☯Chapter (13)☯

2.4K 94 7
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(13)♠

sakura ၏သေးသွယ်သောလက်သွယ်များသည်ကိုယ့်ခါးထက်သို့ကျစ်လစ်အောင်တွယ်ဖက်ထားသောကြောင့်...ခါးမှဒဏ်ရာသည်တဆစ်ဆစ်နာကျင်နေသော်လည်းနာကျင်မှုအားလျစ်လျူရှူူကာ...
sakuraအားကျောခိုင်းရာမှ..သူလေးနှင့်
မျက်နှာချင်းဆိုင် ဖြစ်ရန်လှည့်လိုက်၏။

"ကိုကို...ဘာလိုချင်လို့လဲ ကိုယ့်ကိုပြောလေ
မင်းလို ချင်တာ မှန်သမျှကိုယ့်ဘက်က
ဖြည့်ဆည်းဖို့အသင့်ပဲနော်"

မီးတောက်ကဲ့သို့ပူကျစ်နေသည့်...
သူ့မေးဖျားလေးကို...ကိုယ်၏သွယ်လျပြီး
ရှည်လျားသည့်...လက်ညိုးဖြင့်...မတင်
လိုက်ကာ...ကိုယ်၏ပယင်းရောင်နှင့်
ကျောက်စိမ်းရောင် ရောထားသည့်
မျက်၀န်းများနှင့်ဆုံစေလိုက်ရင်း...
သူ၏ဆန္ဒအားညစ်ကျယ်ကျယ်အပြုံး
တစ်ပွင့်တို့ဖြင့်မေးမြန်းလိုက်သည်။

"မသိဘူး...ငါ့စိတ်ထဲကဘာလိုချင်လို့
လိုနေမှန်းမသိဘူး...ဒါပေမဲ့...
ငါ့ရဲ့တစ်နေရာကအရမ်းအောင့်တယ်
*သျှားအဂ္ဂမာန်*"

နဖူးပြေပြေလေးပေါ်တွင်ချွေးစေးလေးများ
ထွက်နေသောsakuraပုံစံလေးမှာ...ကိုယ့်စိတ်အားလာဆွနေသည့်ပုံစံလေးဖြစ်သောကြောင့်
အခုချက်ချင်းထကြမ်းချင်သည့်စိတ်များကို
မနည်းချိုးနှိမ်ရထား၏။ဆန္ဒများကိုချိုးနှိမ်
ကာsakuraနား နားလေးသို့ကိုယ်၏
ကြက်သွေးရောင် နှုတ်ခမ်းပါးတို့အား...
ထိကပ်ကာ

"ဟုတ်လား ကိုကို...​ဘယ်နေရာက
အောင့်တာလဲ...ကိုယ့်ကိုပွင့်ပွင့်လင်းလင်း
ပြောလို့ရတယ်...ကဲ ပြောကြည့်
ဘယ်နေရာကအောင့်နေတာလဲ"

"အ့!!!...ငါ့နားကိုမထိနဲ့ *သျှား* မင်းငါ့နားကို
ထိလေ ငါ့ရဲ့တစ်နေရာကပိုအောင့်လေပဲ"

sakuraပုံစံလေးသည်တကယ့်ကူရာမဲ့ပုံစံ
လေးဖြစ်နေသောကြောင့်...ရေမကူးတက်
သည့်...ယုန်သူငယ်ပုံစံလေးနှင့်တူလှသည်။
သူ့ပုံစံလေးမှာအသည်းယားပြီးအရမ်း
ချစ်ဖို့ကောင်းနေသောကြောင့်ဆက်၍စ
နောက်ချင်လာမိသည်။ထို့ကြောင့် သူလေး
sensestiveဖြစ်သည့်နားရွက်နားသို့
ကိုယ်၏ကြက်သွေးရောင်နှုတ်ခမ်းဖြင့်...
တစ်ဖန်ထပ်ကပ်လိုက်သည်။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now