13

4.7K 228 15
                                    

𝐌𝐚𝐭𝐮𝐫𝐞 𝐒𝐞𝐧𝐜𝐞 𝐀𝐥𝐞𝐫𝐭!!

အိမ်ရှေ့မှာ လရောင်သသ ဟိုလျှောက်ဒီလျှောက်နဲ့ ဂဏှာမငြိမ်ဖြစ်နေသည်။ညနေ 7နာရီလောက်ကတည်းက ထွက်သွားတဲ့သူက 10နာရီထိုးသည်အထိ ရောက်မလာ။ အချိန်က အံ့ကျူးအတွက်တော့ နောက်မကျသေးပေမယ့် ဒေါသထွက်ပြီး သွားတာမို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေမိသည်။ဖိုးကလည်း တော်တော်နဲ့ မအိပ် ။ ဖိုးက ဖေဖေ ဦးခင်ဇော်ကိုလည်း ဘာမှမပြောသလို မြေးဖြစ်သူကိုလည်း အရိပ်တကြည့်ကြည့်ရှိလှသည်။

ကျောလယ်ထိလုနီးပါး ဆံပင်ရှည်တွေကို ဆံညှပ်နဲ့ လှန်သိမ်းထားပြီး Stitchပုံလေးတွေပါတဲ့ ဆင်စွယ်ရောင် pajama ကို ဝတ်ထားတဲ့ လရောင်က အိမ်စီးဖိနပ်အပါးလေးနဲ့ မငြိမ်သက်စွာပင် အိမ်ရှေ့မှာ လမ်းလျှောက်နေမိသည်။ ဖုန်းခေါ်လို့လည်း မရတာမို့ လရောင် ပျာယာခတ်နေသည်။ဖေဖေကတော့ ညနေကတည်းက အခန်းထဲက ထွက်မလာတော့။ ဖိုးနဲ့ လရောင်မှာသာ ကြားထဲက စိတ်ဆင်းရဲနေရသည်။ဘာတွေဆိုးဆိုးဝါးဝါးဖြစ်ကြလည်း မသိပေမယ့် ဘေးကမြင်နေရရုံနဲ့တောင် လရောင် စိတ်ပင်ပန်းနေသည်။

"So I tell you. A million tiny things that... "

လက်ထဲက ဖုန်းက ringtoneနဲ့အတူ တုန်ခါလာတာမို့ ကြည့်လိုက်တော့ အံ့ကျူးမျိုးနွယ်ဆီမှ ဖြစ်နေသည်။

"ဟယ်လို အံ့ကျူး"

"အဲ..အကိုလရောင် ကိုင်ပြီ၊ ဟေ့ကောင် ရဲထွဋ် မင်းပြောလိုက် အေ့.."

အံ့ကျူးဖုန်းဆိုပေမယ့် တစ်ဖက်က လူက အံ့ကျူးမဟုတ်။ လေးလုံးမကွဲတဲ့လေသံနဲ့ ညီမင်းဟန်ဖြစ်နေသည်။ DJ သံတွေနဲ့ ဆူညံသံတွေအရ ဘားတစ်ခုမှာ ဖြစ်လိမ့်မည်။

"အယ်ကို့...ဟီးဟီး..."

ရဲထွဋ်က ဖုန်းကိုင်ပြီး ရယ်နေသေးသည်။လေသံတွေအရ လူမှန်းသူမှန်းသိကြမည့် အနေအထားမဟုတ်တော့ပေ။ အံ့ကျူးအသံကတော့ မကြားရသေးပေ။ မူးနေတဲ့ အံ့ကျူးက ချစ်စရာကောင်းတာကိုတော့ လရောင်ကောင်းကောင်းသိသည်။

"ရဲထွဋ်...အံ့ကျူးမျိုးနွယ်ရော မင်းတို့မူးနေကြပြီ"

"အေ့..ဟုတ်တယ် ကိုကြီး..ဟီးဟီးဟီး အံ့ကျူးက မှောက်နေပြီ အဲတာ သားတို့ မနိုင်လို့ လာခေါ်.."

My possessive of you Onde histórias criam vida. Descubra agora