16

4.4K 292 12
                                    

"Mini mart ဝင်ချင်သေးတယ်"

စိတ်ဆိုးနေသူက အိမ်ပြန်လမ်းတစ်လျှောက်လုံး အသံတိတ်နေကာ လိုချင်တာရှိမှ အသံထွက်လာတာဖြစ်သည်။အံ့ကျူး ခပ်ရဲ့ရဲ့သာ ပြုံးလိုက်ပြီး သူ့ကို ကြည့်လိုက်တော့ အလိုလိုက်ထားတဲ့ ကြောင်ဆိုးလေးလို ကြည့်နေသည်။

"ငါဝယ်စရာတွေရှိသေးလို့"

အံ့ကျူး ပြုံးမြဲသာပြုံးနေလိုက်တော့ အသံက ခပ်ဆာဆာလေးဖြစ်လာသည်။

"အံ့ကျူးမျိုးနွယ်...!!"

"အချိန်က ပြန်လုပ်ယူလို့မရဘူး ရုံးက သယ်လာတဲ့ အလုပ်တွေ မောင့်မှာရှိသေးတယ်"

အံ့ကျူး ခပ်မှန်မှန်ကားမောင်းရင်းပဲ သူ့ကို မကြည့်ပဲဖြေလိုက်သည်။မျက်လုံးလေးတွေက စုကျုံ့သွားပေမယ့် ချက်ချင်းပဲ အောက်နှုတ်ခမ်းက ဖောင်းထွက်လာသည်။နှုတ်ခမ်းစူလိုက်တာနဲ့အမျှ ပါးဖောင်းဖောင်းလေးတွေကလည်း ပိုဖောင်းလာသည်။ထိုပါးလေးတွေက ဖြူဖြူလုံးလုံးလေးနဲ့ နို့ကိတ်လေးတွေနဲ့ တူသည်။

"အဟမ်း၊ တစ်ခုတော့ရှိတယ်"

အံ့ကျူးက ရွေးချယ်ခွင့်ပေးတော့မှာကို သိတော့ မျက်လုံးလေးတွေက တောက်လာပြီး တက်တက်ကြွကြွလေးဖြစ်လာသည်။တကယ့် ကလေးလေးလိုပဲ။မျက်နှာလေးက ရှေ့ကို တိုးလာကာ အံ့ကျူးပြောလာမယ့် စကားကို စောင့်နေသည်။

"နမ်းမယ်"

"အင်း တစ်ခါ.."

"မရဘူး အကြာကြီး...။ဝအောင် နမ်းမယ်"

"ဘာ"

လရောင် ခေါင်းကြိမ်းသွားရသည်။ကိုယ့်ဘက်က ခေါင်းမညိတ်ပဲနေရင်တောင် အတင်းနမ်းတဲ့လူက လရောင်များ ခွင့်ပြုချက်နဲ့ နမ်းခိုင်းလိုက်ရင် မျက်နှာတစ်ပြင်လုံး အကောင်းရှိလိမ့်မယ်မထင်။

"ရှေ့နားဆိုရင် mart ကိုရောက်ပြီ စဥ်းစားနော် အိမ်ရောက်မှဆိုရင် ပြန်လိုက်မပို့ဘူး"

ကားကို ပုံမှန်ထက် လျှော့မောင်းလိုက်ပြီး သူ့ကို မကြည့်ပဲ အံ့ကျူးတမင်ပင် အသံမြှင့်ပြောနေလိုက်သည်။တစ်ခုလိုချင် တစ်ခုတော့ ပေးရမယ်လေ လရောင်သသရာ...။

My possessive of you Where stories live. Discover now