☯Chapter (35)☯

1.6K 66 5
                                    

🍷𝕾𝖙𝖊𝖆𝖑𝖎𝖓𝖌 𝖆 𝖈𝖗𝖎𝖒𝖎𝖓𝖆𝖑'𝖘 𝖐𝖎𝖘𝖘 𝖜𝖎𝖓𝖊🍷
                          ☯ 𝓼𝓮𝓪𝓼𝓸𝓷𝓘𝓘☯

          ♠Chapter(35)♠

အချိန်ဆိုသောစက်ယတ္တရားသည်
တရွေ့ရွေ့လည်ပတ်နေသလိုရာသီဥတု
သုံးပါးသည်လည်း တရွေ့ရွေ့နှင့်ကူး
ပြောင်းနေမြဲဖြစ်သည်။အပြောင်းလဲမြန်ဆုံး
အရာနှစ်ခုအားပြပါဆိုလျှင်အချိန်နှင့်ရာသီဥတုအရာတစ်ခုအားဦးစွာပြရလိမ့်
မည်။

ရာသီဥတုဆိုသောဘုရင်မင်းမြတ်ထံတွင်
နွေမင်းသမီး၊ဆောင်းမင်းသမီး၊မိုးမင်းသမီး
ဟူသော မင်းသမီးသုံးဖော်ရှိပြီး  မင်းသမီး
တစ်ပါးစီသည်လူ့လောကကြီးထံသို့
လိုအပ်သော နေရောင်ခြည်၊မိုးနှင့်နှင်းစက်
များကိုပေးအပ်ရသလို တစ်လှည့်စီ
လောကကြီးပုလ္လင်ထံတွင်မင်းမူခွင့်
ရရှိပြန်၏။

အခုလူ့လောကတွင်အလှည့်ကျသော
မင်းသမီးတစ်ပါးမှာမိုးမင်းသမီးဖြစ်သော
ကြောင့် နာရီ၀က်တစ်ခါကောင်းကင်ကြီး
ထံမှမိုးစက်ကလေးများကျဆင်းလာ
လေ့ရှိ၏။အခုလိုရာသီဥတုမျိုးလေးမှာ
ကိုယ်၏အသက်ထက်ချစ်ရသော
babyလေးနှင့်အိမ်ယာလေးထဲတွင်
ကွေးကာ အချစ်ပုံပြင်လေးတစ်ပုဒ်
ရေးဆွဲချင်ပါသော်လည်းဂိုဏ်းတွင်
သစ္စာဖောက်တစ်ယောက်​၏သစ္စာဖောက်
ဖျောက်မှုကြောင့် ကိုယ့်ထက်နိမ့်သော
ဂိုဏ်းငယ်လေးများသည် ကိုယ်တို့
ဂိုဏ်းအားအာခံရုံတင်မက ဂိုဏ်းအား
လာရောက်တိုက်ခိုက်နေသည်တဲ့လေ။

Criminal ဂိုဏ်းအားလာရောက်ထိပါးခြင်း
သည် Criminal မိသားစု၀င်များကို
လာရောက်ထိပါးခြင်းနှင့်တူသောကြောင့်
မိုးရွာခြင်းကိုစောက်ဂရုမစိုက်စွာဖြင့်
ကိုယ်တို့၏သားနှစ်ယောက်အပါအ၀င်
သူတို့၏ချစ်သူ...အာ အခုဆိုလျှင်
သားနှစ်ယောက်သည်လည်းအိမ်ထောင်
သည်များဖြစ်သွားပြီလို့ သူတို့၏လင်လေး
များကိုပင်ခေါ်လာရသည်ဟုပြောရတော့မည်။

Babyနှင့်ကိုယ်သည်ကားတစ်စီး၊
သျှားအဂ္ဂမာန်နှင့်စောရန်မသည်ကားတစ်စီး၊
သျှားထွဋ်ကေုဋေနှင့်စောလျှံမခသည်
ကားတစ်စီး စုစုပေါင်းကားသုံးစီးသည်
*နှင်းဆီကုဋေ*စံအိမ်တော်ထံမှ မိုင်ကုန်
မောင်းထွက်လာသောကြောင့် ဘယ်မီးပွိုင့်၊
ဘယ်ယာဥ်ထိန်းရဲမှစောက်ဂရုမစိုက်ခြင်းဖြင့်
ရာဇ၀တ်သားဆန်လိုက်၏။

 ရာဇ၀တ်သားတစ်ယောက်၏အနမ်းတစ်ပွင့်အားခိုးယူခြင်း(𝓼𝓮𝓪𝓼𝓸𝓷 𝓘𝓘)Where stories live. Discover now