တပည့်ဖြစ်လာမည်လော?

746 113 0
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၄၃။ ။ တပည့်ဖြစ်လာမည်လော?
စုရွှေလျန် နှင့် ရှီချွေ့အား နေ့လည်စာစားရန် လင်းစစ်ယောင်က ပန်းထိုးခန်းထဲမှဆွဲခေါ်လာသည်။
စုရွှေလျန်သည် စားပွဲတွင်ထိုင်ကာနေ့လည်စာစားရခြင်းသည် အချိန်ဖြုန်းတီးသည်ဟု ထင်မိသည်။ ၎င်းတို့သည် မနေ့ကကဲ့သို့ပင်လုပ်ချင်နေကြသည်။ ပန်းကန်ပြားပေါ်တွင်မန့်ထုံတင်ကာ ဗိုက်ဆာသောအခါမှ တစ်ကိုက်မျှကိုက်ကြပေမည်။ ထိုသို့ဆိုလျှင် လက်များလည်းမညစ်ပတ်တော့ပါ။ ၎င်းတို့၏လက်များညစ်ပတ်သွားလျှင် အချိန်ကုန်ကာ လက်များဆေးရမည်ဖြစ်သည်။
သို့သော် သူမက သူ၏မျက်လုံးထဲအားကြည့်လိုက်သောအခါတွင် ရှီချွေ့နှင့်သူမသာ နေ့လည်စာထွက်မစားလျှင် လင်းစစ်ယောင်သူမအား စိတ်ဆိုးပေတော့မည်။ သူစိတ်ဆိုးမည်ဆိုသောအတွေးဖြင့် စုရွှေလျန်သည် နာခံရန်သာဆုံးဖြတ်လိုက်ပြီး အပ်ကိုချကာ မီးဖိုချောင်ထဲသို့ ရှီချွေ့အား ဖိတ်ခေါ်လိုက်သည်။
စားနေစဉ်အတွင်းတွင် လင်းစစ်ယောင်သည် စုရွှေလျန်၏ပန်းကန်လုံးပေါ်သို့ နောက်ထပ်ဝက်သားပေါင်းတစ်ခု ထပ်ထည့်ပေးလိုက်သည်။ သူ၏အစီအစဉ်အားအမှတ်ရသွားကာ သူမအားအသိပေးရန် ဆုံးဖြတ်လိုက်သည်။
"ဒီညနေကျရင် ရှောင်ရွှယ်ကိုခေါ်ပြီးအမဲလိုက်သွားမလို့။ ရှောင်ချွမ်က အိမ်စောင့်ပေးလိုမ့်မယ်"
စုရွှေလျန်ကြားသောအခါတွင် တွေဝေစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
"မနေ့ကပဲ ဖမ်းမိထားသေးတယ်မဟုတ်လား"
သူမက ရွာသူကြီးမှပေးလိုက်သောဆိတ်နှင့် ယုန်များ၊ ရစ်ဌက်များနှင့် လတ်တသလောထိန်းသိမ်ထားသောကြက်နှင့်ဘဲများကို အမှတ်ရသွားသည်။ သူသည် ပို၍များသောတိရစ္ဆာန်များကို အမဲလိုက်မည်ဆိုလျှင် ထိုအကောင်များအား မည်သည့်နေရာတွင် သိမ်းထားမည်နည်း။
"သူတို့စားဖို့အတွက်လေ"
လင်းစစ်ယောင်က သူမဆိုလိုသည်ကိုနားလည်ကာ စုရွှေလျန်ခြေထောက်နားတွင်ထိုင်နေသော ရှောင်ရွှယ် နှင့် ရှောင်ချွမ်ကိုညွှန်ပြကာရှင်းပြလိုက်သည်။
"ဪ ဟုတ်သားပဲ။ ရှောင်ချွမ်နဲ့ ရှောင်ရွှယ်က အသားစားဖို့လိုနေပြီပဲ"
စုရွှေလျန်က ၎င်းတို့၏ခေါင်းလေးအားပုတ်လိုက်ကာ သူမ၏ဝက်သားတစ်ဝက်အားကျွေးလိုက်သည်။ ၎င်းတို့၏မိဘများသည် ကျားဖြူနှင့်တိုက်ခိုက်ခဲ့သည်သာမဟုတ်လျှင် ၎င်းတို့အားသူမအား ဝံပုလွေဂူဆီသို့သာခေါ်မသွားပါလျှင် သူမသည် သားရဲတိရစ္ဆာန်များဖြင့် ပြည့်နှက်နေသော တရှီတောင်တွင် ပျောက်ကွယ်သွားမည်မှာကြာလှပြီဖြစ်၏။
