ဖန်းဟွာကျောင်း

331 46 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၉၀။ ။ ဖန်းဟွာကျောင်း

"ရွာသူကြီး တရားမျှတမှုအတွက် တစ်ခုခုပြောရမယ်။ အနောက်ဘက်က မြေရိုင်းတွေကို သူတို့က ဘာလို့သုံးရတာလဲ" တုန်လှုပ်ချောက်ချားသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ယခင်မျိုးဆက်များထက် ကြီးမြတ်သူကဲ့သို့ ပြုမူသော ဟွာမိသားစု၏ အကြီးဆုံးချွေးမဖြစ်ပါသည်။

"ဒါ... ငါ သဘောတူတယ်..." ရွာလူကြီး ဝမ်ကန်းဖာက ရေရွတ်လိုက်သည်။

"သဘောတူတယ်? ရွာလူကြီး၊ ရှင်က ကျွန်မတို့ရွာမှာ နှစ်အတော်ကြာအောင် အုပ်ချုပ်ခဲ့တာ။ ကျွန်မမိသားစုက ရှင့်ကို အမြဲတမ်း ထောက်ပံ့နေတာ မဟုတ်ဘူးလား ဘယ်လိုပဲ ဖြစ်နေပါစေ သူတို့က အပြင်လူတွေပဲလေ။ သူတို့က ကျွန်မတို့ ဖန်းလော့မြို့မှာရှိတဲ့ မြေရိုင်းတွေအားလုံးကို၀ယ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"ဘာကြောင့် မကောင်းရမှာလဲ။ ​အဲ့မြေရိုင်းတွေက မြုံနေတဲ့မြေတွေပဲ မဟုတ်ဘူးလား"

"အိုး..လူကြီးမင်း..အဲဒီလို ရှုပ်ယှက်ခတ်နေရင်တော့..မြေတွေ အားလုံးက သူများပိုင်တဲ့မြေ ဖြစ်သွားလိမ့်မယ်။ ဖန်းလော့မြို့တစ်ခုလုံးမှာ မြေနည်းနည်းပဲရှိတယ်။ သူသာအိမ်ရှင်ဖြစ်သွားရင် ကျွန်မတို့အားလုံး သူ့အိမ်ငှားလယ်သမားတွေ ဖြစ်လာမှာလား။"

"ဟွာမိသားစုရဲ့ချွေးမ မင်းစကားက မမှန်ဘူး။ သူက မြေကွက်လပ်ကို ဝယ်လိုက်တာလေ။ သူဘာလို့ အိမ်ပိုင်ရှင်ဖြစ်လာမယ်လို့ ပြောရတာလဲ၊ မင်းဝယ်ချင်ရင် အနောက်ဘက်မှာ ရနိုင်တဲ့ နေရာတွေ အများကြီးရှိတယ်... "

"ပေါက်ကရတွေပြောနေတာပဲ။ မြေရိုင်းတစ်ဧကအတွက် ငွေသုံးစ အကုန်အကျခံတယ်။ ဘာလို့အဲလိုလုပ်ရတာလဲ၊ ကျွန်မတို့က အဲဒီမြေပေါ်မှာ ဘာမှ စိုက်ပျိုးလို့မရဘူးလေ..."

"ဒါပေမယ့် သူတို့က အိမ်ဆောက်ဖို့ မြေကွက်ကို ဝယ်လိုက်တာလေ..."

"သူတို့မိသားစုမှာ လူနှစ်ယောက်ပဲရှိတာ။ ဘာလို့ အိမ်တွေအများကြီးဆောက်ရမှာလဲ"

"အခြားသူတွေရဲ့ ကိစ္စကို အာရုံမစိုက်သင့်ဘူး။ သူတို့ရဲ့ ဆွေမျိုးတချို့က ပြောင်းရွှေ့လာတော့မယ်။ အဲဒါက ငါတို့ရဲ့ ဖန်းဟွာမြို့က ပိုနာမည်ကြီးလာတယ်လို့ ဆိုလိုတာဘဲ" ရွာလူကြီးက သူ့မုတ်ဆိတ်မွေးများကို ပွတ်ရင်း ပြုံးပြနေခဲ့သည်။ ဖန်းဟွာ မြို့က တဟွေ့အင်ပါယာရှိ အကြီးဆုံးမြို့ဖြစ်လာမည်ကို အိမ်မက်မက်နေခဲ့သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now