အခန်း ၁၀၅။ ။ အကန့်အသတ်မဲ့နွေဦး

81 11 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူ


အခန်း ၁၀၅။ ။ အကန့်အသတ်မဲ့နွေဦး


"မင်း နေလို့ကောင်းရဲ့လား​" ဆောင်းရာသီနံနက်စောစောတွင် လင်းစစ်ယောင်သည် စုရွှေလျန်၏ နူးညံ့ပြီး မွှေးကြိုင်သော ခန္ဓာကိုယ်ကို နွေးထွေးသော အိပ်ရာပေါ်တွင် တင်ထားကာ ပွေ့ဖက်ထားသည်။ ရက်အတော်ကြာ အလုပ်များပြီးနောက် ယနေ့သည် ရှားရှားပါးပါး အချိန်အခါတစ်ခုဖြစ်ပြီး သူတို့နှစ်ယောက် ဘာမှလုပ်စရာမလိုတော့ပေ။

သူနောက်ဆုံး မုတ်ဆိတ်ရိတ်တာ တော်တော်ကြာနေပြီဖြစ်သည်။ လင်းစစ်ယောင်သည် စုရွှေလျန် ၏ ဖြူဖွေးချောမွတ်သော ပါးပြင်ကို သူ့မေးစေ့ဖြင့် ပွတ်သပ်လိုက်သည်။ ဤရက်ပိုင်းတွင် သူအရမ်းအလုပ်များနေသော ကြောင့် ခြေဖဝါးက မြေကြီးကိုထိလုနီးပါးဖြစ်နေခဲ့သည်။ ညနေစောင်းမှသာ သူတို့အိမ်သို့ ပြန်ရောက်ခဲ့ကြသည်။ ရွှေလျန်ကို ပွေ့ဖက်ရင်း ငြိမ်သက်စွာ အိပ်နေလိုက်သည်။

"အင်း ရှီချွေ့မှာ အခု ကိုယ်ဝန်ရှိနေပြီ၊ ထျန်းနျို လည်း လက်ထပ်တော့မယ်။" သို့သော် အရေးကြီးဆုံးသတင်းမှာ လုံရှီရွှယ်သည် သူမကဲ့သို့ဖြစ်သည်၊ သူတို့နှစ်ဦးစလုံးသည် အခြားကမ္ဘာမှ ဝိညာဉ်များဖြစ်ကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့အားလပ်ချိန်တိုင်းတွင် ၎င်းတို့၏ယခင်ဘဝအမှတ်တရများအကြောင်း ထိုင်ပြောကြသည်။ သူတို့သည် ကလေးဘဝ၊ မြီးကောင်ပေါက်အရွယ်နှင့် ဤလောကသို့မရောက်လာမီ နှစ်များအကြောင်း ပုံပြင်များဖလှယ်ခဲ့ကြသည်။

စုရွှေလျန်သည် သူ၏ နွေးထွေးသော ရင်ဘတ်ပေါ်တွင် သူမ၏ လက်ဖဝါးကို ညင်သာစွာ တင်လိုက်ပြီး ပျော်ရွှင်မှုကို လွှဲပြောင်းပေးလိုက်သည်။

"ဟုတ်​သားပဲ ဒအခုတလော ရှင်တော်​​တော်​ စိတ်​ရှုပ်​​နေပုံရတယ်​။ မြို့​တော်​လူကြီးနဲ့ ​ဆွေး​နွေး​နေတဲ့ လယ်​​တွေကိစ္စလား" စုရွှေလျန် သည် လျန်မော့မော့ ၏ အစီရင်ခံစာကို ပြန်ပြောင်းပြောပြသည်။ စုရွှေလျန် နှင့် သူမ၏ခင်ပွန်း ဖန်းဟွာ မြို့မှ ထွက်ခွာမည်မဟုတ်ကြောင်း ဝမ်ရယ်နှင့် ဝမ်ဖေးတို့က အတည်ပြုပြီးနောက် ၎င်းတို့သည် ဤနေရာတွင် အိမ်နီးချင်းမြေကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။ မြေးနှင့်သမီးဆီကို လာလည်ချင်သည့်အခါ ပိုအဆင်ပြေမည့် ခြံဝင်းသီးသန့်တစ်ခုကို ဆောက်ချင်ခဲ့သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now