☯Chapter2☯

4.6K 188 1
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(2)♠

"ဒယ်ဒီ!!!"

ကားဘော်ဒီထက်တွင်...ခပ်လျော့လျော့
မှီကာ...စီးကရက်သောက်နေစဥ်...
သားငယ်၏...အသံကြားလိုက်သော
ကြောင့်စီးကရက်အားလျင်မြန်စွာမီးငြိမ်းရင်း
သားငယ်အားပွေ့ဖက်ကာဆီးကြိုလိုက်၏။

"ဒယ့်ဒီသားလေး...ဘာတွေလျှောက်လုပ်
နေတာလဲကွာ...ဒယ်ဒီ သားကိုနိုင်ငံခြား
ပညာတော်သင်လွှတ်လိုက်တာက...
ဒီလိုမျိုး မြင်ချင်လို့မဟုတ်ဘူးနော်သား"

"ဒယ်ဒီကလည်း...သားကအခုဆို...
ပညာလည်းစုံပြီး...ဘွဲ့လွန်လည်းပြီးပြီလေ...
ဒါ့ကြောင့်မြန်မာပြည်ကိုပြန်ရတော့မှာ။
မြန်မာပြည်ကိုမပြန်ခင်လေး...ကာစီနိုမှာနှုတ်ဆက်ပွဲလေးကျင်းပလိုက်တာကွာအနည်းဆုံးသားလက်ထဲမှာဒေါ်လာ၁၀၀ ရသွားတယ်လေ...နည်းတဲ့စကေးလား"

သူမည်ကဲ့သို့ပိုက်ဆံရှာနိုင်ကြောင်းကို...
အားရပါးရပြောပြနေသည့်...သားငယ်
အားကြည့်ရင်းဖြင့်...ကိုယ့်ရဲ့babyအား
သွား၍ပင်သတိရမိ၏။သားငယ်ထံတွင်
Baby၏အမူအကျင့်များအပြည့်ပေ။
သူလုပ်ချင်ရာလုပ်တက်သည့်ဇသည်
သူ့ပါးပါးနဲ့တထေရာတည်းပေ။
မီးခိုရောင်နှင့်အနက်ရောင်ရောစပ်ထားသည့်
မျက်ဝန်းများသည်...စူးရှကာထက်မြက်
နေသလို...နူးညံ့လှသောလက်များသည်...
အမြဲလိုလိုလူသတ်နေမှကျေနပ်နေသည်မျိုး။
Babyလို နှာတံလုံးလုံးလေးနှင့်ကိုယ်၏
သားငယ်လေးသည်...လွန်စွာမှချစ်ဖွယ်ကောင်းလှ၏။ဆေးအကူမလိုပဲ...နီရဲနေသော
နှုတ်ခမ်းတစ်စုံအား...babyသည်သူ့သားငယ်
လေးအားအမွေပေး ထားသောကြောင့်...
နီရဲပြီးလှပသောနှုတ်ခမ်းတစ်စုံသည်...
မြင်သူတိုင်းနမ်းချင်ဖွယ်အတိ။

"ဟုတ်ပါပြီ ကွာ...ဘယ်လိုလဲ
ဒေါ်လာ၁၀၀ ရအောင်ရှာနိုင်တဲ့feelingလေး
ဒယ်ဒီကိုဝေမျှပါအုံး"

"အာ...ဘယ် လိုပြောရမလဲဒယ်ဒီရာ
သိတယ်မလား...အခုကျွန်တော်ဖြစ်နေတဲ့
Feelingလေးဟာဆိုရင်ဖြင့်...ရင်ခုန်တာ
လိုလို၊ပျော်တာလိုလို၊ကြောက်တာလိိုလို
အဲ့ခံစားချက်တွေရောထွေးနေတာဗျာ"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now