9

4.2K 260 7
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

"ကျုပ်ကိုလွှဲပေးထားခဲ့တဲ့ အမေ့ပိုင်ဆိုင်မှုတွေ လိုချင်ပြီ"

"ဘာ! !"

တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းက ရုတ်တရက် ထွက်လာတဲ့ အံ့ကျူးမျိုးနွယ်ရဲ့ အသံကြောင့် တုန်ခါသွားသည်။ဖိုးက မယုံနိုင်သလို ကြည့်နေပေမယ့် ဖေဖေကတော့ ဒေါသစိတ်ကြောင့် နေရာမှ ချက်ချင်းထကာ မျက်လုံးတွေတောင်နီရဲလာသည်။လရောင်လည်း ကြက်သီးမွေးညင်းတွေပင် ထလာမိသည်။ဖေဖေ့ဒေါသကို လရောင်သသထက်အံ့ကျူးမျိုးနွယ်က ပိုသိကောင်းသိနိုင်သည်။

"ဦးဥာဏ်ဆီမှာ အမေကျုပ်အတွက်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ သွားယူမလို့ အဲဒါ အသိပေးသင့်တယ်ထင်လို့"

အံ့ကျူးက ဘယ်သူ့ကိုမှ ဂရုမစိုက်စွာပင် ပြောပြီး ထမင်းတစ်ဇွန်းခပ်ကာ ဇိမ်ပြေနပြေဝါးနေသည်။

"မင်း ဘယ်လိုစောက်ရှက်နဲ့ ဒီစကားမျိုးပြောရဲတာလဲ"

"ကျုပ်ပစ္စည်းကျုပ်တောင်းတာ အရှက်တွေ သိက္ခာတွေ လိုသေးလား"

ဖေဖေ့ကို လေးစားသမှုမရှိသည့်အပြင် ထမင်းစားမပျက်ပဲ ပြောနေသည့်သူကြောင့် လရောင်ပါ ကြားထဲက ကျောချမ်းနေရသည်။

အံ့ကျူးမျိုးနွယ်ရဲ့ မိခင်က အံ့ကျူးလေးမွေးပြီး တစ်နှစ်အကြာမှာ ဆုံးပါးခဲ့ခြင်းဖြစ်သည်။တစ်ဦးတည်းသောမျိုးဆက်အတွက် သူမပိုင်အတွင်းပစ္စည်းတော်တော်များများနဲ့ ကုမ္ပဏီ၏ ရှယ်ယာအချို့ကို အံ့ကျူးအတွက် ရှေ့နေဦးဥာဏ်ထံမှာ အပ်နှံထားခဲ့သည်။

အံ့ကျူးရဲ့ အေးစက်စက်အပြုအမူနဲ့ ထွက်လာတဲ့ မတန်မရာစကားကြောင့် ဦးခင်ဇော်မျိုးနွယ် ဒေါသအကြီးအကျယ်ထွက်မိသည်။အလုပ်ထဲသွင်းပြီး ကုမ္ပဏီကို ဦးစီးနိုင်မည့် အချိန်မှ အံ့ကျူးမိခင် မှာခဲ့သည့်အတိုင်း လွှဲပြောင်းပေးဖို့ စီစဥ်ခဲ့ပေမယ့် ပေါ့ပေါ့တန်တန်နေသူက ကုမ္ပဏီအလုပ်တွေကို စိတ်မဝင်စားဟုဆိုသည်။သားဖြစ်သူရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်လိုသော်လည်း မချစ်သင့်သည့်သူကို ချစ်နေမိပြီဆိုတာကို သိကတည်းက ကန့်ကွက်ဖို့ဆုံးဖြတ်ခဲ့သည်။

My possessive of you Where stories live. Discover now