18

3.7K 217 14
                                    

𝐌𝐚𝐭𝐮𝐫𝐞 𝐒𝐞𝐧𝐬𝐞 𝐀𝐥𝐞𝐫𝐭🚨

“လရောင်သသ ဆင်းလာတာမြင်မိလား မဆွေ”

ဒီနေ့ အလုပ်ပိတ်ရက်ဖြစ်သည့်အပြင် ဟိုကောင်တွေနဲ့ ညနေပိုင်းအိမ်မှာတွေ့ဖို့ ချိန်းထားတာကြောင့် အံ့ကျူး အိမ်မှာရှိနေသည်။

လရောင်သသကို တွေ့ဖို့ မနက်အစောပိုင်းက သူ့အခန်းထဲ ဝင်သွားပေမယ့် ရေချိုးခန်းဝင်နေတာမို့ အံ့ကျူး ပြန်ထွက်ခဲ့ရသည်။အခု နေ့လည်စာစားချိန်နီးသည်အထိ သူက အိမ်ပေါ်က ဆင်းမလာသေး။ထို့ကြောင့် မမဆွေအား မေးလိုက်ခြင်းဖြစ်သည်။

“မဆင်းသေးဘူး အကိုလေး။ လရောင်လေးက အရင်ရက်‌‌ တွေကလည်း အဲ့လိုပဲရယ်”

“ကျစ်!”

မဆွေ ‌ပြောစကားအရ လရောင်သသ ဒီလိုဖြစ်နေတာ ဒီနေ့တစ်ရက်တည်း ဟုတ်ဟန်မတူ။နေ့တိုင်းသာဆိုလျှင် မကြာခင် အစာအိမ်နဲ့ ပတ်သက်ပြီး ရောဂါရလိမ့်မည်။

ကျွီ!!

အံ့ကျူး အသံမပြုပဲ အခန်းထဲဝင်သွားလိုက်တော့ laptop မှာ ခေါင်းစိုက်နေတဲ့ လရောင်သသက အလန့်တကြားလှည့်ကြည့်ကာ အံ့ကျူးကို မြင်တော့ စကရင်ကို ပြာပြာသလဲ ပိတ်ပစ်လိုက်သည်။အံ့ကျူးစိတ်ထဲ ထောင်းခနဲ ဖြစ်သွားသော်လည်း တေးထားလိုက်သေးသည်။ဒီလူသေးသေးလေးက ဘာတွေကို ခိုးကြောင်ခိုးဝှက်လုပ်နေတယ်မသိ။

“မောင်...!”

လက်ပိုက်ပြီး မျက်‌မှောင်ကျုံ့ကာ ကြည့်လာတဲ့ အံ့ကျုးမျိုးနွယ်ကို မြင်တော့ လရောင် တစ်ကိုယ်လုံးတောင့်ခဲသွားသည်။

“ဘာတွေ ဖွက်နေတာလည်း လရောင်သသ။ဒီတစ်မနက်လုံးလည်း ခင်များ အဲ့အခန်းထဲက ထွက်မလာဘူး”

အံ့ကျူးစကားက မှန်နေတာကြောင့် လရောင် ခေါင်းငုံ့ပြီးသာ မျက်လွှာချနေလိုက်ရသည်။DRH က အသစ်ထုတ်ဝေတဲ့ မဂ္ဂဇင်းမျက်နှာဖုံးအတွက် photo model မရှာပဲ art သာလိုချင်ပါတယ်ဆို၍ လရောင် ခုတလောအလုပ်ထဲ အာရုံစိုက်နေရခြင်းဖြစ်သည်။အမှန်ဆိုရင် ဒီနေ့ အံ့ကျူးမျိုးနွယ် အိမ်မှာရှိနေတာကိုလည်း လရောင်မသိပါ။

“ဟို...မောင်”

“ခင်များ ကျုပ်မသိအောင် ဘာတွေလုပ်နေတာလဲ ဟမ်!”

My possessive of you Where stories live. Discover now