22

3.3K 226 19
                                    

“မင်း စဥ်းစားကြည့်ကွာ၊ငါတစ်ယောက်လုံးရှိနေရက်နဲ့  ရာဇာထူးဟန်ဆီမှာ အလုပ်လုပ်စရာလိုသလားကွာ”

“အကိုလရောင်က အိမ်မှာပဲနေတာ မဟုတ်ဘူးလား”

မူးရင် မှောက်အိပ်တဲ့ကောင်က အခုကျတော့ စကားတွေ တတွတ်တွတ်ပြောနေသည်။“ဖြစ်သင့်လားကွာ” “လိုက်ရှာသင့်လားကွာ” ဆိုတဲ့စကားက ထပ်ချည်းတလဲလဲဖြစ်နေသည်။

“အိမ်မှာနေတော့ရော အခြားယောကျ်ားတစ်ယောက်နဲ့ ဆက်သွယ်နေတာ ငါဘယ်လိုစိတ်ချရမှာလဲ ဟမ် မင်းပြောကြည့်”

“အဲတာက...”

“သူငါ့ကို ဖောက်ပြန်သွားရင် ဘယ်လိုလုပ်မလဲ”

“ဒါပေမယ့် ငအံ့ မင်းက အကိုလရောင်ကို တရားဝင်ပိုင်ဆိုင်ထားတာမှ မဟုတ်တာ”

အံ့ကျူးက ချက်ချင်းငြိမ်သွားပြီး မျက်လုံးတွေက တွေဝေသွားသည်။ဘာမှဆက်မပြောတော့ပဲ ဆက်သာ သောက်နေပြန်သည်။အံ့ကျူးကို ကြည့်ပြီး မင်းဟန် စိတ်ရှုပ်ထွေးနေရသည်။ဒီကောင်က နေနိုင်တာလဲမဟုတ်ပဲနဲ့ အချိန်တန်ပြန်လာမှာလို့ပဲ ထင်နေတာ။မသိစိတ်ကလည်း ပြန်မလာမှာ ကြောက်နေပြန်သေးပုံရသည်။

“မင်းတကယ် လိုက်မရှာဘူးလား”

“....”

“အကိုလရောင်က မိန်းကလေးရှုံးအောင်လှတာ၊ အခုခေတ်လူတွေက ကျားမသိပ်ရွေးတော့တာ မဟုတ်ဘူး အကိုလရောင်သာ တစ်ခုခုဖြစ်ရင်”

“မနေ့ညကထိတော့ ဘာမှမဖြစ်ဘူး”

“သေချာလို့လား ငအံ့”

“အင်း ငါစုံစမ်းပြီးပြီ၊ သူ အခုလောက်ဆို ပြည်ရောက်နေမှာ လရောင်သသက ပြည်ကလွဲပြီး ဘယ်မှသွားဖူးတာမဟုတ်ဘူး”

လရောင်သသ မမဇူးဆီရောက်နေမယ်လို့ပဲ အံ့ကျူး တစ်ထစ်ချ ယုံကြည်နေမိသည်။ပြည်မြို့ကလွဲပြီး အခြားနေရာတွေကိုလည်း အံ့ကျူးခေါ်မသွားဖူးသလို သူ့တစ်ယောက်ထဲလည်း ဘယ်မြို့ကိုမှ သွားခွင့်မပေးခဲ့ဖူးပေ။

“များနေပြီ ဟေ့ကောင် တော်တော့”

တစ်ခွက်ပြီးတစ်ခွက်ဆက်သောက်နေတာမို့ ညီမင်းဟန် အံ့ကျူးကို လက်မောင်းရင်းကနေ ဆွဲချုပ်ထားလိုက်ရသည်။

My possessive of you Where stories live. Discover now