☯Chapter (19)☯

2K 108 5
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(19)♠

"ဝူးးးးး"
(ခရုသင်းမှုတ်သည့်အသံ)

ဂိုဏ်းသားတစ်ယောက်မှခရုသင်းမှုတ်လ်ိုက်
သောကြောင့်ကိုယ်ချစ်ရသောသူလေး
Sakuraလေးသည်လန့်ဖြန့်သွားသည်မှာ
အူယားဖွယ်အတိ။သို့သော်သူလေးအား
တစ်နည်းမဟုတ်တစ်နည်းရန်စရမှ
ကျေနပ်သောကိုယ့်စိတ်ကြောင့်...
ပုစွန်သားထိုးထားသည့်ခက်ရင်းအား
ကိုယ်၏နှုတ်ခမ်းထံသို့တေ့ရင်း

"မလန့်ပါနဲ့...ကိုယ်တို့ဂိုဏ်းသားတွေ
အချိန်သိအောင် ခရုသင်းမှုတ်လိုက်တာ
မင်းယောကျာ်းမဟုတ်ဘူးလား
စောရန်မခ!!! အရာရာတိုင်းကို
ကြောက်ရွံနေတာပဲ!!!"

"မင်း ဘာစကားပြောတာလဲဟေ့ကောင်!!!
ကျစ်!!! မင်းလိုကောင်မျိုးက
ခွေးမြှီးကောက် ကျည်တောက်စွပ်
သလိုမျိုးပဲ...မင်းလိမ္မာလည်းခဏပဲ
မင်းကငါသိတဲ့ဂျစ်ကန်ကန်လူ့ဂွစာ
သျှားအဂ္ဂမာန် ဆိုတာ ငါမေ့သွားတာ
မင်းပါးစပ်ကနောက်တစ်ခါ
ငါ့ကိုယောကျာ်းမဟုတ်ဘူးလား
ဆိုတဲ့မေးခွန်းမျိုးမေးရဲရင်မေးကြည့်"

Sakura၏နီရဲသောနှုတ်ခမ်းဖျားမှ
ထွက်လာသောစကားလုံးတစ်လုံးချင်းစီကို
ချစ်မြတ်နှိုးသော်လည်းဒေါသအိုးလေး၏
စိတ်ကိုနှိုးဆွချင်သောကြောင့်...ပုစွန်သား
အားတည်ငြိမ်စွာစားသောက်ရင်း...

"မင်းယောကျာ်းမဟုတ်ဘူးလား
စောရန်မခ!!!!"

"ဒုတ်!!!!"

ကိုယ်၏ထပ်မံမေးလိုက်သောအမေးစကား
ကြောင့်ဒေါသအိုးလေး၏သည်းခံနိုင်သည့်
limitသည်ကုန်ဆုံးသွားပုံရသည်။
အဘယ့်ကြောင့်ဆိုသော်...sakura၏
လက်သွယ်သွယ်ဖြင့်ပစ်ပေါက်လိုက်
သော အသားလှီးသည့်ဓားလေးသည်...
ကိုယ့်ဦးခေါင်းထက်အားကပ်သီးလေး
ကျော်လွန်ကာ...ကိုယ့်နောက်မှာရှိသော
သင်္ဘောနံရံသို့စိုက်သွားသောကြောင့်ပင်။

"မင်းကကိုယ့်ရဲ့ယောကျာ်းလို့
မပြောရဘူး...ကိုယ့်လိုပဲစိတ်မြန်လက်မြန်
ရှိတာပဲ။အသွင်တူလို့အိမ်သူ ဖြစ်တာ ဆိုတဲ့
စကားပုံကသိပ်မှန်တာကို ကိုယ်ယုံသွားပြီ
ဆိုတာမင်းသိလား စောရန်မခ"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now