☯Chapter(14)☯

2.1K 90 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(14)♠

ဒယ်ဒီ၏ပယင်းရောင်မျက်၀န်းများအား...
က်ိုယ်၏ပယင်းရောင်နှင့်ကျောက်စိမ်းရောင်
ရောယှက်ထားသည့်မျက်၀န်းများဖြင့်...
စိုက်ကြည့်ရင်း...ဒယ်ဒီအားပြန်လည်
ဟစ်ကြွေးလိုက်သည့်အခါ...ဒယ်ဒီသည်
ကိုယ့်အား သိုင်းဖက်လာသောကြောင့်
က်ိုယ့်မှာကျောက်ရုပ်တစ်ရုပ်ကဲ့သို့...
ခန္ဓာကိုယ်အားမတ်လိုက်မိ၏။

"ဒယ်ဒီ မင်းအတွက်ဂုဏ်ယူတယ်သား
baby ဒီလောကမှာ မင်းလေးထက်ကြမ်းတဲ့
လူသားတစ်ယောက်ပေါ်လာပြီလို့
မောင် ထင်တယ်"

ဒယ်ဒီသည်ကိုယ့်အားသိုင်းဖက်ရင်း...
ပါးပါး အား...လှမ်းပြောနေသောကြောင့်
ပါးပါးသည်...မြက်ခင်းပြင်ပေါ်တွင်
ကျနေသည့်သေနတ်အား...သူ၏
ခြေတံရှည်ဖြင့်...တေ့ကာလေပေါ်မြှောက်
လိုက်ပြီး...ပါးပါး၏လက်သွယ်သွယ်
များဖြင့်...လေပေါ်ဝဲနေသည့်...
သေနတ်အားဖမ်းယူရင်း...

"အဟက်...*Criminal*ဆိုတဲ့ကျူပ်ကို
ဘယ်ကောင်မှ မယှဥ်နိုင်ဘူးလို့ထင်ထားတာ။
ယှဥ်မဲ့ယှဥ် တော့ ကိုယ့်သားဖြစ်မယ်လို့
မထင်ထားခဲ့ဘူး"

ပါးပါးပြောစကားကြောင့်...ပြုံးယောင်သန်း
လိုက်ပြီး...ပါးပါးဘက်သို့လှည့်ကာ

"ပါးပါး ကပဲ ကျွန်တော်တို့လမ်းလျှောက်
တက်ကာစအချိန်ကစပြီး သေနတ်ကိုင်
လေ့ကျင့်ပေးခဲ့တာ။သားမှတ်မိသေးတယ်...
သားရေကူးကန်ထဲမှာရေနစ်နေတုန်းက...
​ပါးပါးရှိနေပေမဲ့...ပါးပါး သားကိုဆင်းမကယ်
ပေးခဲ့တဲ့အပြင်...သားအော်ဟစ်အကူအညီ
တောင်းတဲ့အသံကိုတောင်လျစ်လျူရှူူလိုက်ပြီးသားနားကတောင်ထွက်သွားခဲ့တာ။
အဲ့ချိန်ကစပြီးသားသိလိုက်တာက...
သားအသက်ကိုသားပဲကယ်နိုင်တယ်ဆိုပြီး။
ငယ်စဥ်ကတော့ ပါးပါး က ငါ့က်ို
မချစ်လို့ သေစေချင်တယ်လို့ထင်ခဲ့ပေမဲ့...
သားကြီးလာတော့ သဘောပေါက်လာတယ်။
ကြောက်လန့်ပြီး*အရပ်ကူပါလူဝိုင်း*လို့
အော်ဟစ်နေပေမဲ့...သားကိုဘယ်သူမှ
လာမကယ်ခဲ့ဘူး...အဲ့ချိန်မှာသားသိလိုက်ပြီ။
ကိုယ့်အသက်ကို ကယ်နိုင်တာ...ကိုယ်ပဲ
ရှိတာဆိုတာကိုလေ။အခု သားက
ကိုယ့်ကိုကိုယ်အသက်အန္တရာယ်ကနေ...
ကာကွယ်နိုင်ရုံတင်မက ပါးပါးကိုပါ...
ကာကွယ်နိုင်တဲ့သူဖြစ်နေတဲ့အပြင်
ပါးပါးကိုအားကျခဲ့ရတဲ့ ကျွန်တော်က...
အခုဆိုခေါင်းဆောင်တစ်ယောက်ကို
ပစ်သတ်နိုင်ခဲ့ရုံတင်မကKing ဂိုဏ်း
တစ်ဂိုဏ်းလုံးကိုဖြိုခွဲနိုင်ခဲ့တဲ့ကောင်
ဖြစ်နေပြီ။ပါးပါး သားပဲလေ
ပါးပါးရဲ့ဗီဇတွေကသားကိုယ်ထဲမှာ
အပြည့်ပဲ။သား ကိုဘယ်သူစိန်လာခေါ်ခေါ်
သား သူတို့ကိုတိုက်ဖို့၀န်မလေးဘူး။
ဘယ်သူပဲသားကိုလာယှဥ်နေပါစေ...
သားရဲ့ယှဥ်ပြိုင်ဘက်ကို အရှုံး၊နောင်တ
တွေနဲ့သားကိုဒူးထောက်နိုင်တဲ့အထိ
သားပြုလုပ်နိုင်ပေမဲ့...သားယှဥ်ပြိုင်တဲ့သူက
ပါးပါးဖြစ်နေရင်...သားကပါးပါးရှေ့မှာ...
ဒူးထောက်ပြီးအမြဲအရှုံးပေးနေမှာပါ"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now