လပြည့်ဝန်း

703 97 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၅၁။ ။ လပြည့်ဝန်း

"အခုကစပြီး မင်းမှာ ကိုယ်ရှိတယ်" လင်းစစ်ယောင်သည် ကတိသစ္စာပြုရင်း သူမ၏ ကွေ့ဟွားရနံ့သင်းနေသောနူးညံ့သည့်နှုတ်ခမ်းများကို နမ်းလိုက်သည်။ ဘယ်သူပဲဖြစ်‌နေပါစေ သူမကို နောက်ထပ်နာကျင်အောင် လုပ်ခွင့်ပေးမှာမဟုတ်တော့ပေ။
“အမ်.. ကျေးဇူးတင်ပါတယ်…” စုရွှေလျန် ပြုံးပြီး သူ့ရဲ့အဆုံးမရှိနက်မှောင်နေတဲ့ မျက်လုံးတစ်စုံကို ကြည့်ရင်း သူမ၏မှိုင်းညို့နေသော မျက်လုံးများတောက်ပလာသည်။
“ငါ့ကို ဒီလောက်ယဉ်ကျေးမနေပါနဲ့” သူက သူမနှုတ်ခမ်းတွေကို တတိတိ ကိုက်ရင်းနမ်းလိုက်သည်၊ ပြစ်ဒဏ်တစ်ခုလို့ထင်ရပေမဲ့ ကတိတစ်ခုထက်ပို၏။ ဟုတ်သည်၊ လင်နှင့်မယားကြားမှာ ယဉ်ကျေးဖို့ မလိုအပ်ပေ။
"အထဲကို ပြန်ဝင်ရအောင်" လင်းစစ်ယောင်သည် သူမနှုတ်ခမ်းများကို အင်တင်တင်ဖြင့် လွှတ်လိုက်ရသည်။ သူမနှုတ်ခမ်းတွေကို လက်မနဲ့ ပွတ်သပ်ရင်း တည်ငြိမ်တဲ့လေသံဖြင့်ပြောလိုက်၏။
”အခုချက်ချင်း? ...ဒါပေမယ့် လက အမြင့်ဆုံးနေရာကို ရောက်မလာသေးဘူးလေ...” စုရွှေလျန်သည် ချယ်ရီပင်၏ အမြင့်နေရာလောက်သို့ ရောက်ရှိသွားသော လကို မော့ကြည့်လိုက်သည်။ သူမ၏နီရဲနေသော ပါးပြင်များကို ညင်သာစွာ ပွတ်သပ်ကာ ငြိမ်သက်နေ၏။
"အဲဒီနေရာမှာပဲရှိသေးတယ်.." သူ ထပ်မစောင့်နိုင်တော့ဘူး။ လပြည့်တာကို ထိုင်ကြည့်ရမယ်လို့ ဘယ်သူပြောခဲ့တာလဲ? အိပ်ခန်းကနေ ဘာလို့ မကြည့်တာလဲ? အိပ်ယာပေါ်မှာသူမကိုပွေ့ဖက်ထားရင်း အိပ်ခန်းပြတင်းပေါက်ကနေ လကိုကြည့်ရတာ ပိုကောင်းမယ်ဆိုတာ သေချာတယ်။
ဒါ့ကြောင့် လင်းစစ်ယောင်သည် သူ့မိန်းမငယ်လေး၏ သဘောထားကို ဂရုမစိုက်တော့ဘဲ သူမကို မ,ချီကာ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ သူမကို ကုတင်ပေါ်တင်ပြီး သူတို့နှစ်ယောက်စလုံးရဲ့အဝတ်အစားတွေကို အမြန်ချွတ်ကာ သူမကိုခြိမ်းခြောက်လိုက်သည်။
အခန်းထဲက အလင်းရောင်တွေ တဖျပ်ဖျပ်ခတ်နေပြီး အပြင်မှာတော့ လရောင်က တောက်ပနေသည်။
ဝံပုလွေလေးတွေက သူတို့ဝင်သွားတာကို ကြည့်ပြီး ခေါင်းလေးနဲ့အမြီးလေးများယမ်းကာတုံ့ပြန်ကြသည်။ ၎င်းတို့သည် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောက်စားပွဲဆီသို့ သွားလိုက်ကြ၏၊ ဟားဟား…. အခုတော့ စားပွဲခုံပေါ်ရှိ အစားအစာအားလုံးသည် သူတို့ပိုင်သွားလေပြီ။
---
“အိုး…..”
