☯Chapter (29)☯

1.5K 77 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(29)♠

ဖြူဖွေးနေသောtissueစများပေါ်တွင် သွေးစက်များတွေ့လိုက်ရသောကြောင့် ကိုယ်၏
ရင်ထဲတွင်ထိတ်ကနဲဖြစ်သွားသည့်အပြင်
ကိုယ်၏ ရင်ခွင်ထဲမှာမှေးနေသောbabyအား
ရီဝေနေသောပယင်းရောင်မျက်၀န်းများဖြင့်
စိုက်ကြည့်လိုက်မိသည်။

Babyထံတွင်အဆုတ်အအေးပတ်တက်သည့်
အကျင့်ရှိသောအကြောင့် ဆောင်းဒဏ်နှင့်
မိုးဒဏ်အားbabyခံနိုင်ရည်မရှိပါ။မိုးအေး
သည့်နေ့နှင့်ဆောင်းတွင်းရောက်သည့်ည
များတွင်အပြင်ထွက်မိပါက ချောင်းတွေ
ဆက်တိုက်ဆိုးလာသည့်အပြင်တစ်ခါတစ်ရံ
တလေကျရင်သွေးစက်တွေများပါ ပါလာ
တက်၏။အခုTissueပေါ်တွင်ရှိသည့်
သွေးစများသည် babyကိုယ်မသိအောင်
အပြင်ထွက်သွားသည်ဟူသောသက်သေ
ပင်ဖြစ်သောကြောင့် ထူးကဲနေသောမျက်ခုံး
တုံးများတွန့်ကျိုးလိုက်မိလျက်။

"Baby!!!မောင့်ကိုကြည့်စမ်း"

ကိုယ့်စကားသံကြားသည့်အခါBabyသည်
သူ၏မျက်၀န်းနက်နက်လေးများအားဖွင့်ကာ
ကိုယ့်အားစိုက်ကြည့်လာလျက်။

"မောင့်ကို ဘာ့ကြောင့်လိမ်ရတာလဲ!!!"

"ဘာလဲကွာ မောင်!!! ဗလိုင်းကြီး babyကို
ပြဿနာရှာနေပါ့လား စောက်ရမ်းရစ်တာပဲ
babyကမောင်ကို ဘာလို့လိမ်ရမှာလဲ"

Babyသည်သူစိတ်ဆိုးသွားသည့်အကြောင်း
ကိုဖော်ပြသည့်အနေဖြင့် ကိုယ်၏ရင်ခွင်ထဲမှ
ရုန်းထွက်ကာ မွေ့ယာထက်မှဆင်းရင်း
ကိုယ့်အား ဘာလို့ရစ်နေမှန်း မေးခွန်း
ထုတ်လာလျက်။

"Baby!!!အခု မောင့်ကိုမေးခွန်းပြန်မေးမနေနဲ့
မင်း မောင့်ကိုလိမ်တဲ့ကိစ္စမင်းကိုယ်တိုင်
သိလိမ့်မယ်"

"...."

ကိုယ်ပြောသည့်စကားအားBabyသည်
လျစ်လျူရှူူထားသည့်အပြင်မှန်စားပွဲ
ပေါ်မှာရှိသည့်ရေကရားထဲမှရေအား
ဖန်ခွက်ရှည်ရှည်ထဲသို့ထည့်ကာ
အေးဆေးစွာသောက်နေသောကြောင့်
က်ိုယ်၏ဒေါသများသည်အကန့်အသတ်
ကျော်သွားပြီဖြစ်သည်။ကိုယ့်ဘက်ကအင်မတန်မှဒေါသထွက်နေ
သောကြောင့် မွေ့ယာပေါ်မှဆင်းကာ
ခြေလှမ်းကြဲကြီးများဖြင့် babyနားသို့
လျှောက်လှမ်းရင်း သူ့နားသို့ရောက်သည်နှင့်
သေးသွယ်လှသောလက်မောင်းအားကိုယ်၏
သန်မာပြီးအကြောစိမ်းများပေါ်လွင်နေသည့်
လက်ဖြင့်ဆုပ်ကိုင်ကာ ခနဲ့သည့်စကားများ
ဖြင့်ထိုးစစ်ဆင်လိုက်၏။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now