1

12.7K 503 6
                                    

Unicode

"လရောင်သသ ခင်များအခုဘယ်မှာလဲ လရောင်သသ ကျုပ်ခေါ်နေတာကြားလား"

အခန်းရှေ့က ဆူညံသံတွေကြောင့် အိပ်နေရာကနေ လရောင်နိုးလာခဲ့သည်။အံ့ကျူးမျိုးနွယ်က ဘာကို အလိုမကျပြီး အော်ခေါ်နေလည်း မသိပေမယ့် လရောင်ကို သေချာပေါက် ဒေါသထွက်နေပြီဖြစ်သည်။

"လရောင်လေးက နေမကောင်းလို့ နားနေတာပါ အကိုလေး ဘာခိုင်းစရာရှိလို့လဲဟင် မမဆွေ လုပ်ပေးပါ့မယ်"

"မလိုဘူး သူ့ကိုပဲ လိုတာ၊ဟေ့ကောင် အခုချက်ချင်းထွက်ခဲ့စမ်း"

ဆူညံအော်ဟစ်နေတာကြောင့် မနေနိုင်တော့တဲ့အဆုံး မူးနေတဲ့ခေါင်းကို အသာထိန်းပြီး အပြင်ကိုထွက်လာလိုက်သည်။ဘေးမှာ မမဆွေက စိတ်ပျက်လက်ပျက်နဲ့ ထိတ်လန့်နေတဲ့အမူအရာနဲ့။

"ဘာဖြစ်လို့လဲ အံ့ကျူးမျိုးနွယ်"

ဒုန်း!

လရောင်ကို အခန်းထဲဆွဲသွင်းပြီး အခန်းတံခါးကို ခြေထောက်နဲ့ နောက်ပြန်ကန်ပိတ်လိုက်တာမို့ လရောင်ကိုယ်လေးတွန့်သွားသည်။အံ့ကျူးမျိုးနွယ်က ဘာကိုများ အဲလောက်ကြီး ဒေါသထွက်နေရတာလဲ။

"ဒါ ဘာတွေလဲ ဘာတွေလဲ ဟမ်!"

ပို့စကတ်အရွယ် ဓာတ်ပုံတွေကို လရောင်ရှေ့ ကျဲချလာသည်။အထိတ်တလန့်နဲ့  ကောက်ကြည့်လိုက်တော့ ရာဇာနဲ့ လရောင်ရဲ့ပုံတွေဖြစ်နေသည်။ပုံတွေအားလုံးမှာ လရောင်က ပြုံးနေပြီး ရာဇာက လရောင်ကို ကြည့်နေတဲ့ ပုံတွေချည်းပဲ ဖြစ်သည်။ဖျတ်ခနဲ ကြည့်လိုက်ရုံနဲ့ ချစ်သူရည်းစားတွေလို့ ထင်ရလောက်အောင် ရိုက်ချက်တွေက ပီပြင်နေတာဖြစ်သည်။

"အဲတာကြောင့်လား အဲတာလေးကြောင့် မင်းငါ့ကို အော်နေတာလား"

လရောင် မယုံကြည်နိုင်စွာပင် မင်တေတေနဲ့ မေးလိုက်ပါသည်။အံ့ကျူးမျိုးနွယ်က စိတ်လွတ်နေတဲ့လူတစ်ယောက်လို အသားကုန်အော်နေရတဲ့ အကြောင်းက ဒီဘာရယ်မဟုတ်တဲ့ ဓာတ်ပုံတွေကြောင့်တဲ့လား။

ကျစ်!

ချက်ချင်းဆိုသလိုပဲ လရောင်အင်္ကျီစကို ဆွဲကိုင်ပြီး မေးစေ့ကို သူ့လက်ကြီးနဲ့ အသားကုန်ဖျစ်ညှစ်ထားသည်။

My possessive of you Where stories live. Discover now