ထိုအတွေးဖြင့် စုရွှေလျန်သည် ဝံပုလွေနှစ်ကောင်အား ပို၍ကျေးဇူးတင်မိသည်။ အိမ်ရှာခြင်း၊ အိမ်ပြောင်းခြင်းနှင့်လက်ထပ်ခြင်း တောင်မှထွက်ခွာလာပြီးကတည်းကပင် ထိုကိစ္စများဖြင့်ရှုပ်နေ၍ ၎င်းတို့အားစောင့်ရှောက်ပေးရန်အချိန်မရခဲ့ပေ။ သူမသည် တောင်တွင် နေခဲ့စဉ်အတောအတွင်းက ၎င်းတို့သည် သူမနှင့်အတူတူသွားလာပေးကာ သူမသည်မူ ယခုတွင် ထိုသို့လုပ်ပေး၍မရတော့ပေ။
"ပန်းထိုးပြီးရင် နောက်တစ်ခေါက်ကျ သစ်သီးတွေခူးဖို့ မင်းတို့နဲ့လိုက်ခဲ့မယ်နော်"
စုရွှေလျန်က လင်းစစ်ယောင်ကိုမော့ကြည့်ကာ ပြုံးပြလိုက်သည်။
"ကောင်းပြီ"
လင်းစစ်ယောင်၏မျက်လုံးက နူးညံ့ညင်သာမှုဖြင့် အရောင်လက်သွားကာ သူမနှင့်အတူအပြင်ထွက်ကာ လေကောင်းလေသန့်ရှုရသည်ကို သူကနှစ်သက်ပေသည်။ အိမ်ထဲတွင် တစ်နေကုန်နေရခြင်းထက် ပိုကောင်းသည်။
အစ်မရွှေလျန် ဒီခွေးတွေက လူလိုပဲ။ မင်္ဂလာပွဲတုန်းကလည်း ဟွာအိမ်ကအဒေါ်ကြီးနဲ့ သူ့ချွေးမက ကျွန်မက အထဲဝင်ဖို့ပြောပေမဲ့ သူတို့ကရှေ့ခြံထဲမှပဲနေမယ်ဆိုပြီး ငြင်းနေတာ။ အဲ့တာကို ရှောင်ချွမ်နဲ့ ရှောင်ရွှယ်က အိမ်ထဲဝင်ဖို့ဆွဲခေါ်လာတာ"
ရှီချွေ့က ချစ်စရာကောင်းသောခွေးကြီးနှစ်ကောင်ကိုငေးကာ ပြောလိုက်သည်( ဘာလို့ခွေးလို့သုံးတာလဲဆိုတော့ သူတို့ကဝံပုလွေမှန်းမသိကြဘူး။ ခွေးလို့ပဲထင်နေတာ)။ ဟွာအိမ်၏ပြုမူပုံများအား ပြန်လည်စဉ်းစားကြည့်ပြီးနောက်တွင် သူမသည် စတင်ရယ်မောမိသည်။
"အဲ့လိုလား"
ထိုမြင်ကွင်းသည် ရယ်စရာကောင်းလိမ့်မည်ဟု စုရွှေလျန်တွေးမိကာ ရှောင်ရွှယ်၏ချစ်စရာကောင်းသောပါးဖောင်းဖောင်းလေးအား ဆိတ်ဆွဲလိုက်သည်။
"ငါလည်းအဲ့လိုပဲထင်တာ။ သူတို့က အရမ်းသိကြတာ။ လူတွေရဲ့အဝတ်ကိုလည်းမကိုက်ဘူးမလား"
ထိုသို့ကိုက်၍ အင်္ကျီတန်ဖိုးပေးလိုက်ရသည်က အဆင်ပြေသည်။ လူအားကိုက်၍ဒဏ်ရာရသွားလျှင် အဆင်ပြေမည်မဟုတ်ပါ။
ဝံပုလွေနှစ်ကောင်သည် စုရွှေလျန်ပြောသည်အား နားလည်သကဲ့သို့ တအီအီလုပ်နေကြသည်။ ထို့နောက် ၎င်းတို့၏ခေါင်းများကို စုရွှေလျန်လက်မောင်းဆီသို့ တိုးဝှေ့လိုက်ကာ ခေါင်းရမ်းလိုက်ပြီး မူပိုနေကြပေသည်။ စုရွှေလျန်ကရယ်လိုက်သော်လည်း လင်းစစ်ယောင်ဆီမှချောင်းဟန့်သံကိုကြားသည့်အခါတွင် ရပ်သွားကာ ပြန်ဆုတ်လိုက်ကြသည်။ ၎င်းတို့က စုရွှေလျန်အားကြည့်လိုက်ကြကာ လင်းစစ်ယောင်အား ကြောက်ကြောက်ဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက်တွင်မူ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခွေးအိမ်လေးဆီသို့ပြန်သွားကြသည်။
