☯Final☯

3.9K 104 2
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

     ♠️ဇာတ်သိမ်းပိုင်း♠️

"ကောင်းကင်ပြာကိုဘယ်သူများ
ဆေးရောင်ခြယ်xxxပန်းတွေကို ဘယ်သူ
ရနံ့လေးမွှေးစေတယ်xxx
ငှက်တွေကိုကွယ် ဘယ်သူတွေတေးဆို
သင်တယ်xxxတွေးမရဘူးကွယ်xxx
တွေးမရဘူး မောင်ရယ်xxxအချစ်ဆိုတာ
ဘယ်ကမ္ဘာကစလေတယ် အတွေးခေါ်
ပညာရှင်များ မိန့်ဆိုတယ် တေးအလင်္ကာ
ပဋိီအချစ်ကြမ်းတွေမယ် ဖွင့်ဆိုခဲ့တာ
ကြားနာဖူးပါတယ်xxx"

ရာသီဥတု သည် ကိုယ့်ဘက်သို့ပါနေသော
ကြောင့် နှင်းဆီကုဋေ စံအိမ်တော်၏
ခြံ၀န်းထဲသို့ ဂစ်တာတစ်လက်၊စီးကရက်
တစ်ဗူးအား ဆွဲယူကာခြေလှမ်းကြဲကြီးများ
ဖြင့် လျှောက်လှမ်းလာရင်း ခြံထဲမှ
ခုံလေးပေါ်သို့ ထိုင်ကာ ကိုယ်ကြိုက်
နှစ်သက်သည့် တေးတစ်ပုဒ်အား
ဆိုညည်းနေလိုက်သည်။

သေနတ်ကိုင်တက်သောလက်ချောင်း
သွယ်သွယ်များသည် အခုချ်ိန်တွင်တော့
ဂစ်တာကြိုးများကို ညင်သာစွာကိုင်ရင်း
နူးညံ့သည့်သံစဥ်များကို တီးခတ်နေလိုက်
သောကြောင့် ကိုယ်၏ဂိုဏ်းသားများ
တွေ့လျှင် လှောင်ပြောင်နေလ်ိမ့်မည်။
ရာဇ၀တ်သားတစ်ယောက်တွင်လည်း
နူးညံ့သည့် စိတ်၊ဂီတကိုမြတ်နှိုးသည့်စိတ်
များရှိသည်။မြန်မာကားတွေရဲ့ဒိုင်ယာလော့
အတိုင်းပြောရလျှင် *လူကြမ်းမှာလည်း
အသည်းပါနဲ့*လို့ပြောရလိမ့်မည်။

ကိုယ်နှစ်သက်သည့် သီချင်းတစ်ပုဒ်အား
ဆိုညည်းပြီးသည်နှင့် ကိုယ်၏ပေါင်ပေါ်မှ
ဂီတာအား ဘေးနားသို့ချကာ စီးကရက်
တစ်လိပ်အား မီးညှီလိုက်ပြီး ကိုယ်၏
နှုတ်ခမ်းထံသို့တေ့ကာ စီးကရက်အငွေ့
များကိုလေဟာပြင်ထဲသို့ မှုတ်ထုတ်
လိုက်ရင်း မောင်နှင့်ကိုယ်၏ အတိတ်ဖြစ်
ရပ်များကို တွေးတောနေလိုက်သည်။

မောင်သည် ကိုယ့်ထက်အသက်အများကြီး
ကြီးသော်လည်း အကြီးပီသစွာဖြင့်
အငယ်ဖြစ်သည့် ကိုယ့်အား အနိုင်ကျင့်
ခြင်းမရှိခဲ့သလို အမြဲအလိုလိုက်အကြိုက်
ဆောင်ခဲ့သောသူဖြစ်သည်။မောင်နှင့်
စတင် တွေ့ဆုံခဲ့သည့်နေ့ရက်လေးကို
ကိုယ်၏ရင်ထဲတွင်မှတ်တမ်းတင်ထားသလို
ဖြစ်နေသောကြောင့် ထိုနေ့လေးကို
ဘယ်သောအခါမှမေ့ပျောက်လို့လည်း
မရနိုင်ပါ။

🎉 You've finished reading ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘) 🎉
 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now