3

5.9K 355 9
                                    

Unicode

"ဟိတ် လရောင်လေး"

"အာ မမဇူး လာလည်တာလား"

"ဒါပေါ့ မကြီးကလေးလေးတွေကို လွမ်းလို့လေ လာပါအုန်း မမဆီကို"

ဇူးဇူးမေသော် က အံ့ကျူးမျိုးနွယ်နဲ့ တစ်ဦးတည်းသာ ရှိသော ဆွေမျိုးမောင်နှမဖြစ်သည်။အံ့ကျူးအဖွား ဒေါ်သန္တာမေဇော်နဲ့ ဇူးဇူးမေသော်ရဲ့ အဖွား ဒေါ်စန္ဒာမေဇော်က ညီအမအရင်းဖြစ်သည်။ထို့ကြောင့် အံ့ကျူးမျိုးနွယ်နဲ့ ဇူးဇူးမေသော်နဲ့က မောင်နှမ နှစ်ဝမ်းကွဲတော်စပ်သည်။

ပြည်မြို့မှာနေတဲ့ မမဇူးက ရန်ကုန်ကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်တော့ လာလည်လေ့ရှိသည်။မမဇူးက မွေးချင်းဟူ၍တစ်ဦးတည်းသာ ရှိသော အံ့ကျူးမျိုးနွယ်ကို သိပ်ချစ်သည်။နောက်မှရောက်လာတဲ့ လရောင်ကိုလည်း အံ့ကျူးနည်းတူချစ်ပေးသည်။

ဆံပင်ဂုတ်ဝဲနဲ့ မမဇူးဇူးက သွက်လက်ချက်ချာသောအမျိုးသမီးဖြစ်သည်။အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ မမက နှစ်ဆယ့်ခုနှစ်နှစ်ပြည့်သည်အထိ ရည်းစားတစ်ယောက်တစ်လေမှတောင် မရှိသေးပေ။အဖွားကို ပြုစုစောင့်ရှောက်နေတဲ့ မြေးလိမ္မာတစ်ယောက်ဖြစ်သည်။

"လရောင်လေးက အရင်လိုပဲ ဝလည်းမလာဘူးနော် မမဇူးတော့ လရောင်ကို လူကြီးဖြစ်လာတယ်ကို မထင်ဘူး"

လရောင်သသကိုယ်လေးကို ဖျစ်ညှစ်ပြီး မမက မချင့်မရဲပြောသည်။လရောင်ကလည်း  မမဇူးလို အမျိုးသမီးတစ်ယောက်နဲ့ ယှဥ်ရင်တောင် သေးညှပ်နေသေးသည်။လေတိုးရင်တောင် ကျိုးကျတော့မတတ် ပိန်လွန်းညှပ်လွန်းနေတဲ့ ခန္ဓာကိုယ်ကို အားမလိုအားမရဖြစ်ရပါသည်။အဲတာကြောင့်လည်း အံ့ကျူးမျိုးနွယ်နိုင်စားသမျှ ငြိမ်ခံနေရတာ။

"မမလည်း အရမ်းလှလာတာပဲ"

အပျိုကြီးစာရင်းထဲ ဝင်သွားတာတောင် မမဇူးဇူးက တကယ်ကို လှပါသည်။အံ့ကျူးမျိုးနွယ်နဲ့ ဆွေမျိုးရင်းချာဆိုပေမယ့် မမဇူးဇူးက ကြင်နာသနားတတ်သည်။မထင်ရင်မထင်သလို ဂျစ်တိုက်တာကတော့ သူ့မောင်နဲ့ ချွတ်စွပ်ဖြစ်သည်။

"လရောင်လေး ခု ဘာလုပ်နေတာလဲဟင်"

"ဖိုးအတွက် ပူတင်းပျော့ပျော့လေးလုပ်ပေးမလို့မမ"

My possessive of you Where stories live. Discover now