4

5.1K 317 6
                                    

Unicode

ဒုန်း!

"အမလေး ဖြေးဖြေး"

နှစ်ယောက်သား ယိုင်ခွေခွေနဲ့ လှေကားတက်သည်အထိ အဆင်ပြေနေပေမယ့် အခန်းရှေ့ရောက်မှ ပိတ်ထားတဲ့ တံခါးကို ဆောင့်မိသည်။တော်သေးတာက ငမူးကောင်ရဲ့ ကိုယ်ကြီးက လရောင်ကို ကာထားသလိုဖြစ်နေတာမို့ တံခါးအစား သူ့ရင်ဘတ်မာမာကြီးနဲ့သာ တိုက်မိသည်။

"ကိုကို့... အင့် အဟင့်"

အံ့ကျူးမျိုးနွယ်က မျက်လုံးမဖွင့်ပဲနဲ့ လရောင်ကို တင်းတင်းဖက်ကာ ငိုချလာသည်။မူးနေလို့ အသိစိတ်လွတ်နေတယ်ဆိုပေမယ့် အံ့ကျူးမျိုးနွယ်က ဘယ်အရာကိုမှ ငိုရလောက်အောင် ပျော့ညံ့တဲ့လူမဟုတ်။

"အံ့ကျူး သတိထားလေ ဖိုး နိုးသွားလိမ့်မယ်"

အံ့ကျူးကိုယ်ကို ကျောနဲ့ထိန်းပြီး တံခါးကို အသာတွန်းဖွင့်ရသည်။ဘေးကလူက လရောင်ကိုယ်သေးသေးလေးအပေါ် တစ်ကိုယ်လုံးမီချထားပြီး တအီအီနဲ့ ငိုနေသေးသည်။

မနိုင့်တနိုင်ကြီးသယ်ပြီး သူ့အိပ်ရာနားထိ ရောက်အောင်မနည်းလှမ်းရသည်။ငယ်ငယ်က သူ့အခန်းထဲဝင်နေကြဆိုပေမယ့် အံ့ကျူးအရွယ်ရောက်လာတဲ့အချိန်မှာတော့ သူလည်းမဝင်ဖြစ်တော့သလို အံ့ကျူးကလည်း သူ့ကိုဆွဲမသွင်းတော့။ဂျစ်ကန်ကန်ကောင်ရဲ့ အခန်းက ငယ်ငယ်တုန်းကနဲ့ လုံးဝကို ကွာခြားသွားသည်။တစ်ခန်းလုံးကို အဖြူအမဲရုပ်ရှင်တွေထဲကလိုမျိုး အဖြူရောင်နဲ့ အနက်ရောင်ကိုသာ သုံးပြီးအလှဆင်ထားသည်။

"ဟူး..."

အံ့ကျူးကို အိပ်ရာပေါ် လွှတ်ချလိုက်တော့မှပဲ လရောင်သက်သာသွားသည်။အံ့ကျူးကပဲ သန်မာလွန်းနေတာလား လရောင်ကပဲ ပျော့လွန်း သေးလွန်းနေတာလားမသိပေ။ခြံထဲကနေ အိပ်ရာထဲထိသယ်လာရတာနဲ့ကို တော်တော်ပင်ပန်းသည်။

ခုတင်ပေါ်မှာ ခြေကားယားလက်ကားယားဖြစ်နေသူကို ကြည့်ပြီး လရောင်တစ်ချက်ပြုံးလိုက်သည်။အခုကျတော့လည်း ကလေးဆိုးလေးလိုပဲ။

အရက်နံ့တွေက မွှန်ထူနေပြီး ဂျင်းဂျာကင်ကြီးပါ ထပ်ဝတ်ထားတာမို့ လရောင်ရေပတ်တိုက်ပေးဖို့ ပြင်လိုက်သည်။လက်တစ်ဖက်ကို အသာကွေးပြီး အင်္ကျီကိုချွတ်ရသည်။နိုးသွားမှာလည်း စိုးရိမ်ရသေးသည်။ဟိုတလောကမှ ကိုယ်နဲ့သူက ကတောက်ကဆဖြစ်ထားတာမဟုတ်လား။

My possessive of you Where stories live. Discover now