ပန်းထိုးခြင်းကိုစတင်ကြပါစို့

368 43 1
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၆၁။ ။ပန်းထိုးခြင်းကိုစတင်ကြပါစို့

အမျိုးသမီးပန်းထိုးသူအကြီးအကဲဖြစ်ရန် စာချုပ်ကို စာအုပ်စင်တွင် ညင်သာစွာ ထည့်ထားခဲ့သည်။ လက်မောင်းတင်နိုင်သော ကုလားထိုင်ပေါ်တွင် ထိုင်ရင်း စုရွှေလျန် သက်ပြင်းချလိုက်ပြီး စဉ်းစားမိသည်။

ကံတရားဖြစ်နိုင်မလား 'စုပန်းထိုးအိမ်' မှ 'ယွဲ့ယန်ပန်းထိုးအိမ်' အထိ သူမ၏ဘဝသည် ပန်းထိုးခြင်းနှင့် လုံး၀ ရောယှက်နေသကဲ့သို့ ဖြစ်နေသည်။

သို့မဟုတ် စုပန်းထိုးအိမ်၏ လွှမ်းမိုးမှုက သူမကို အလွန်ကောင်းအောင် ချယ်လှယ်နိုင်ခဲ့ပြီး တစ်ခြားနေရာမှာတောင် လုံးဝအောင်မြင်လာရန် ခွင့်ပြုပေးတာကြောင့် ဖြစ်နိုင်ပါသည်။

ပန်းထိုးသူအမျိုးသမီးအကြီးအကဲလား? စုရွှေလျန်သည် သူမ၏ နှုတ်ခမ်းများကို ဖွဖွပွတ်ကာ သူမ၏ အတွေးများကို ဖယ်လိုက်သည်။ အားယောင်က သူမကို ဆုံးဖြတ်ခွင့်ပေးလိုက်သည့်အတွက် သူမနောက်ကို လိုက်သွားလိမ့်မည်။ ပြီးသည်နှင့် သူမ၏ ဆုံးဖြတ်ချက်ကို တွေးတောမိလိမ့်မည်။

ပေးထားသောပစ္စည်းများကို ဖွင့်ပြီးနောက် စုရွှေလျန် မှန်းဆထားသည့်အတိုင်း ဤအပိုင်းကို ပိုင်းခြားသည့်ခန်းဆီးအဖြစ် အသုံးပြုမည်ဖြစ်သည်။

ထို့နောက် စုရွှေလျန်သည် ပေးထားသော နမူနာပုံစံ ၃ ခုကို လေ့လာခဲ့သည်။ ၎င်းတို့အားလုံးသည် ယန်ကွေ့ဖေးမှဖြစ်ပြီး တစ်ဦးစီတွင် မတူညီသောအသုံးအနှုန်းများနှင့် နောက်ခံများရှိသည်။ ပထမပုံတွင် သူမသည် လတွင် ခွက်ကိုကိုင်ထားခဲ့သည်။ ဒုတိယပုံတွင် သူမသည် ဂန္ဓမာပင်များ၏နောက်ကွယ်တွင် ဆံပင်အဆင်တန်ဆာများဖြင့် လေးလံသော ခေါင်းကို မော့ထားရင်း တင်းတင်းမာမာဖြစ်နေပုံရပြီး ရေနွေးကြမ်းအနည်းငယ်သောက်နေပုံရသည်။ နောက်ဆုံးတစ်ခုမှာ သူမကို ထောက်ပံ့ပြီး အနားယူရန်ဆိုပြီး အခန်းတစ်ခုထဲကို ခေါ်သွားခဲ့သည်။

(ယန်ယွင်ဟန်ကို ယန်ကွေ့ဖေးဟုခေါ်လေ့ရှိပြီး ရှေးခေတ် တရုတ်ပြည်၏ အလှတရားလေးပါးထဲမှ တစ်ဦးအဖြစ် လူသိများသည်။ သူမသည် နောင်နှစ်များအတွင်း ထန်ဧကရာဇ်ရွှမ်ကျုံး၏ အချစ်တော်ကြင်ယာတော်ဖြစ်သည်။)

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now