စုရွှေလျန် နိုးလာပြီး သူမနားထင်ကို နှိပ်နယ်လိုက်သည်။ သူမသည် စိတ်တွင်းတွင်မူ မကျေမနပ် ပြောနေသည်- သုံးခွက်ပဲ မဟုတ်လား?အစ်ကိုနဲ့ ယှဉ်ပြိုင်တုန်းကတောင် အနည်းဆုံး ပုလင်းသေးသေးလေး တစ်လုံးလောက် သောက်နိုင်သေးတယ် ၊ ဒါပေမဲ့ အဲဒီတုန်းက စပျစ်ဝိုင်တွေ ဆိုတော့။ ဤနေရာတွင် ကွေ့ဟွားဝိုင်သည် အရက်ပမာဏ ပိုများသဖြင့် သူမအရက်မူးပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို မမှတ်မိတာဖြစ်နိုင်၏... သူမတို့အိပ်ခန်းထဲသို့ အတိအကျ မည်သို့ပြန်လာခဲ့သနည်း?
"နိုးပြီလား?" လင်းစစ်ယောင်၏ ရယ်မောသံသည် သူမနား,နားမှ ထွက်ပေါ်လာသည်။ သူမ၏ ကျောသည် သူ့ရင်ဘတ်ပေါ်တွင် ရှိနေပြီး သူ့လက်များကို သူမ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်ထားသည်။ သူတို့သည် အလွန်နီးကပ်နေပြီး သူမတစ်ကိုယ်လုံး သူ၏နွေးထွေးမှုကို ခံစားနေရသည်။
စုရွှေလျန်၏ နားရွက်များ နီရဲလာ၏။သူမ၏ တင်ပါးအား သူ၏ ဝမ်းဗိုက်အောက်ပိုင်းနှင့် မထိမိစေရန် အပြင်းအထန် ကြိုးစားရင်း သူမ၏ခန္ဓာကိုယ်ကိုရုန်းထွက်ရန် ကြိုးပမ်းနေသည်။ သူမ ပြန်လှည့်ကြည့်ဖို့တောင် ရှက်လွန်းနေ၏။ လူနှစ်ယောက် အလွန်နီးကပ်နေသော ယခုကဲ့သို့အနေအထားမျိုးကို သူမ အခုမှ ပထမဆုံးအကြိမ် ကြုံဖူးတယ်ဆိုတာကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
အရင်တုန်းက သူမနိုးသည်ဖြစ်စေ မနိုးသည်ဖြစ်စေ သူသည် သူမနှင့် အမြဲရေချိုးပြီးနောက်ပိုင်းတွင် သူ့ဘောင်းဘီရှည်ကိုဝတ်ကာ သူမအားအဝတ်အစားဝတ်ရန် ကူညီခဲ့သည်။
သို့သော် မနေ့ညက…. အဲ့လိုဖြစ်သွားစေတာက ကွေ့ဟွားဝိုင်ကြောင့်လို့ ဆိုနိုင်မလား? သူမသည် ပို၍ပင် ရှက်လာသည်။
“ရွှေလျန်…” လင်းစစ်ယောင် ရယ်မောလိုက်၏၊ သူမရှက်နေမှန်း သူသိသည်။ မင်္ဂလာဆောင်သည့်နေ့မှစ၍ သူတို့သည် ဆယ်ကြိမ်ထက်မနည်း ရင်းနှီးလာခဲ့ကြသော်လည်း သူ၏ “ရိုးသားမှု” ကို သူမရင်မဆိုင်နိုင်သေးပေ။
“ဟေး! လင်းစစ်ယောင်!" စုရွှေလျန် အော်ဟစ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတစ်ကိုယ်လုံး နီမြန်းလာ၏။
ပြေပြစ်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ သူသည် သူမခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ရုတ်တရတ် လှုပ်ရှားမှုကြောင့် သူ့ရင်ဘတ်ကို လက်ဖြင့် ကိုင်ထားရုံသာတတ်နိုင်ခဲ့သည်။ စုရွှေလျန် နှုတ်ခမ်းစူပြီး သူ့မျက်နှာကို ကြည့်လိုက်၏၊ တခြားဘယ်ကိုမှ မကြည့်ဝံ့ပေ။
“ဟာဟားဟား….” ဒါကိုမြင်လိုက်ရတော့ လင်းစစ်ယောင် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ အေးစက်နေပုံရသော သူ့မျက်နှာမှ ရုတ်တရက် အမူအရာပြောင်းလဲသွားခြင်းသည် စုရွှေလျန် ကို အံသြသွားစေသည်။
သူ... သူ ရယ်လိုက်ရင် အရမ်းချောတယ်...
