☯Chapter(17)☯

2.4K 94 5
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(17)♠

"ကလေး တော်ပါတော့!!!
ကိုကို တောင်းပန်ပါတယ်!!!
ကလေးအခုလိုလုပ်နေတဲ့လုပ်ရပ်တွေကို
ရပ်လိုက်တော့နော်...ကလေး ကိုကိုနဲ့အတူတူ
မနက်စာသွားစားရအောင်နော်!!!
ဒီမဟုတ်တဲ့ကောင်အတွက်နဲ့...
ကိုကို တို့ရဲ့အချိန်တွေကိုဖြုန်းတီးပစ်
တော့မှာလား"

ရှိုတ်သံပါသည့် sakuraအသံလေးအား
ကြားလိုက်ရသောကြောင့်...ကိုယ်၏
စိတ်ရိုင်းများသည် ဆင်ဆိုးတစ်ကောင်အား
ချွန်းဖြင့်ပေါက်လိုက်သကဲ့လို့...ယဥ်ပါး
လာသောကြောင့်...လက်ဖဝါးကြမ်းကြီးထဲမှာရှိသည့် လေးအားမြက်ခင်းပြင်ထံသို့ပစ်ချ
လိုက်၏။

"အဲ့ခွေးကောင် အခုချက်ချင်း ငါ့ရှေ့က
ဆွဲထုတ်သွားကွာ!!!ငါ့ရှေ့မှာဒင်းကို
မြင်နေသ၍...သူ့ကိုတစ်နည်းမဟုတ်
တစ်နည်းနဲ့နာကျင်အောင်နှိပ်စက်
မိလိမ့်မယ်"

"ဟုတ်ကဲ့ သခင် ဒါပေမဲ့...
ကျွန်တော်တို့သူ့ကို
မိကျောင်းစာကျွေးလိုက်ရမလား
ဒါမှမဟုတ် တစ်ဖက်နိုင်ငံကိုရောင်းစားမဲ့
အဖွဲ့နဲ့ထည့်ပေးလိုက်ရမလားဆိုတာကို
ဝေခွဲမရဖြစ်နေတာမလို့ သခင်ကပဲ
ဆုံးဖြတ်ပေးပါ"

"တစ်ဖက်နိုင်ငံကိုရောင်းစားမဲ့အဖွဲ့နဲ့
ဒီကောင့်ကိုထည့်ပေးလိုက်
ဒီကောင်ခန္ဓာကိုယ်ရောင်းရတဲ့
ဒေါ်လာနဲ့ မင်းတို့ညီနောင်လေးဖော်...
ရှူူးဖိနပ်တစ်ယောက်တစ်ရံ၀ယ်စီးလိုက်"

"ဟုတ်ကဲ့ပါ သခင်အဂ္ဂ"

ညီနောင်လေးဖော်လက်ထဲတွင်သေလု
မျောပါးဖြစ်နေသည့်...ခွေးကောင်အား...
ကိုယ်၏ပယင်းရောင်နှင့်ကျောက်စိမ်းရောင်ရောယှက်ထားသည့်မျက်၀န်းများဖြင့်
စူးစိုက်စွာကြည့်ကာ....

"မင်းခန္ဓာကိုယ်ရောင်းရတဲ့ဒေါ်လာက
ငါ့Boydyguardတွေရဲ့ ရှူူးဖိနပ်တန်ဖိုး
လောက်တောင် အဖိုးမတန်ဘူးဆိုတာ
မင်းသိရဲ့လား။အခြောက်ဟုတ်လား...
သိပ်ရယ်ရတာပဲ...မင်းရဲ့ရှေးဘ၀တုန်းက
အခြောက်ကမင်းဖင်ချခဲ့လို့ အခြောက်တွေကို
အဲ့လောက်ရွံနေရတာလား...ကျစ်!!!
စကားအဖြစ်သာပြောရတာ...
​မင်းလိုစိတ်ဓာတ်မျိုးနဲ့ရှေးဘ၀မှာ
လူဖြစ်မဲ့ကုသိုလ်ကံလည်းပါမဲ့ကောင်
မဟုတ်ပါဘူး...အခြောက်တွေကိုကဲ့ရဲ့မယ်
ဆိုရင်...အခြောက်တွေလိုပိုက်ဆံရှာနိုင်
အောင်အရင်ကြိုးစားလိုက် ငါ့ကောင်...
မင်းအခြောက်လို့ခေါ်တဲ့ ငါက
တစ်မိနစ်အတွင်းဒေါ်လာ၁၀၀ ရအောင်
ရှာနိုင်တဲ့ကောင်...မင်းလိုမျိုးနှာခေါင်းပေါက်
မိုတယ်စီးပွားရေးရှင်လောက်နဲ့တက်မလာနဲ့
တောက်ချပလိုက်မယ်ကိုယ့်လူ။
မင်းရဲ့ရွံရှာစရာကောင်းတဲ့...လက်တွေနဲ့
ငါ့ရဲ့ပန်းလှလှလေးကိုထိရက်တဲ့ မင်းသတ္တိက
မခေ ဘူးပဲ။ဘယ်လိုလဲ အခုငါ့ပန်းလှလှ
လေးကို ထိပါအုံးလား...ထိလိုက်လေ...
မထိရဲတော့ဘူးလား"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now