☯Chapter (15)☯

2.3K 97 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(15)♠

"ဘယ်လိုလဲ အရသာရှိရဲ့လား sakura
အခုချက်ချင်း ဒီကိတ်မုန့်တစ်ဗူးလုံး
မင်းကုန်အောင်စား မစားဘူးဆိုရင်...
မင်းကို ဒီလိုနည်းလမ်းနဲ့ ကိုယ်ကိုတိုင်
ခွံကျွေးမယ်"

သူလေးအား...ဒီလိုကြမ်းတမ်းမှဖြစ်မည်။
ဒါတောင်ဒင်းလေးသည်ကိုယ့်အား...
အကြည့်နှင့်စစ်ခင်းနေသောကြောင့်...
ပဲနို့ကဒ်ထဲမှ ပဲနို့ဗူးအား...ကိုယ်၏
လက်သွယ်သွယ်များဖြင့်...ဆွဲထုတ်သည့်
ဟန်ပြုလုပ်မှသာ...ကိုယ့်အားမျက်စောင်း
ထိုးကာ...ကိတ်မုန့်ဗူးအားယူရင်း...၀ရံတာ
သို့ထွက်သွားလျက်။

သူလေးထွက်သွားမှ...နှုတ်ခမ်းထောင့်စွန်း
များတွန့်ကျိုးသည်အထိပြုံးယောင်သမ်း
လိုက်မိသည်။အနမ်းစစ်ပွဲဆင်နွှဲနေစဥ်က
နာကျင်ဟန်မပြသည့်ဒဏ်ရာများသည်...
sakuraအနမ်းနှင့်ဝေးကွာ သွားသည်နှင့်
နာကျင်လာ၏။

ခါးစောင်းမှသေနတ်ဒဏ်ရာ၊ဘယ်ဘက်
နဖူးထောင့်မှဒဏ်ရာ ဒီဒဏ်ရာနှစ်ခုစလုံး
သူလေးလက်ချက်များကြောင့်ရသော
ဒဏ်ရာများဖြစ်သည်။နဖူးမှဒဏ်ရာသည်
သွေးများပြင်းထန်စွာကျဆင်းလာကြောင့်...
Dry tissueဗူးအားပလတ်စတစ်အိတ်ထဲမှ
ထုတ်ကာ...Dry tissueဗူးထဲမှ tissueစအား
ဆွဲထုတ်လိုက်သည်။

Dry tissueရသည့်အခါ...ဘယ်ဘက်လက်
ဖြင့်သွေးများထွက်နေသည့်...နဖူးဒဏ်ရာ
အားဖိကပ်ထားကာ...သွေးစက်များကို...
တိတ်စေလိုက်သည်။ခါးမှသေနတ်ဒဏ်ရာ
မှလည်းအနည်းငယ်ကိုက်လာသောကြောင့်
မွေ့ယာထက်သို့နှေးကွေးသောခြေလှမ်း
များဖြင့်တစ်လှမ်းခြင်းလှမ်းလာလိုက်သည်။

မွေ့ယာနားသို့ရောက်သည်နှင့်မွေ့ယာထက်သို့
နဖူးဒဏ်ရာအား...Dry tissueဖြင့်ဖိရင်း
လဲချလိုက်မိသည်။ပယင်းရောင်နှင့်
ကျောက်စိမ်းရောင် ရောယှက်ထားသည့်
မျက်၀န်းများကိုမှိတ်ချလိုက်ကာ...ခတ္တ
အနားယူလိုက်မိသည်။

အရာရာတိုင်းကိုကြောက်သည့်စိတ်မရှိ
သောကိုယ်သည်...sakuraကိုယ့်နားမှာမရှိ
သည်ကိုကြောက်မိသည်။ကိုယ့်အသားကို
ထိလျှင်ကိုယ်ခံစားသည်ထက်၂ဆပြန်
လက်စားချေတက်သော*သျှားအဂ္ဂမာန်*
ဆိုသောသူအား...Sakuraသည်...
သွေးထက်သံယိုဖြစ်အောင်...
လုပ်သည်မှာသုံးကြိမ်ရှိပြီဖြစ်၏။
သို့သော်သူလေးအားပြန်လည်လက်စားချေ
ချင်သည့်စိတ်အားမရှိသလို...သူသတ်မည်
ဆိုရင်တောင်...ရင်ဘတ်ထဲကနှလုံးသား
တစ်စုံအားထုတ်ပေးဝံ့သောသူဖြစ်လာ၏။
ကိုယ့်အသက်နှင့်ကိုယ့်မိသားစုအသက်မှ
လွဲ၍မည်သူ့အသက်ကိုမျှမကာကွယ်ပေး
သည်မှာ*သျှားအဂ္ဂမာန်*typeပင်။
တစ်နေ့တွင်...ကိုယ့်ဘ၀ထံသို့Sakura
ပန်းလေး၀င်ရောက်လာသည့်အချိန်မှစ၍
ထိုပန်းပွင့်လေးကိုကိုယ်မှလွဲ၍မထိပါး
နိုင်အောင်ကာကွယ်ပေးချင်လာမိသည်။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now