☯Chapter (28)☯

1.5K 77 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(28)♠

ငယ့်အားရေချိုးပေးရန်ဂျစ်တိုက်နေစဥ်
အဘိုးကြီးပေါက်စ၀င်စားလာသည့်
စောလျှံမခသည် ထုံးစံအတိုင်းဆုံးမသြဝါဒ
စကားများဖြင့်တားမြစ်နေသောကြောင့်
မရမကဒင်းအား ကိုယ်၏ရေချိုးခန်းထဲသို့
ဆွဲခေါ်သွားလိုက်၏။အရိပ်အကဲနားလည်
သည့်စောလျှံမခသည်ကိုယ့်အလစ်တွင်
ရေချိုးခန်းထဲမှထွက်ပြေးကာ ကိုယ်၏
ပါးပါးအားအော်ဟစ်ကာအကူအညီတောင်း
နေသောကြောင့် ခြေလှမ်းကြဲကြီးများဖြင့်
သူလေးနားသို့သွားကာ

"ငယ်!!! ကျူပ်ကိုဘယ်နည်းနဲ့လာမတားနဲ့
ကျူပ်ကိုခင်ဗျားရေချိုးပေးရမယ်!!!
ပါးပါးတွေ ပက်ပက်တွေလုပ်ပြီးသွားတိုင်
မနေနဲ့!!!ဒီအချိန်ဆို ဒယ်ဒီကသူ့ရဲ့babyကို
ဘယ်သောအခါမှ အခန်းအပြင်ကနေ
ပေးထွက်မှာမဟုတ်ဘူး!!!"

ကိုယ့်စကားဆုံးသည့်အခါ စောလျှံမခသည်
မျက်ခုံးတန်းများတွန့်ကျိုးကာ ကိုယ့်အား
သူ၏မျက်၀န်းကြည်ကြည်များဖြင့်
စိုက်ကြည့်ရင်း

"မင်းတော်တော်ဆိုးနေပါ့လားကောင်လေး
မင်းမှာနားမပါဘူးလား ကိုယ်ဒီလောက်
​အာပေါက်မတက်ပြောနေတာကိုကွာ
မင်းဗိုက်မှာဒဏ်ရာကြီးနဲ့ရေထိလို့မရဘူး!!!
ကျစ်!!!ဒါပဲအခုခေတ်လူငယ်တွေပြောရ
ဆိုရလက်ပေါက်ကပ်တယ်!!!"

"အဲ့တာတွေ ကျူပ်နားမလည်ဘူးဗျာ!!!
အခုကျူပ်သိတာကျူပ်ကိုခင်ဗျားရေချိုး
ပေးရမယ်ဆိုတဲ့Caseပဲသိတယ်!!!တံခါး
လော့ချထားတာမလို့ ဘယ်ကိုမှထွက်သွား
လို့ရတော့မဟုတ်ဘူး ခင်ဗျားဘာသာ
ထိုင်ပဲနေနေ အိပ်ပဲနေနေ ဂျွမ်းထိုးပြီးနေနေ
ကြိုက်သလိုနေ ကျူပ်အစ်ကိုနဲ့ဖုန်းပြော
အုံးမှာမလို့ စောင့်နေ ဒါကျူပ်အမိန့်ပဲ"

"သျှားထွဋ်ကုဋေ!!!!"

"ဟုတ်ကဲ့ စောလျှံမခသတို့သားလောင်း
သျှားထွဋ်ကုဋေရှိပါတယ်ဗျ!!!စောလျှံမခ
သတို့သားလောင်း ဖြစ်တဲ့သျှားထွဋ်ကုဋေ
မအားသေးလ်ို့ နောက်မှာလာရစ်ကွာ
ဟုတ်ပြီလား!!!"

သိပ်မုန်းဖို့ကောင်းသည့်ကောင်သည်
ကိုယ့်အား မျက်စိတစ်ဖက်မှိတ်ပြကာ
အင်္ကျီချွတ်ဖြင့် လသာဆောင်ဖက်သို့
လျှောက်လှမ်းသွားသောကြောင့်
ကိုယ်တစ်ယောက်တည်းဒေါသများဖြင့်
ကျန်ရစ်နေခဲ့ရ၏။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now