်...ကိုယ်ပြောပြထားမယ်...
ကိုယ်က ကိုယ့်အသားကိုထိတဲ့သူမှန်သမျှ...
ကိုယ်ခံရတာထက် နှစ်ဆပြန်ပြီးလုပ်လိုက်ရမှ
ကျေနပ်တဲ့လူမျိူးဆိုတာ"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now