☯Chaptet(32)☯

1.4K 79 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(32)♠

"အုန်းသီးအရင်ထည့်ရမှာလား
ငှက်ပျောသီးအရင်ထည့်ရမှာလား
Bro!!!"

ငှက်ပျောသီးများနှင့်အုန်းသီးများကိုသန့်စင်သောရေများဖြင့်စင်ကြယ်နေစဥ်
အငယ်ကောင်၏ အမေးတစ်ခွန်းကြောင့်
ရေများသန့်စင်နေသည်ကိုရပ်တန့်လိုက်ပြီး

"စောက်ခွက်မပြောင်နဲ့ ဟေ့ကောင်
တစ်ပြိုင်နက်တည်းထည့်လိုက်
ဟုတ်ပြီလား!!!"

"ok ok !!!"

ရုပ်တည်ဖြင့်ဒင်းအားပိတ်ဟောက်လိုက်မှ
ကိုယ့်အားပခုံးတွန့်ပြကာ ကိုယ်​သန့်စင်
ထားသည့်အုန်းသီးနှင့်ငှက်ပျောသီးတစ်ဖီး
အားအကြောစိမ်းများပေါ်လွင်နေသည့်
လက်များဖြင့်မကာ ထည့်နေသောကြောင့်
က်ိုယ်လည်း ကျန်ရှိသည့်ငှက်ပျောသီးများကို
စင်ကြယ်စွာဆေးကြောနေလိုက်၏။
၁၂မိနစ်ကြာသည့်အခါ ကန်တော့ပွဲထိုးသည့်
planအောင်မြင်သောကြောင့်နှစ်ယောက်သား
၏ပြေပြစ်သောနဖူးထက်တွင်ချွေးစက်များ
သည်နေရာယူလာလျက်။

အခုချိန်တွင်ကိုယ်တ်ို့၏ချစ်သူနှစ်ယောက်
အတွက်ချွေးစက်များကိုပင်ဖယ်မရှား
နိုင်လောက်သည်အထိကြိုးစားပြနေသည်ကို
စောရန်မခနှင့်စောလျှံမခမြင်နိုင်ပါစေ။

"မဆိုးပါဘူး ကန်တော့ပွဲတော့မင်းတို့
နှစ်ယောက်စလုံးထိုးတက်ကြသားပဲ!!!"

ရုတ်တရက်ကိုယ်၏အကြားအာရုံထဲသို့
ဒယ်ဒီ၏အသံအားကြားလိုက်သောကြောင့်
ပယင်းရောင်နှင့်ကျောက်စိမ်းရောင်ရောယှက်
ထားသည့်မျက်၀န်းများကိုပို့လိုက်သည့်အခါ
တည်ငြိမ်သောခြေလှမ်းများဖြင့်ဒယ်ဒီသည်
ကိုယ်တို့နှစ်ယောက်နားသို့လှမ်းလာသည်ကို
တွေ့လိုက်ရလျက်။

"ဒယ်ဒီ ကြည့်ပေးပါအုံး အဆင်ပြေရဲ့လား!!!"

အငယ်ကောင်သည်သူ့ဒယ်ဒီအားမြင်သည်နှင့်
ကန်တော့ပွဲအားမပြကာ အဆင်ပြေရဲ့လား
ဟုမေးသည်ကနည်းနည်း ကြွားဝါချင်သည့်
စိတ်များသည်များနေမှန်း သူမပြောလည်း
ကိုယ်သိ၏။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Tahanan ng mga kuwento. Tumuklas ngayon