☯Chapter(10)☯

2.3K 85 1
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(10)♠

"ဂရုစိုက်သွားနော် မောင်"

ကားပေါ်တက်ခါနီးဖြစ်သည့်မောင့်အား
သူ၏အကြောစိမ်းများပေါ်နေသည့်...
မောင့်လက်အား...ဆုပ်ကိုင်ရင်း
*ဂရုစိုက်သွားနော်*ဟူသောစကားအားထပ်တလဲလဲပြောနေမိသည်။

"Babyရယ်...မောင်ကခရီးဝေးကြီးကို
သွားမှာလည်းမဟုတ်ဘူး...နာရီ၀က်နဲ့
ရောက်တဲ့နေရာကိုသွားမှာလေကွာ...
ဘာ့ကြောင့်babyကစိုးရိမ်နေရတာလဲ"

မောင်သည်ကိုယ့်လက်အားပြန်လည်
ဆုပ်က်ိုင်ပြီး...ကိုယ်၏လက်ဖမိုးလေးအား
သူ၏နှုတ်ခမ်းဖြင့်နမ်းရှိုတ်လာသော်လည်း
ကိုယ့်မှာမပြုံးနိုင်သေးပါ။

"ကျစ်!!!...ကျုပ်ကမောင်ဘယ်သွားသွား
စိတ်ပူတက်တဲ့ကောင်ဆိုတာမောင်မေ့
သွားပြီလား"

"မမေ့ပါဘူး babyရယ်...စံအိမ်ထဲ၀င်တော့
မိုးအေးတယ် မောင့်အသက်ရဲ့"

"မ၀င်ဘူးဗျာ...မောင် သွားတာကိုကြည့်ပြီးမှ
၀င်မှာ...အတင်း၀င်ခိုင်းရင် ခင်ဗျားကို
ကျုပ်စိတ်ဆိုးမှာနော်"

ကိုယ့်Babyသည်...ဘယ်လောက်ပဲ
ရာသီတွေ၊နှစ်တွေပြောင်းနေပါစေ...
သူ၏ဂျစ်ကန်ကန်စိတ်ကောက်ပုံလေးက
ဘယ်တော့မှမပြောင်းသွားသေးပေ။
အခုလည်းဂျစ်တိုက်ပြီးဂျီကျနေသော
ကြောင့်...သူလေး၏နှုတ်ခမ်းအား
ဖျတ်ကနဲနမ်းလိုက်ကာ...

"စိတ်တော့မဆိုးလိုက်ပါနဲ့...အခုပဲမောင်
ကားထဲ၀င်တော့မှာမလို့...babyလည်း
စံအိမ်တော်၀င်တော့...ဟုတ်ပြီလား"

"အင်း...၁နာရီကြာလို့မှ မောင်ရောက်မ
လာရင်...ကျုပ်ကမောင့်နောက်လိုက်မှာ။
ကျစ်!!! စိတ်မချဘူးဗျာ...သားကြီး
ကြောင့်မောင့်နောက်လိုက်မလိုက်တာ"

babyသည်...ကိုယ့်၏အကျီလက်မှ
ကြယ်သီးအားတွယ်ပေးရင်း...အဘိုး
ကြီးတစ်ယောက်လိုပွစိပွစိလုပ်နေ၏။

"မောင့် အသက်ရယ်...မောင်ကိုအဲ့လောက်
ချစ်တာလား"

"ဦးစိုင်းအက္ခရာနောင်!!!...ခင်ဗျားကို
ချစ်လို့ပဲ သားနှစ်ယောက်တောင်မွေး
ပေးထားတာလေ...ခင်ဗျားကတစ်ခါ
တစ်လေကျရင် သိပ်ဆိုးတယ်"

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now