15

4.3K 253 17
                                    

"လရောင်လေး အကိုလေးအံ့ကျူး ခေါ်နေတယ်"

"သူနိုးပြီလား မမဆွေ၊ကျွန်တော် သွားလိုက်မယ် ဒီပန်းလေးတွေ ဘုရားကပ်လိုက်ပါအုန်း"

"အေးအေး"

ဇွန်ပန်းသေးသေးလေးတွေ ဖွေးနေတဲ့ လင်ဗန်းလေးကို သူမလက်ထဲ ထည့်ခဲ့ပြီး အိမ်ပေါ်တက်သွားတဲ့ ကျောပြင်လေးကို ကြည်နူးစွာကြည့်နေမိသည်။အိမ်နေရင်း ချည်သားဝမ်းဆက်အညိုလေးဝတ်ထားပြီး ဆံပင်ရှည်တွေကို စုစည်းထားတဲ့ လရောင်သသလေးက လူကောင်သေးသေးနဲ့ ကလေးလေးလိုဖြစ်နေသည်။ဆံပင်ရှည်ထားရတာ ဘာကြောင့် ကြိုက်မှန်းမသိပေမယ့် ဒီကလေးက ဆံပင်ရှည်နဲ့တော့ အတော်လေးကို လိုက်ဖက်ပါသည်။

လရောင် အပေါ်ထပ်ရောက်တော့ အံ့ကျူးမျိုးနွယ်က အခန်းရှေ့မှာ အရှေ့လျှောက်အနောက်လျှောက်လုပ်နေသည်။ပုံစံက အနည်းငယ်ဖရိုဖရဲနိုင်နေကာ မျက်လုံးတွေကလည်း ဟိုကြည့်ဒီကြည့်နဲ့ တစ်ခုခုကို ရှာနေပုံဖြစ်သည်။

"အံ့ကျူးမျိုးနွယ်"

"ဘယ်တွေသွားနေတာလဲ လာခဲ့"

လရောင်ကို လက်မောင်းရင်းကနေ ဆွဲပြီး အခန်းထဲခေါ်သွားတာကြောင့် ယက်ကန်ယက်ကန်နဲ့ပါသွားရသည်။ နီညိုရောင် suit ဝတ်ထားပေမယ့် အင်္ကျီကတော့ အခုထိ ကြယ်သီးမတပ်ရသေး။လရောင်ကို နံရံမှာကပ်ပြီး အပေါ်ကနေ အုပ်မိုးထားသည်။ခန္ဓာကိုယ်နှစ်ခုက သိသိသာသာကို ကွာခြားလွန်းသည်။

"မောင့်ကို အင်္ကျီကြယ်သီးတပ်ပေး"

"ဟင်"

လရောင် အံ့အားသင့်သွား၍ မော့ကြည့်လိုက်တော့ အံ့ကျူးမျိုးနွယ်က စုပ်တစ်ချက်သတ်ပြီး မျက်နှာလွှဲသွားသည်။

"မကြားဘူးလား ပြောနေတယ်လေ"

"ဟင်...အင်း ကြားတယ် ကြားတယ်။ ဒါနဲ့ စောစောက မင်းဘယ်လိုပြောလိုက်တယ်"

"အင်္ကျီကြယ်သီးတပ်ပေးလို့"

"မဟုတ်ဘူးလေ မင်းကိုယ်မင်း ဘယ်လိုပြောလိုက်တာ"

သူ့ရင်ဘတ်ကို လက်ညှိုးနဲ့ထိုးပြီး ပြောတော့ လရောင်လက်ညှိုးကို ဖမ်းကာ သွားချွန်ချွန်တွေပေါ်အောင် အသံတိတ်ရယ်နေသည်။လူထွားကြီး ရှက်ကိုးရှက်ကန်းနိုင်နေတာက ရယ်ချင်စရာတော့ကောင်းသည်။

My possessive of you Where stories live. Discover now