☯Chapter (27)☯

1.6K 66 0
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(27)♠

"ဖြောက်!!!ဖြောက်!!!ဖြောက်!!!"

ကောင်းကင်ထက်မှ မိုးစက်များသည်
ကိုယ်ဆောင်းထားသည့် ထီးအနက်ရောင်ထံ
ပေါ်သို့တစ်ပေါက်ချင်းကျဆင်းလာသော်
လည်း ကိုယ်၏အာရုံသည် မိုးစက်များတွင်
အာရုံရှိမနေနိုင်ပေ။ကိုယ်၏အာရုံအား
ဖမ်းစားနိုင်သောအရာတစ်ခုပဲရှိသည်။
ထိုအရာတစ်ခုမှာ *နှင်းဆီကုဋေ*စံအိမ်တော်
မှာရှိသည့် ကိုယ့်သားဖြစ်သည့် စောလျှံမခ
ဆိုသောသူပဲပင်ဖြစ်သည်။ထိုကောင်လေး
သူနေသည့်အိမ်တော်မှ ပျောက်သွားသည့်
အချိန်မှစ၍ နောက်ကြောင်းစုံစမ်းကာ
ကောင်လေးဘယ်မှာရှိနေမှန်း မရရသည့်
နည်းဖြင့် နောက်ယောင်ခံလိုက်ခဲ့သည်။
ထင်သည့်အတိုင်းပင် ဦးစိုင်းအက္ခရာနောင်၏
သားငယ်ဖြစ်သည့် သျှားထွဋ်ကုဋေ ရှိသည့်
နေရာတွင်စောလျှံမခရှိနေသည်။

ကြားရသည့်သတင်းအရဆိုလျှင် စောလျှံမခနှင့်သျှားထွဋ်ကုဋေ မနက်ဖြန်ရောက်သည်နှင့်
သူတို့လက်ထပ်ကြလိမ့်မည်။ထို့ကြောင့်
ပျော်စရာကောင်းသည့်ကိစ္စတစ်ခုဖန်တီး
လိုက်တာဖြစ်သည်။ဦးစိုင်းအက္ခရာနောင်၏
အချစ်ရဆုံးဖြစ်သည့် သားငယ်လေးအား
ဓားလေးနှင့်ရှပ်ထိရုံဆိုရုံလေးဖြင့်ကျီစား
လိုက်မိသည်။ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ်
ကိုယ့်ဘက်ကမင်္ဂလာပွဲကိုလက်မခံသည်
ဖြစ်စေ သူတို့ဘက်မှမရရသည့်နည်းလမ်း
ဖြင့် ပွဲကိုမရရအောင်စီစဥ်လိမ့်ကြမှန်းကြိုတင်သိနေသောကြောင့် သျှားထွဋ်ကုဋေ
အားဒဏ်ရာရအောင်တမင်ဖန်တီးလိုက်ခြင်း
ပင်။

ထီးလက်ကိုင်အား ကိုယ်၏လက်သွယ်သွယ်
များဖြင့်တင်းကြပ်စွာဆုပ်ကိုင်ရင်း အရင်က
ကိုယ်နေဖူးသည့် စံအိမ်တော်ကိုငေးစိုက်ရင်း
ဘယ်ဘက်နှုတ်ခမ်းထောင့်စွန်းတွန့်ကျိုး
သည်အထိပြုံးယောင်သန်းလိုက်မိသည်။
နှင်းဆီကုဋေ စံအိမ်တော်တွင်ပျော်ပါးခဲ့
ရသလိုငိုကြွေးခဲ့ရသောကြောင့် ဘယ်တော့မှ
ခြေဦးမလှည့်မည်ဟု ဟစ်ကြွေးထားသော်
လည်း ကိုယ်၏သားကြောင့် မလာချင်သည့်
စံအိမ်တော်ကိုတစ်ဖန် လျှောက်လှမ်းလာခဲ့
ရ၏။ထိုစံအိမ်တော်အား ချစ်ခင်တွယ်တာ
ခဲ့သော်လည်း ကိုယ်၏လုပ်ရပ်ကြောင့်ပင်
တစ်ဖန်မုန်းတီးလာခဲ့ရသည်။အတိတ်များကို
ပြန်လည်တူးဆွမိလာမည်စိုးသောကြောင့်
လာရာအတိုင်း​လှည့်ပြန်ရန် ခြေလှမ်းများကို
နောက်ဆုတ်ကာ နှင်းဆီကုဋေ စံအိမ်တော်
အားကျောပေးထွက်ခွါရန်အပြု

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now