2

6.7K 396 29
                                    

Unicode

"ဘာဖြစ်လို့ အလောတကြီး ဖြစ်နေတာလဲ မြေးငယ်"

ဧည့်ခန်းထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီး အပြင်ထွက်သွားသူနောက်ကို ချက်ချင်းပြေးလိုက်သွားချင်သည့် စိတ်တွေကို တတ်နိုင်သမျှ လျှော့ချနေရတာဖြစ်သည်။ဧည့်ခန်းထဲမှာ ဖိုးတစ်ယောက်တည်း ထိုင်နေတာဆိုရင် အံ့ကျူးချက်ချင်း ထွက်သွားမိမှာဖြစ်သည်။အခုက ဖေဖေပါရှိနေ၍ အံ့ကျူးငြိမ်နေရတာဖြစ်သည်။

အပြင်ကရောက်ရောက်ချင်း လရောင်သသကို မေးပြီး ချက်ချင်းပြန်ထွက်သွားရင် လရောင်သသနောက် လိုက်သွားမှန်း တစ်အိမ်လုံးသိမှာဖြစ်သည်။ကျန်တဲ့လူတွေကို ဂရုမစိုက်ပေမယ့် အဖေ့ကိုတော့ အံ့ကျူးရှိန်သည်။ဦးခင်ဇော်မျိုးနွယ်က လရောင်သသနဲ့ ပတ်သက်ပြီး အံ့ကျူးပြာယာခတ်နေတာမျိုးကို မကြိုက်။ပုံမှန်အချိန်တွေမှာ အေးအေးဆေးဆေးနေတတ်ပေမယ့် သသကြောင့် အံ့ကျူး ဂယောက်ဂယက်ဖြစ်နေရင် အံ့ကျူးနားမလည်နိုင်တဲ့ အကြည့်မျိုးနဲ့ အဖေက ခြိမ်းခြောက်တတ်သည်။

အပြင်က သတင်းသဲ့သဲ့ကြားခဲ့ပြီး ပြန်ရောက်လာချင်းပဲ အိမ်မှာ လရောင်သသပါရှိမနေ၍ အံ့ကျူးဒေါသတွေ ငယ်ထိပ်ရောက်နေပြီဖြစ်သည်။လရောင်သသက သိပ်ကိုပြောရဆိုရခက်တာ။

"လရောင်သသ ဘယ်သွားလဲ ဖိုးသိလား"

"မောင်ရာဇာနဲ့အတူ ပါသွားတယ်လေ မြေးရဲ့ ဘာဖြစ်လို့လဲ"

တောက်!!

"ဘာတွေဒေါသထွက်နေတာလဲ မြေးငယ် လရောင်လေးကို ခိုင်းစရာရှိလို့လား"

လရောင်သသကို အံ့ကျူးခေါ်လိုက်တိုင်း ခိုင်းဖို့ပဲထင်နေတဲ့ အဖိုးရဲ့ တစ်သမတ်အမြင်ကြီးကိုလည်း ပြောင်းလဲပစ်ချင်ပါသည်။လရောင်သသက နေကြာပန်းဆိုလျှင် အံ့ကျူးမျိုးနွယ်ကပဲ နေမင်းကြီးဖြစ်ချင်ပါသည်။သူနဲ့ရှိတဲ့ အချိန်ပဲ လှပသက်ဝင်စေချင်သည်။

လူက ကနွဲ့ကယဖြစ်နေတဲ့ အပြင် ဆံပင်တွေကလည်း မြင်မကောင်းလောက်အောင် ပုခုံးအောက်နားထိ ရှည်နေသည်။ဆံပင်ရှည်ထားဖို့ကိုတော့ လရောင်သသက တော်တော်ကို အားစိုက်ရှာတာဖြစ်သည်။အလယ်တန်းပြီးကတည်းက ဆံပင်အရှည်ထားဖို့ကြိုးစားခဲ့တာဖြစ်သည်။ဖိုးနဲ့ ဖွားကလည်း လရောင်သသ ဘာလုပ်လုပ် လက်ခံပေးနေတော့တာ။

My possessive of you Where stories live. Discover now