စုရွှေလျန်သည် ချောမောစွာပြုံးနေသော သူ့မျက်နှာဆီသို့ သူမ၏ လက်များကို မသိစိတ်ဖြင့် မြှောက်လိုက်မိသည်။ ကွေးညွတ်နေသော မျက်ခုံးများ၊ ဖြောင့်စင်းသော နှာတံ၊ပါးလွှာသောနှုတ်ခမ်း... ပြီးတော့သူ့မျက်နှာပေါ်ရှိ ရယ်လိုက်ရင်ပေါ်လာသော ပါးချိုင့်နှစ်ခု။
ဟုတ်ပါသည်၊ ယခင်က အေးစက်ပြီး အကြင်နာမဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူဟာ ရယ်မောလိုက်ရင် ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပါးချိုင့်နှစ်ခုရှိလို့နေသည်။
"ဒါကြောင့်လား?" သူမသည် မသိစိတ်ဖြင့် သူမအတွေးများကို ထုတ်ပြောလိုက်မိသည်။
"ဟမ်?" သူ့မျက်နှာမှာ အပြုံးတစ်ပွင့် ကျန်ရှိနေပြီး စုရွှေလျန်၏ ကျပန်းမေးခွန်းကို လင်းစစ်ယောင် မျက်ခုံးပင့်ကာ မေးခွန်းထုတ်လိုက်သည်။
"ရှင် အမြဲလိုလိုပဲ ပြုံးလေ့မရှိဘူး ၊ ပါးချိုင့်တွေကြောင့်လား" စုရွှေလျန်က သူ့ပါးကို ဖိလိုက်သည်။ သူမသည် သူ၏ ချစ်စဖွယ် ပါးချိုင့်များကို ဆက်၍ ကြည့်နေလိုက်၏။
"မင်း သူတို့ကို (ပါးချိုင့်တွေကို) ကြိုက်လား" သူမလက်သေးသေးလေးတွေကို ယူလိုက်ပြီး သူ့ခါးပေါ် တင်ထားလိုက်ပြီးနောက် သူ့လက်များသည်လည်း သူမ၏ ချောမွတ်နေသောခန္ဓာကိုယ်တစ်လျှောက်ကို ခြေဦးလှည့်သွားသည်။
“အားယောင်…” စုရွှေလျန် သူဘာလုပ်တော့မယ်ဆိုတာ သိလိုက်တဲ့အခါ ရှက်ရှက်နဲ့ ရုန်းကန်လိုက်သည်။ သူမရုန်းနေလည်း အချည်းနှီးပဲမို့ သူ့ကိုယ်ပေါ်ရှိ အမာရွတ်များစွာပေါ်သို့ လက်တင်ထားလိုက်ရသည်။
သူတို့မင်္ဂလာဆောင်တဲ့ညမှာ သူမဟာ ဒီဒဏ်ရာတွေကို သတိထားမိပြီးဖြစ်ပေမယ့် သူက ဒီအကြောင်းမပြောခဲ့တာကြောင့် သူမ မမေးခဲ့ပေ။ သို့သော် ဤအမာရွတ်အများအပြားကိုကြည့်ရင်း သူ့အတွက် မည်မျှခက်ခက်ခဲခဲဖြစ်ခဲ့ရသည်ကို တွေးကြည့်နိုင်နေပြီ။
"အကျည်းတန်တယ်မဟုတ်လား?" သူ့အမာရွတ်တွေကို သူမပွတ်သပ်လိုက်တဲ့အကြိမ်တိုင်း လင်းစစ်ယောင်က ဒီမေးခွန်းကို မေးသည်။
“အကျည်းမတန်ပါဘူး” သူမ ပြန်ဖြေသည်။ ဟုတ်ပါသည် ၊ သူမ၏မျက်လုံးထဲတွင် ဤအမာရွတ်များ၏အသွင်အပြင်မှာ လုံးဝအရေးမပါချေ။ သို့သော် သူ့အတိတ်ဆင်းရဲဒုက္ခများကို တွေးတောရင်း သူမစိတ်ဆင်းရဲနေမိသည်။
ဒဏ်ရာတွေကို ပထမဆုံးမြင်တော့ သူမက "အားယောင်၊ ဘူးထဲမှာပါတဲ့ အမြုတေရည်တွေသောက်ရင် ဒီအမာရွတ်တွေကို အကူအညီဖြစ်စေနိုင်လား" လို့ မေးခဲ့ဖူးသည်။
"မသေချာဘူး" သူက အေးအေးဆေးဆေးပင် ပြန်ဖြေခဲ့၏။
အမှန်အတိုင်းပြောရရင် "ကျောက်စိမ်းအမြုတေနတ်ဆေးရည်"၏ အကျိုးသက်ရောက်မှုတွေကို သူသိသည်။ သူမ သူ့ဒဏ်ရာတွေကို လိမ်းပေးတဲ့အပြင်တစ်ဇွန်းစာလောက် သူ့ကိုတိုက်ပြီးတဲ့နောက် သူပြန်ကောင်းလာရုံသာမက ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ထိုးဖောက်ဝင်ရောက်ထားတဲ့ ဒဏ်ရာနေရာကို နာကျင်မှုမရှိသလို ပျောက်ကင်းသွားစေခဲ့သည်။
