☯Chapter(6)☯

2.8K 114 1
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(6)♠

"ကိုကို!!!"

သားကြီး၏သြရှရှအသံကြောင့်...
ပတ်ဝန်းကျင်အား...အကဲခတ်လိုက်သည့်အခါမည်သူမျှမတွေ့ရပေ။

"သား...ဘယ်သူ့ကို *ကိုကို*ခေါ်နေတာလဲ"

ပါးပါးသည်ကိုယ့်အား...သံသယမျက်ဝန်း
များနှင့်ကြည့်လာသောကြောင့်...ပါးပါး၏
မျက်ဝန်းများကိုသွေဖယ်ကာ...လက်ဖက်ရည်
ခွက်အား...ကိုယ်၏နှုတ်ခမ်းထံသို့တေ့
လိုက်ပြီး...လည်ဇလုတ်များလှုပ်ရှားသည်
အထိသောက်လိုက်သည်။

"မနေ့ညက...ကြည့်တဲ့ဇာတ်ကားကို
သတိရသွားလို့ပါ...ပါးပါး။အဲ့ဇာတ်ကား
ထဲမှာ...မင်းသမီးက မင်းသားကို
*ကိုကို*လို့ခေါ်တာ...အဲ့ဇာတ်ကား​ကြောင်း
တွေးမိပြီး...*ကိုကို*လို့ထွက်မိသွားတာ"

"မင်းတောင်...မကြည့်စဖူး အချစ်ဇာတ်လမ်း
တွေကြည့်နေပါလား...သျှား အဂ္ဂ မာန်"

ဒယ်ဒီကပါ...ကိုယ့်အား...ခနဲ့သည့်စကား
များပြောဆိုလာသောကြောင့်...တစ်ချက်
ပြုံးလိုက်ကာ...

"သားလည်း...အရွယ်ရောက်နေတဲ့
ယောကျာ်းတစ်ယောက်ပါ ဒယ်ဒီ...
အချစ်ဇာတ်လမ်းကြားမှာတစ်ခါတစ်ရံ
နစ်မျောချင်မိတာ...အပြစ်များဖြစ်သွားလား"

"မင်းကို ဒယ်ဒီက အပြစ်တင်နေပုံ
ပေါက်နေလို့လား...ဘာ့ကြောင့် မင်းစိတ်တွေ
ဒီနေ့မှဆက်နေရတာလည်း"

"မောင်!!!!...တော်တော့...မောင်တို့သားအဖ
နှစ်ယောက်က စိတ်ဆက်လွန်းအားကြီးတယ်။
သားကြီး...မင်းကလည်းဘာ့ကြောင့်...
မင်းဒယ်ဒီကို ပြန်ပြောနေရတာလည်း...
အခုချက်ချင်း... မင်းဒယ်ဒီကို
တောင်းပန်လိုက်"

"တောင်း ပန်ပါတယ်...ဒယ်ဒီ"

"မင်းကို ဒယ်ဒီ အချစ်ဇာတ်လမ်းတွေ
မကြည့်နဲ့လို့မတားမြစ်ဘူး...ဒါပေမဲ့...
တစ်ခါတစ်ရံအချစ်ဇာတ်လမ်းထဲကလို...
ရူးမိုက်တဲ့အချစ်နဲ့မချစ်မိစေဖို့...ဒယ်ဒီက
တော့တားရမှာပဲ...သျှားအဂ္ဂ မာန်!!!...
ဒယ်ဒီပြောတာကို မင်းသဘောပေါက်မှာပါ"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now