☯Chapter3☯

3.7K 194 1
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                                ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠ Chapter(3)♠

"သား!!!..."

"ပါးပါး.."

"မင်း အဲ့ကောင်လေးကိုဘာ့ကြောင့်
လွှတ်ပေးလိုက်တာလဲ...သျှား အဂ္ဂ မာန်!!!
ရာဇဝတ်သားလောကမှာ...ဘုန်ကြီးတစ်ပါး
လိုသည်းခံပြီးခွင့်လွှတ်လို့မရဘူးကွ...
မင်းနားလည်လား!!!...ဒီလောကမှာဦးသူ
သတ်ကြေးဆိုတဲ့စည်းမျဉ်းနဲ့ကျက်စားနေတဲ့
အရိုင်းစိုင်းကောင်တွေအများကြီးပဲ...
အခုမင်းကစေတနာရှင်ကြီးလုပ်ပြီး...
လွှတ်ပေးလိုက်တဲ့ကောင်လေးက...
မင်းကိုတွေ့တဲ့နေရာမှာသတ်တော့မှာဆိုတာ
မင်းခေါင်းထဲမှာမြဲမြဲမှတ်ထားလိုက်"

ပါးပါးသည်ခြေလှမ်းကြဲကြီးများဖြင့်...
ကိုယ့်နားသို့လာကာ...ကိုယ့်အားသူ၏
မျက်ဝန်းနက်နက်လေးများနှင့်...စူးစိုက်
ကြည့်နေသောကြောင့်...ကိုယ့်မှာမလုံမလဲ...
ပါးပါး၏အကြည့်အားရှောင်တိမ်းလိုက်သည်။ပါးပါးအားငယ်စဉ်ကတည်းက
ကြောက်ရသောကြောင့်...ပါးပါးဒေါသထွက်
လျှင်သိပ်ကြောက်ဖို့ကောင်းလှသည်။

"မင်းဒီနေ့ဖြစ်ရပ်အတွက်...နောင်တ
အကြီးအကျယ်ရလိမ့်မယ် သျှားအဂ္ဂ မာန်!!!
မင်းပြောဖူးတယ်နော်....မင်းဘဝမှာနောင်တ
ဆိုတဲ့အရာမရှိခဲ့ဘူးလို့...အေး အဲ့နောင်တဆို
တဲ့အရာဒီနေ့မှာပဲ...မင်းစီကိုလှလှပပလေး
ရောက်လာပြီပဲ။အဲ့ကောင်လေးကိုမင်း
ဒီနေ့မသတ်ခဲ့တဲ့အတွက်...မင်းကိုသူက
တွေ့တဲ့နေရာမှာသတ်တော့မှာလို့...
ငါ့အသက်နဲ့အာမခံပြီးလောင်းရဲတယ်...
ဒါ့ကြောင့် မင်းဒီနေ့ကစပြီး...ငါမပါပဲနဲ့
အပြင်ထွက်ရဲရင်ထွက်ကြည့်...
မင်းရဲ့ခြေချောင်းတွေကိုငါရိုက်ချိုးပြီမှတ်"

"ဟုတ်ကဲ့...ပါးပါးပြောသလို...ပါးပါးမပါပဲ
ကျွန်တော်အပြင်မထွက်စေရပါဘူး"

ကိုယ့်စကားအားကြားသည်နှင့်...ပါးပါးသည်
သူ၏မျက်ဝန်းများကို...၅စက္ကန့်ကြာသည်အထိမှိတ်ကာ...နှာတံလုံးလုံးထံမှ...
လေပူများထုတ်လိုက်သောကြောင့်...
ပါးပါးတက်နိုင်သမျှသူ၏ဒေါသများကို...
ထိန်းနေမှန်းသိလိုက်ရသည်။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now