26

3.8K 219 17
                                    


နှစ်ယောက်သား တိတ်ဆိတ်နေရင်း အတန်ကြာ စိုက်ကြည့်နေမိကြသည်။
လေထုက အေးစက်သယောင်ရှိပေမယ့် နှစ်ယောက်လုံး ရင်ထဲမှာတော့ ဂယက်ရိုက်နေကြသည်။

“ပျော်နေတာမလား..”

“ဟင်”

တိတ်ဆိတ်ငြိမ်သက်မှုကို အံ့ကျူးဘက်က စတင်ဖြိုခွဲသည်။လေသံက ရိသဲ့သဲ့နဲ့ တမင်တကာရွဲ့ပြောတဲ့ ပုံစံမျိုး။

“ပျော်နေတဲ့ပုံစံပေါက်နေလို့လေ ”

“မဟုတ်ပါဘူး”

“ဘာလာလုပ်တာလဲ”

လရောင် သူ့ကို မျက်လုံးချင်းဆုံပြီးတော့ပင် စေ့စေ့ပြန်ကြည့်ပေးလိုက်သည်။စောစောကပဲ အတင်းအကျပ်နမ်းတဲ့သူက အခုကျတော့လည်း ပုံမှန်အံ့ကျူးပြန်ဖြစ်သွားတာပင်။

“မင်းဆီပြန်လာတာ”

“...”

လရောင်စကားကို ကြားတော့ အပြုံးသဲ့သဲ့နဲ့ တစ်ဖက်ကို မျက်နှာလွှဲသည်။လရောင်အမြင်မှာတော့ “ကြောက်နေပါပြီဗျာ”ဆိုတဲ့ မျက်နှာပေါက်မျိုး ချိုးလိုက်တာဖြစ်သည်။လရောင်စကားကို မယုံသလို လုပ်လိုက်တာ။

လရောင် ဒေါသထွက်သွားကာ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေက အနည်းငယ်ကျယ်သွားကာ နှုတ်ခမ်းအစုံက တင်းတင်းစေ့သွားသည်။သူ့ရဲ့ စွန့်စားမှုကို သရော်တာ။

“မင်း...အံ့ကျူးမျိုးနွယ်..”

“ဟော..”

တုန်ခါနေတဲ့ အသံကြောင့် အံ့ကျူးမော့ကြည့်လိုက်တော့ မျက်ရည်စတွေပြည့်နေပြီး နှုတ်ခမ်းတွေကလည်း တဆတ်ဆတ်တုန်နေပြီဖြစ်သည်။သူ့ရဲ့ မဝံ့မရဲစကားလေးကို အံ့ကျူးမှာ ကျေနပ်နေတုန်းရှိသေးသည် အသံတုန်ခါခါလေးကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြန်သည်။

“ခင်များ ဘာဖြစ်ပြန်တာလဲ..”

မျက်ရည်တွေ တလှိမ့်ချင်းကျပြီး လက်ဖမိုးလေးနဲ့ မျက်ရည်စတွေကို ဖိကာဖိကာ ငိုနေတဲ့ လရောင်သသကြောင့် နေမထိထိုင်မသာဖြစ်ရသည်။

“အင့် အဟင့် အီးဟီးဟီး”

အသံတိတ်ငိုနေတဲ့သူက ရင်ခွင်ထဲဆွဲသွင်းပြီး   ဆံပင်ရှည်တွေထဲ လက်ချောင်းတွေထိုးထည့်ကာ ဆော့ကစားရင်း နဖူးပြင်ကို ဖိနမ်းတော့ အသံထွက်ပြီး ငိုတော့သည်။

My possessive of you Where stories live. Discover now