7

4.4K 264 8
                                    

Unicode

"အလုပ်က ဒီနေ့စဝင်ရမှာလား မြေး"

"ဟုတ်ကဲ့ ဖိုး"

မနက်စာဝိုင်းတွင် ဖိုးက မေးခြင်းဖြစ်သည်။မိုးပြာရောင်အင်္ကျီနဲ့ အဖြူရောင် pantကို တွဲဝတ်ထားသည့် လရောင်သသကို ပေါင်မုန့်ဝါးနေရင်းကနေ အံ့ကျူးတစ်ချက််သာမော့ကြည့်လိုက်သည်။နက်မှောင်နေတဲ့ ဆံပင်တွေကို ကျောပြင်ပေါ်မှာ ဖြန့်ချထားပြီး နားသယ်စပ်တွေကိုတော့ ဆံညှပ်အသေးလေးတွေနဲ့ လှန်သိမ်းထားသည်။နဂိုဖြူဝင်းနေတဲ့ မျက်နှာက မိတ်ကပ်ပါးပါးလူးထားတာထင်သည့်အပြင် နှုတ်ခမ်းပါးပါးကိုပါ အရောင်နုနုတင်ထားသေးတာကြောင့် ရွှန်းရွှန်းစိုစိုနဲ့ လှသွေးကြွလွန်းနေသည်။

"တော်ပြီလား မြေးငယ်၊ဘယ်လောက်မှလည်း မစားပါ့လား"

"တော်ပြီ ဖိုး လည်နင်လို့"

"ဟင်"

အံ့ကျူးမျိုးနွယ်စကားကြောင့် လရောင်စိတ်ထဲ ကသိကအောင့်ဖြစ်သွားရသည်။လရောင်ဝင်လာခါစတုန်းကတောင် ပေါင်မုန့်ကို အတင်းထိုးသိပ်နေတဲ့သူက လရောင်ဘေးမှာ ဝင်ထိုင်ကာမှ လည်နင်လို့ဆိုတော့ လရောင်ကို တမင်ရွဲ့ပြောခြင်းပဲဖြစ်မည်။

"အလုပ်က ဘာလဲ"

"ဟင်"

နေရာကနေ ထပြီးတာတောင် ချက်ချင်းမသွားပဲ လရောင်ကို မေးဆတ်ပြီး အကြည့်စူးစူးတွေနဲ့ မေးသည်။မျက်ခုံးတွေ တွန့်ချိုးထားတာကတော့ သူ့ရဲ့ စတိုင်လိုပင် ဖြစ်နေတော့သည်။ဘာသဘောနဲ့ မေးတာလဲ မသိပေမယ့် လရောင် တုန်တုန်ရီရီဖြစ်ရသည်။သူအခုအလုပ်ဝင်မယ့်နေရာက အံ့ကျူးမျိုးနွယ်ခါခါသီးသီးမုန်းနေသည့် ရာဇာ့ကြောင့်ဖြစ်သည်။

"ခင်များအလုပ်က ဘာလဲ ရုပ်ရှင်ရိုက်ဖို့တော့မဟုတ်လောက်ပါဘူးနော်"

"ဟင် "

"တဟင်ဟင်နဲ့ နားလေးနေတာလား"

"မြေးငယ် လရောင်လေးကို ဘယ်လိုတွေပြောနေတာလဲ"

အံ့ကျူးရဲ့ တစ်ဖက်သက် ဘုတောတောစကားတွေကို ဖိုးကပါ ဝင်ပြောလာသည်။အဲဒီအံ့ကျူးက လူကိုမြင်ရင် တစ်ခုမဟုတ်တစ်ခု အပြစ်ရှာသည်။ချစ်လွန်းလို့သာ သည်းခံနေရတာ အံ့ကျူးက ဘယ်တော့မှ အချိုးပြောင်းလာမယ့်သူမဟုတ်။

My possessive of you Where stories live. Discover now