☯Chapter (23)☯

1.9K 141 2
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(23)♠

"တီ!!! တီ!!! တီ!!!"

နှင်းဆီကုဋေ စံအိမ်တော်ရှေ့တွင်
ကားနက်ရောင်လေးတစ်စီး၏ ကားဟွန်းတီး
သံသည်ပတ်၀န်းကျင်အတွင်းသို့ပျံ့နှံ့သွားလျက်။ကားဟွန်းတီးသံကြောင့်ပတ်၀န်းကျင်
မှငှက်ငယ်လေးများသည်လန့်ဖြန့်ကာ
ထပျံပြေးသွားကြောင့် အုပ်အုပ်ကျက်ကျက်
ဖြစ်သွားသော်လည်း ကားအနက်ရောင်ထဲမှ
သျှားထွဋ်ကုဋေ ဆိုသည့်ကောင်လေးသည်
စီးကရက်ကိုင်ထားသည့် လက်သွယ်သွယ်
များဖြင့် ကားဟွန်းအားအဆက်မပြတ်
တီးနေစမြဲပင်။

"တောက်!!! ငါကစိတ်ကသိပ်ရှည်တာ
မဟုတ်ဘူး!!!! ငါ့စံအိမ်က တံခါးပါ
၀င်တိုက်မိတော့မယ်"

ဒေါသများသည်အလိုအလျောက်ထွက်
နေသောကြောင့် မြင်နေသမျှအရာအားလုံးသည် ကိုယ့်စိတ်ထဲတွင် ကိုယ့်အားကန့်လန့်
တိုက်နေသည်ဟုပဲထင်နေမ်ိ၏။ရင်ခွင်ထဲက
လူကြီးသည် နှုတ်ခမ်းလေးဟကာ
အိမ်မက်ကမ္ဘာထဲသို့ရောက်နေသောကြောင့်
ဒီကကောင်ဘာဖြစ်နေမှန်းသူသိမည်မဟုတ်။
ကိုယ်၏ရင်ခွင်သည် သူ့အတွက်လုံခြုံမှု
အပြည့်ပေးသော်လည်း ရောဂါသည်
တစ်ယောက်အတွက်တော့ က်ိုယ်၏ရင်ခွင်
သည် သက်တောင့်သက်သာ မဖြစ်န်ိုင်။
ထို့ကြောင့် သူလေးနှုတ်ခမ်းနီရဲပြီးအားပြန်
ပြည့်နိုင်ရန်အတွက် အခန်းတစ်ခန်းနှင့်
အားရှိသည့်စားစရာများလိုအပ်သည်။
မီးနီများက်ိုဖြတ်မောင်းလာခြင်းသည်
အလကားမဟုတ် စောလျှံမခ အား
ကိုယ်တိုင်ပြုစုပေးချင်သည့်အတွက်
စံအိမ်တော်ကိုလျင်မြန်သောနည်းဖြင့်
မောင်းလာခြင်းဖြစ်သည်။

စံအိမ်တော်သို့ရောက်သော်လည်း
ခြံတံခါးအားမည်သူမျှလာမဖွင့်ပေး
သောကြောင့် ကိုယ်၏ဒေါသများသည်
ပ်ို၍ပင်ထွက်လာရ၏။ကိုယ်၏ရင်ခွင်ထဲက
ငယ် သည် ပို၍ပင်ကိုယ်အပူရှိန်တက်လာပြီ
ဖြစ်သောကြောင့် က်ိုယ်၏ရင်ထဲတွင်
ဝုန်းဒိုင်းကြဲနေပြီဖြစ်သည်။

"တီ!!!! တီ!!! တီ!!!"

အနက်ရောင်နှင့်မီးခိုရောင်ရောစပ်ထားသည့်
မျက်၀န်းများက်ိုမှိတ်ကာ နှာတံလုံးလုံးမှ
လေပူများက်ို ရှူူထုတ်ကာ တက်န်ိုင်သမျှ
စိတ်အားလျှော့ချထားသော်လည်း
ကိုယ်၏စိတ်မရှည်မှုသည်ပျောက်ပျက်
မသွားသောကြောင့်  ကိုယ်၏လက်ဖဝါးကြမ်းကြီးဖြင့် ကားဟွန်းအားထပ်မံတီး
လ်ိုက်၏။ဒုတိယအကြိမ်မြောက်ကားဟွန်းတီး
သည့်တိုင်အောင် ခြံတံခါးအားလာမဖွင့်
ပေးသောကြောင့် ကိုယ်၏သည်းခံမှုlimit
သည်ဒီနေရာတွင်ကုန်ဆုံးသွားပြီဖြစ်သည်။
ထို့ကြောင့် ကားစက်နှိုးကာ မိုင်ကုန်တင်
လိုက်ပြီး ခြံတံခါးကို၀င်တိုက်မည့်ဆဲဆဲတွင်

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now