☯Chapter(4)☯

3.2K 145 2
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(4)♠

"သျှားထွဋ်ကုဋေ!!!"

"ဟီးးး... ဟီးးး...ဒယ်ဒီ

"ဦးနွံ!!...ဦးနွံ!!!...ခင်ဗျားဘယ်မှာလဲ...
အခုချက်ချင်းကျွန်တော့်စီလာခဲ့"

"ဟုတ်ကဲ့..သခင်ကြီး..လာပါပြီ"

ဒယ်ဒီသည်...မျက်​မှောင်ကျုံ့ကာ
ကိုယ့်အားစိုက်ကြည့်နေပြီး..ဦးနွံအား
လှမ်းခေါ်နေ၏။သာမာန်အချိန်များတွင်
ကိုယ့်အား...ချစ်မျက်ဝန်းများနှင့်
ကြည့်တက်သောဒယ်ဒီသည်...ဒီအချိန်
တွင်တော့...ဒေါသမျက်ဝန်းများဖြင့်
စိုက်ကြည့်နေသောကြောင့်...လွန်စွာ
ကြောက်ရွံလာမိသည်။

"လာပါပြီ..သခင်ကြီး...ဘာများဖြစ်လို့ပါလဲ"

"သူ့ကို...ကျွန်​တော့်အခန်းနားမလာဖို့
ဦးနွံမပြောထားဘူးလား"

"ပြောထားပါတယ်သခင်ကြီး...ဒါပေမဲ့"

"တော်ပြီ...ဆက်မပြောနဲ့တော့...ဦးနွံ
သျှားထွဋ်ကုဋေ...ဒယ်ဒီမင်းကိုအလိုလိုက်တာ
ထားလို့...မင်းက အကန့်တက်တာလား ဟမ်
မင်းပါးပါး ​နေမကောင်းဖြစ်နေတာကို
မင်းမသိဘူးလား"

"သိ...သိပါတယ်..ဒါပေမဲ့...သားက
ပါးပါးအခြေအနေသိချင်တာနဲ့...မနေနိုင်လို့
လာကြည့်မိတာပါ...အဲ့တာမတော်တဆ
ကျွန်တော် သောက်တဲ့အချိုရည်ပုလင်း
ကျကွဲသွားတာပါ"

"ညီ!!!!..."

"အစ်ကို!!!...ညီ ကို ကယ်ပါအုံး"

အစ်ကိုသည်...ကိုယ့်နားသို့ခြေလှမ်းကြဲကြီး
များဖြင့်လျှောက်လှမ်းလာသောကြောင့်
လျင်မြန်စွာအစ်ကို့နားသို့သွားကာ...
အစ်ကိုနောက်သို့ဝင်ပုန်းလိုက်မိသည်။

"ဒယ်ဒီ...ညီ့ ကို ကျွန်တော်ဆုံးမလိုက်
မှာမလို့...ဒယ်ဒီက ပါးပါးကိုသာ
ဂရုစိုက်လိုက်ပါ"

"မင်းတို့ကိုငါ့အသက်ထက်ချစ်ပေမဲ့...
မင်းတို့ပါးပါးထက်တော့...ဒယ်ဒီမချစ်
နိုင်ဘူးဆိုတာ...မင်းတို့သိထားလိုက်...
ငါမခေါ်မချင်း... မင်းတို့ညီအစ်ကို
တွေ ငါ့အခန်းနားလာဖို့မကြိုးစားနဲ့။
အထူးသဖြင့်...သားငယ်...မင်းပါးပါး
နားလာချင်ရင်...မနက်ကျမှလာခဲ့။
အခုမင်းပါးပါးအနားယူချိန်မလို့
မင်းကိုဒယ်ဒီ...အပြစ်မပေးချင်ဘူး"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now