"မင်းငါ့ကို စိတ်ကုန်သွားပြီလား" သူမမေးခွန်းကြောင့် စိတ်ထိခိုက်ဟန်ဆောင်ကာ ဘူးကို ထုတ်လာပြီး သူ့အား အသုံးပြုရန် အတင်းအကြပ်တိုက်တွန်းမည်ကို စိုးရိမ်နေဟန်ဆောင်လိုက်သည်။
အထွတ်အမြတ်ထားအပ်သောရတနာကို သာမန်အမာရွတ်လျှော့ချဆေးအဖြစ် အသုံးပြုချင်နေသော သူမဖြစ်အင်ကိုတွေးကာ သူသက်ပြင်းချလိုက်မိသည်။
"ဘယ်ဟုတ်မလဲ!" စုရွှေလျန် သူမလက်ကို ဝှေ့ယမ်းပြီး အမြန်ပြန်ဖြေလိုက်သည်။ သူမက သူ့အတွက် စိတ်ပူနေခဲ့ရုံလေးပါပဲ။
"ကောင်းတယ်။ အခုကစပြီး ဒီအဓိပ္ပာယ်မရှိတဲ့ အမာရွတ်တွေအတွက် စိတ်ပူမနေနဲ့။” သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
---
"... အားယောင်... ကျွန်မတို့ ထသင့်ပြီမဟုတ်လား? အပြင်မှာ လင်းတောင်နေပြီ" စုရွှေလျန် သူ၏ ပြင်းပြနေသောအကြည့်များအား တိုက်ရိုက်မကြည့်ဝံ့သဖြင့် သူမမျက်လုံးများအား ဟိုဟိုဒီဒီ အကြည့်လွှဲလိုက်သည်။
"စောပါသေးတယ်" သူသည် သူမကို လှုပ်ရှားခွင့်မပေးဘဲ ပွေ့ဖက်ထားသည်။ သူ့အောက်ပိုင်းတစ်ခြမ်းက အဆင်သင့်ဖြစ်နေပြီး မရပ်မနား ရွေ့လျားနေသည်။
"ဒါပေမယ့် တပေါင် ဒီနေ့ လေ့ကျင့်ဖို့ စောစောလာမှာမဟုတ်ဘူးလား" မတော်တဆထိခိုက်မှု မရှိရင် ဒီမှာ စောစော လာလေ့ကျင့်ဖို့ တပေါင်အား သူပြောနေတာကို သူမ အရင်က ကြားခဲ့ဖူးသည်။
“အင်း” သူ့စိတ်တွေ ချက်ခြင်းထိုးကျသွားတာကိုတော့ ဝန်ခံပါသည်။ ဒီလောက်ဒုက္ခကြီးမှန်းသိရင် တပည့် လက်ခံခဲ့မှာ မဟုတ်ပေ။
"ကိုယ့်ကို အနမ်းပေး" လင်းစစ်ယောင် အပြုံးလေးဖြင့်ပြောလိုက်သည် ။ သူမကို မပွေ့ဖက်တော့တဲ့အတွက်၊ သူ့ဆန္ဒကို ထိန်းထားနိုင်တဲ့အတွက် သူ့ကို နှစ်သိမ့်ပေးသင့်တယ်လေ။
စုရွှေလျန်သည် သူ၏လည်ပင်းကိုဖက်ကာ သူ့မျက်နှာအား သူမအနားသို့ တိုးစေလိုက်ပြီး ရှက်ရွံ့စွာဖြင့် သူ့နှုတ်ခမ်းပေါ်သို့ အနမ်းဖျော့ဖျော့လေးပေးလိုက်သည်။
သူမ၏ ညင်သာသောခပ်ဖွဖွအနမ်းလေးသည် လင်းစစ်ယောင် အား ကျေနပ်မှုမပေးစွမ်းနိုင်ခဲ့ပေ။ သူသည် သူမနှုတ်ခမ်းများကို စုပ်ယူလိုက်ပြီး နှုတ်ခမ်းများပွင့်သွားသောအခါတွင် အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏လျှာကို ထည့်လိုက်ပြီး သူမ၏လျှာနှင့် လိမ်ယှက်လိုက်သည်။
“အားယောင်…” သူမ အသက်ရှုကြပ်ပြီး သတိပေးသည့်အနေဖြင့် ပြောလိုက်၏။ တံခါးဆီမှ တိုးညှင်းသောတံခါးခေါက်သံကို သူမကြားလိုက်ရသည် ။
"သေစမ်း" လင်းစစ်ယောင် ပေါ့ပေါ့တန်တန် ကျိန်ဆဲလိုက်ပြီး သူ့ဆန္ဒများကို ထိန်းချုပ်ကာ အိပ်ရာမှ ထသွားရတော့သည်။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now