Finale

5.2K 207 3
                                    

မနက်ခင်း ခြောက်နာရီပဲ ရှိသေးပေမယ့် လရောင်သသကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး မီးဖိုထဲမှာ အေးအေးလူလူပင် မနက်စာပြင်နေပြီဖြစ်သည်။

နဂိုကျောလယ်လောက်ရောက်နေသည့်် ဆံပင်တွေက ဂုတ်သာသာ အနေအထားပြန်ဖြစ်သွားပြီး ဦးခေါင်းရဲ့ အလယ်လောက်ကနေ ကြက်တောင်စီးသဏ္ဌာန်ချည်ထားတာဖြစ်၍ လည်ကုပ်ပေါ်ကို ခေါင်းစီးကြိုးလွတ်နေသည့် မွှေးညှင်းနုလေးတွေသာ ဖြာကျနေသည်။

“အင့်”

ပေါင်မုန့်ကို ယိုသုတ်နေတုန်း တင်းကျပ်သွားတဲ့ ခါးနေရာနဲ့အတူ ကိုယ်ပေါ်ကို မီကျလာတဲ့ ကြီးမားတဲ့ ကိုယ်ထည်ကြောင့် အင့်ခနဲ အသံမြည်သွားရသည်။ ထို့နောက် လည်ကုပ်သားနဲ့ နားထင်စပ်တွေကို တရစပ်ရောက်လာတဲ့ အနမ်းဖွဖွများ။

“နိုးပြီလား”

“အင်း...သသ အနားမှာမရှိတော့လို့ နိုးလာတာ...မွှေးနေတာပဲ ရှူးးးး”

လည်ပင်းသားဆီကို ဖိနမ်းလာတဲ့ အံ့ကျူးခေါင်းကို အသာပုတ်ပြီး လရောင်ပြုံးနေလိုက်ပါသည်။

“မျက်နှာမသစ်ရသေးဘူးမလား  တစ်ခါတည်းရေပါချိုးခဲ့တော့..”

အိပ်ရာက ထထချင်း သူ့ဆီလာကပ်နေမှန်း သိတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ ပြောရပြန်သည်။

“ကျွန်တော် တစ်ယောက်ထဲလား..”

“အင်း.. တစ်ယောက်ထဲပဲပေါ့ ရေချိုးမှာကို မင်းက အဖော်လိုချင်နေသေးတာလား...”

“သသကရော..”

အောက်နှုတ်ခမ်းစူပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ကလေးလို ချွဲနေပြန်သည်။လက်ထပ်ပြီးခါမှ ပြောင်းလဲသွားသည့် အံ့ကျူးမျိုးနွယ်ရဲ့ အမူအကျင့်လေးတွေကို လရောင် တော်တော်လေး သဘောကျရပါသည်။

“ငါက ချိုးပြီးပြီ၊ နေပါအုန်း..ဘာကိစ္စမင်းနဲ့ ရေအတူချိုးရမှာလဲ ဟိုနေ့က ကိစ္စကိုတောင် ငါအခဲကြေတာ မဟုတ်ဘူးနော်”

လရောင် ဆူလိုက်တော့မှ ဆောင့်ဆောင့်အောင့်အောင့်နှင့် လှေကားအတိုင်းတက်သွားသည်။လရောင်ကိုလည်း သမင်လည်ပြန်ကြည့်နေသေးသည်။

My possessive of you Where stories live. Discover now