12

4K 221 3
                                    

အရာအားလုံးထက်...သားကိုပိုချစ်ပေးလိုက်ပါ ကိုဇော်..!

ကျွန်တော် အိမ်ထောင်ပြုတော့မယ်...!

ကိုယ့်မှာ အခွင့်အရေးမရှိတော့ဘူးလား...!

"အား...."

Laptop ကို ပိတ်ပြီး စားပွဲကိုသာ အသားကုန်ထုနေမိသည်။ဒီဗွီဒီယို မှတ်တမ်းကို ကြည့်နေတာ ဆယ်ကြိမ်ထက်က မနည်းတော့။ဖေဖေ့ရဲ့ ဦးဥာဏ်အပေါ် ညံ့သက်နေတဲ့ အကြည့်တွေ။ ဦးဥာဏ်ရဲ့ ဟန်ဆောင်သန်မာမှုတွေကို တွေ့နေရသည်။ 'အိမ်ထောင်ပြုတော့မယ်' ဆိုတဲ့ ဦးဥာဏ်ရဲ့ စကားမှာ ဖေဖေ့ရဲ့ ပြိုလဲမှုနဲ့အတူ အံ့ကျူးပါ တုန်လှုပ်မိသွားသည်။

တည်ငြိမ်နေတဲ့ ရေပြင်ကို သူကပဲ အစဖော်ခဲ့ပြီးမှ သူ့ကြောင့်ပဲ နှလုံးသားတွေ ကွဲကြေရတော့မည်။ချစ်ရသူရဲ့ ရက်စက်ခြင်းကို မကြုံဖူးပေမယ့် လရောင်သသအနားမှာ မရှိရင် သူသေနိုင်လောက်သည်။ ငယ်ငယ်ကတည်းက ချစ်ခဲ့ရသူမို့ သူတောင် ဒီလောက်ထိ ချစ်မိနေမယ်ဆိုရင် ဖေဖေကရော...။
ဖေဖေနဲ့ ဘာသားနဲ့ ထုထားလို့ပါလဲ..။ဦးဥာဏ်နဲ့ ဖေဖေ့ရဲ့ အချစ်အတိမ်အနက်ကို မသိပေမယ့် အံ့ကျူးမှားသွားပြီဆိုတာကိုတော့ နားလည်လိုက်သည်။

လရောင်သသနဲ့ ရာဇာ့ကိုတောင် တွဲမမြင်ချင်တဲ့ အံ့ကျူးက ဦးဥာဏ်ကို အခြားတစ်ယောက်နဲ့ မြင်ရတဲ့အခါ ဖေဖေ့ရဲ့ ခံစားချက်ကိုလည်း ထည့်တွေးပေးသင့်ပါသည်။

သူမှားသွားပြီ..တကယ်ဆို ဦးဥာဏ်ကို ဖိအားတွေ မပေးခဲ့သင့်ဘူး။ဖေဖေရော ဖေဖေအခုချိန်လောက်ဆို ပြိုလဲနေမလား။ဖေဖေသောကရောက်တဲ့ ပုံစံကို တစ်ခါမှ မမြင်ဖူး၍ အံ့ကျူးတွေးကြည့်လို့မရ။ ဖေဖေက နှလုံးသားရေးရာမှာတော့ ညံ့ဖျင်းတတ်ပါလား။

ဂျလောက်!

လော့ချမထားတဲ့အခန်းထဲ ခွင့်မတောင်းပဲဝင်လိုက်တော့ ဖေဖေက အခန်းထဲမှာရှိမနေ။ပန်းပင်လေးတွေရှိတဲ့ ဝရန်တာနားသွားလိုက်တော့ ဖေဖေ့ကို နောက်မှီကုလားထိုင်တစ်လုံးပေါ်မှာ တွေ့လိုက်ရသည်။စားပွဲခုံကျဥ်းကျဥ်းလေးပေါ်မှာ notebook တစ်ခုနဲ့ ဓာတ်ပုံတစ်ချို့ရှိနေသည်။ဘေးမှာ ဝီစကီပုလင်းတစ်ချို့နဲ့အတူ ဆုပ်ခြေထားသောစာရွက်အပိုင်းအစတွေလည်း ရှိနေသည်။

My possessive of you Where stories live. Discover now