5

5.1K 305 3
                                    

Unicode.

တီ တီ!

အိမ်ရှေ့မှာရပ်နေတုန်း နောက်က ဆိုင်ကယ်ဟွန်းသံအကျယ်ကြီးကြောင့် လရောင်လန့်သွားရသည်။အလုပ်အတွက် အင်တာဗျူးသွားဖြေဖို့ ပြင်နေတုန်း မမဇူးက သူလိုက်ပို့ပေးမည်ဆို၍ စောင့်နေရခြင်းဖြစ်သည်။

သူ့ဆိုင်ကယ်နဲ့ လွတ်ရာကို ရပ်နေပါရက်နဲ့ တတီတီလုပ်နေတာမို့ နောက်ကိုလှည့်ကြည့်လိုက်တော့ Helmet အပြာရောင်ကိုဆောင်းထားပြီး နက်ပြာရောင်ဂျာကင်ကို မိတ်ကပ်ရောင် pant နဲ့တွဲဝတ်ထားသည့် အံ့ကျူးမျိုးနွယ်ကို အခန့်သားတွေ့လိုက်ရသည်။

"ဘယ်သွားမလို့လဲ ကျုပ်လိုက်ပို့ပေးမယ်"

"အင်တာဗျူးသွားဖြေမလို့ မမဇူးလိုက်ပို့မှာ"

လရောင်ရဲ့အဖြေကို အံ့ကျူးက သဘောမကျဟန် မျက်မှောက်ကြုတ်သည်။အံ့ကျူးမျိုးနွယ်ဖြစ်နေလို့သာ ချစ်မိနေတာဖြစ်သည်။သဘောမတွေ့စရာအချက်တွေမှ အများကြီး ဒီလူမှာရှိနေသည်။အခြားလူရဲ့အမြင်ကို ထည့်မတွေး သူ့သဘောသူ့ဆန္ဒပဲ ဖြစ်စေချင်နေတာ။

"ဘာလဲ ငြင်းနေတာလား ခုက"

"မဟုတ်ပါဘူး မမဇူးနဲ့အတူသွားဖို့ ပြောပြီးသားမလို့ပါ"

"ဘယ်သူ့အပိုင်လဲ"

"ဟမ်"

ဇာတိကပြလာပြန်ပြီ။အခုတလော သူ့အပိုင်ဖြစ်ကြောင်းကိုပဲ ပြချင်နေတာဖြစ်သည်။ကိုယ်ဘာမှ ပြန်မပြောနိုင်အောင် သူ့အပိုင် သူထားသလိုနေရမယ်ဆိုပြီး အကြပ်ကိုင်ချင်နေတာဖြစ်သည်။ကိုယ်ကလည်း အဲလိုအချုပ်ချယ်ခံချင်လို့ပဲ ငိုယိုပြီး ဒူးထောက်တောင်းပန်ခဲ့ရတာ မဟုတ်လား။

"နားလေးနေတာလား"

ဘုနဲ့ဘောက်ပြောတတ်တဲ့ အကျင့်ကြီးကိုလည်း လုံးဝမကြိုက်ပါ။မသိမ်မွေ့တတ်တာလား သိမ်မွေ့ပြရမှာရှက်တာပဲလားမသိဘူး ဒီလူက တော်တော်စကားပြောရိုင်းပါသည်။

"မမဇူးလာပြီ ငါသွားတော့မယ်"

"ကျစ် အဲ့မမလည်း မပြန်တော့ဘူးလားမသိဘူး"

အံ့ကျူးမျိုးနွယ်က မမဇူးကိုတောင် ကြည်ဟန်မတူတော့။စုပ်သတ်ပြီး မျက်နှာကြီးရှုံ့မဲ့နေသည်။

My possessive of you Where stories live. Discover now