☯Chapter (24)☯

1.8K 112 2
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(24)♠

"အ့!!!"

ကိုယ်၏အကြားအာရုံထဲသို့ ငယ်၏
အသံလေးအားကြားယောင်လာသည့်အခါမှ
ငယ်၏ဖြူလျော့နေသောနှုတ်ခမ်းပါးလေးကို
လွှတ်ပေးလိုက်ပြီး ငယ်၏မေးဖျားလေးအား
က်ိုယ်၏သွယ်လျသော လက်ညိုးဖြင့်
ပင့်တင်ကာ က်ိုယ်၏မျက်၀န်းများနှင့်
ဆုံစေရင်း

"Sorry ငယ် ကျွန်တော်အရမ်းကြမ်း
မိသွားတယ်"

"အဟွတ်!!! အဟွတ်!!
ကိုယ့်အတွက် နာကျင်မှုကဆန်းပြားတဲ့
အရာတစ်ခုမဟုတ်တော့ မင်းပေးတဲ့
နာကျင်မှုကို နာကျင်မှုလို့မမြင်တော့ဘူး"

"ကျွန်တော် ပေးတဲ့နာကျင်မှုက ငယ့်ကို
ချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့နာကျင်မှု
ဖြစ်လို့ ချိုမြိန်တဲ့နာကျင်မှုလေးဖြစ်ပါစေလ်ို့
ဆုတောင်းနေမိတယ်"

က်ိုယ်၏အနက်ရောင်နှင့်မီးခိုးရောင်စပ်ထားသည့်မျက်၀န်းများဖြင့် ငယ်၏ပြာလဲ့မျက်၀န်းများကို ရီဝေစွာစိုက်ကြည့်လ်ိုက်
သည့်အခါ ငယ်သည်မနေတက်စွာ
ကိုယ်၏ရီဝေဝေအကြည့်များကိုရှောင်
လွှဲသွားသောကြောင့် သူ၏မေးဖျားထက်တွင်
ရှိသည့် ကိုယ်၏သွယ်လျသောလက်ညိုး
လေးသည် လေဟာပြင်ထဲသို့ရောက်သွား
လျက်။

"သျှား"

လေယာပြင်ထဲတွင်ရောက်သွားသော
ကိုယ်၏လက်ညိုးလေးအားရုတ်သိမ်း
နေရင်း ငယ်၏ သျှား ဟူသောခေါ်သံ​
ကြားလိုက်ရသောကြောင့် ငယ်၏
ပြာလဲ့မျက်၀န်း၀န်းများကို ပြန်လည်
စိုက်ကြည့်ရင်း

"ဗျ"

"ကိုယ် ရေတစ်ခွက်လောက်ရနိုင်မလား"

ငယ်သည် ကုတင်ခေါင်းရင်းထက်တွင်
ခေါင်းအုံးအားချကာ နူးညံ့အိစက်သော
ခေါင်းအုံးထက်သို့ သူ၏ကျောပြင်ဖြင့်
မှီချရင်း ရေ တောင်းလာသောကြောင့်
ထိုင်ရာမှထကာ ခေါက်စားပွဲပေါ်မှာရှိသည့်
ရေကရားအား လက်သွယ်သွယ်များဖြင့်
က်ိုင်ကာ ကြည်လင်နေသည့်ဖန်ခွက်ထဲသို့
ရေကရားထဲမှ ရေသန့်လေးများလောင်း
ထည့်လိုက်သည်။ထို့နောက်ငယ့်နားသို့
ခြေလှမ်းကြဲကြီးများဖြင့်လျှောက်လှမ်း
လာလ်ိုက်ပြီး ရေသန့်များထည့်ထားသည့်
ဖန်ခွက်ရှည်လေးအား လှမ်းပေးလ်ိုက်
သည့်အခါ

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)حيث تعيش القصص. اكتشف الآن