☯Chapter(8)☯

2.4K 104 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(8)♠

"အစ်ကို...ဒီနေ့အကင်တွေပိုရောင်းရသလိုပဲ"

"ဟုတ်ပါ့ကွာ...ဒီနေ့ရောင်းအားကောင်းလို့...
ငါ့ညီလေး ဘာစားချင်လဲပြော...အစ်ကို
၀ယ်ကျွေးမယ်"

ထိုင်ခုံများကိုတွန်းလှည်းပေါ်တွင်တင်နေစဥ်...
အစ်ကို့ထံမှဘာစားချင်လည်းဟုမေးလာသော
ကြောင့်...အစ်ကို့ဘက်သို့လှည့်ကာ...

"ဘာမှမစားချင်ပါဘူးဗျာ...ကျူပ်အတွက်
ဘာပဲစားရစားရ။ခင်ဗျားလေးကြိုက်တဲ့...
ဟင်းကိုသာ၀ယ်ဟုတ်ပြီလား"

"ဟုတ်ပြီ...အဲ့တာဆို ငါတို့ညီအစ်က်ို
နှစ်ယောက်ဒီနေ့အကြော်၀ယ်ပြီး...
ညစာ တီးကြတာပေါ့"

"အစ်ကို့ သဘောပါဗျာ...ကဲ ထိုင်ခုံတွေလည်း
တွန်းလှည်းပေါ်တင်ပြီးပြီ...နေလည်း၀င်ပြီဆိုတော့...ပြန်ရအောင်အစ်ကို"

"ကောင်းပြီ...ညီလေး"

ညီအစ်က်ိုနှစ်ယောက်တွန်းလှည်းလေးအား
တွန်းရင်း...စကားတပြောပြောဖြင့်ပြန်လာ
နေသောအိမ်ပြန်လမ်းလေးသည်...
အလွန်တရာမှပျော်ရွှင်ကြည်နူးဖွယ်ကောင်း
လှသည်။သို့သော်ကံကြမ္မာသည်က်ိုယ်တို့
ညီအစ်ကိုနှစ်ယောက်ထံသို့မထင်မှတ်ထား
သည့်ကံတရားကိုပေးလိုက်သည့်အနေဖြင့်
ကိုယ်တို့၏ရှေ့တွင်ပိတ်ရပ်လာသော...
အနက်ရောင်၀တ်စုံများဖြင့်...လူမိုက်
များတစ်စု။သူတို့အကြောင်းအား
ကြားဖူးသောကြောင့်က်ိုယ်တို့ညီအစ်ကိုနှင့်
တစ်နည်းမဟုတ်တစ်နည်းတွေ့မည်ဟု
ကြိုတင်ခန့်မှန်းထားသည့်အတိုင်း...
သူတို့နှင့်ဆုံလာလေပြီဖြစ်သည်။

ကိုယ်တို့၏တွန်းလှည်းရှေ့တွင်ပိတ်ရပ်လာသောခေါင်းဆောင်ဖြစ်ဟန်တူသည့်...ခပ်၀၀
လူတစ်ယောက်သည်...ယိမ်းထိုးနေသော
ကြောင့်...အရက်မူးသည့်လူများနှင့်
စကားမများချင်သော်လည်း...
စကားများရအုံးမည်။

"ဟေ့ကောင်တွေ...ဒါဘယ်သူလေးတွေလဲ"

"အစ်ကိုကြီးကလည်းကျွန်တော်တို့ရပ်ကွက်
ထဲက မိန်းကလေးတွေသာမက...
ယောကျာ်လေးတွေကြားမှာတောင်ရေပန်းစား
နေတဲ့ကရင်ညီအစ်ကိုနှစ်ယောက်လေဗျာ"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now