ရွာသူကြီးတွင် အိမ်ရောင်းရန်ရှိသည်

856 124 0
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၂၂။ ။ ရွာသူကြီးတွင် အိမ်ရောင်းရန်ရှိသည်

"အိုက်ယား၊ မိန်းကလေးစု! ငါတကယ်ရှက်တယ်။ အာ! မင်းကဘာမှမလုပ်ဘဲနဲ့ အပြန်ပြန်အလှန်လှန်ပြောခဲ့တဲ့အတွက် ဉာဏ်မမီတဲ့ ငါ့ကိုပဲ အပြစ်ပြောပါနော်၊ ယောက္ခမရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းဘူး၊ ဒါကြောင့် မင်းတို့ကို လိုက်မပို့တော့ဘူးနော်၊ အဆင်ပြေလား? မင်းတို့နှစ်ယောက် အပြန်လမ်းမှာဘေးကင်းပါစေ!" ဖုန်းရှီ သည် စုရွှေလျန် နှင့် လင်းစစ်ယောင် တို့ ခြံပြင်သို့ ထွက်သွားတာကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ သူမ၏ ခြံဝင်းထဲတွင် ယခုထိမပြန်သေးပဲ အတင်းအဖျင်းပြော‌နေသော မိန်းမများကို လှည့်ကြည့်လိုက်ရင်း ဖုန်းရှီ ခါးထောက်ကာ"နင်တို့ တစ်ယောက်ချင်းစီက ပျော်စရာတွေကြည့်ဖို့ ဒီမှာလာနေကြတာလား။ ရှူး!ရှူး! စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ဟာတွေ သွားစမ်း!"

"ကျွတ်.. ငါပြောသားပဲ၊ ဟွာအိမ်ရဲ့မိသားစုဝင်တွေက သူတို့ကိုနေ့လယ်စာ‌ကျွေးဖို့တောင် အသိမရှိကြဘူး။ ငါသာနင့်ကိုမသိဘူးဆိုရင် နင်ကအရမ်းမောက်မာတယ်လို့ထင်မိမှာပဲ !" ဟွာအိမ် ဘယ်လောက်ကပ်‌စေးနဲသလဲဆိုတာကို မြင်ပြီးနောက် ပိုပြီး ရိုးသားတဲ့ အမျိုးသမီး တစ်ယောက်ဆီမှ ဤစကားများ ထွက်ပေါ်လာသည်။
သူတို့ စကားကိုပြန်ရုတ်သိမ်းပြီး စာချုပ်ကို ဖောက်ဖျက်ခဲ့ပေမဲ့ လင်မယားနှစ်ယောက်လုံးအပြစ်မရှိသလိုပဲ နေ့ခင်းကြောင်တောင်ကြီးမှာတောင် လိုက်လာရဲသေးတယ်။

"ထျန်းကျဲ၊ မ‌ကောင်ဘူးလို့ခံစားရရင် နေ့လည်စာစားဖို့ နင့်အိမ်ကိုဘာလို့မဖိတ်တာလဲ!? ငါ့အိမ်မှာ လူခြောက်ယောက်နဲ့တင် ပြည့်ကျပ်နေတယ်!" ဟွာအိမ်ကတွန့်တိုတယ်ဆိုတာကို အကြီးဆုံးချွေးမဖြစ်သူကြားသောအခါ သူမ၏ နှလုံးသား မီးတောက်သွားသည်။ မနေ့ညကတည်းက မိသားစုဝင် အကြီးအငယ်တိုင်းက သူမကို အော်ဟစ် ဟောပြောနေခဲ့ကြသည်။ နောက်ဆုံး သူမသည် ပြဿနာကို ဖြေရှင်းလိုက်သောအခါတွင်လည်း အနီးနားရှိ အခြားအိမ်များ၏ လှောင်ပြောင်ခြင်းခံခဲ့ရသည်။ ထို့‌ကြောင့် သူမ သည်းမခံနိုင်‌တော့ပေ။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now