၎င်းတို့သည် လင်းစစ်ယောင်အား ကြောက်၍မဟုတ်ပေ။ သို့သော် သူ၏ကတိအားရုပ်သိမ်းလိုက်မည်ကို ကြောက်သောကြောင့်သာဖြစ်သည်။ ၎င်းတို့သည် တောထဲသို့သွားကာ အမဲလိုက်ချင်ကြသည်။ အသာများစွာအား စားသောက်ချင်ကြသည်။ ဝံပုလွေနှစ်ကောင်က အကြည့်ချင်းဖလှယ်လိုက်ကာ တအီအီလုပ်နေကြပေသည်။
နေ့လည်စာစားပြီးသည့်နောက်တွင် စုရွှေလျန်နှင့် ရှီချွေ့သည် လျင်မြန်စွာဖြင့် ပန်းထိုးအခန်းထဲသို့ပြန်သွားကြသည်။
လင်းစစ်ယောင်က ပန်းကန်များကိုသိမ်းကာဆေးသည်။ ယူလာသောသူမှာ အဒေါ်လောင်ဖြစ်သော်လည်း ထိုပန်းကန်များကို ခြင်းထဲသို့ သန့်ရှင်းစွာပြန်ထည့်လိုက်ပြီး ရှီချွေ့ ပြန်သွားသောအခါတွင် ခြင်းကိုယူသွားယုံသာဖြစ်သည်။
ထို့နောက် သူသည် မြေဖွထားသည့် ရှေ့ခြံဝန်းသို့ပြန်လာသည်။ ထိုနေရာတွင် လင်းစစ်ယောင်ကအပေါက်ကျဉ်းလေးများတူးကာ တစ်ခုချင်းစီတွင် အာလူးမျိုးစေ့များလိုက်ချသည်။ ကျန်သောအမြောင်းအလွတ်သုံးခုတွင် နောက်လအနည်းငယ်အတွင်းတွင် ရိတ်သိမ်းနိုင်မည့်အစေ့အမျိုးမျိုးလိုက်ချကာ ရေလောင်းပေးသည်။
ဝံပုလွေပေါက်နှစ်ကောင်သည် နေ့ခင်းတစ်ရေးတစ်မောအိပ်ရာမှနိုးလာသည်ကို သတိထားမိကာ ရေသောက်ရန် မြစ်ဆီသို့ပြေးသွားကြသည်။ ပြန်လာသောအခါတွင် လင်းစစ်ယောင်အား ငေးကြည့်နေကြသည်။ တောထဲသို့အမဲလိုက်ထွက်ရန်အချိန်ကျပြီဟု ပြောနေသကဲ့သို့ပင်။
သူသည် စားပြီးသားပန်းကန်များကို မြစ်ဘေးတွင် ဆေးကြောသန့်စင်လိုက်ကာ သပ်ရပ်စွာဖြင့် မီးဖိုချောင်ထဲရှိဗီရိုထဲတွင်ထားလိုက်သည်။ ထို့နောက်တွင် နောက်ခြံဝန်းကိုပတ်ကြည့်လိုက်ပြီး ဘာမျှမရှိသည်ကိုသေချာအောင်လုပ်ပြီးနောက်တွင် ပန်းထိုးခန်းထဲရှိ စုရွှေလျန်အားသတိပေးရန် ထွက်သွားလေသည်။ သူသည် ရှောင်ချွမ်အား အိမ်ကိုစောင့်ကြည့်ရန်မှာနေသည်။
နေရာအချို့အားပတ်ကြည့်ပြီးနောက်တွင် လင်းစစ်ယောင်သည် တရှီတောင်သို့သွားသည့် နောက်တစ်လမ်းရှိသည်ကို တွေ့လိုက်ရသည်။ ဖန်းဟွာမြို့၏ အရှေ့တောင်လယ်ကွင်းများမှာ လမ်းကြောင်းသည် ရှို့ဖုန်းဖြစ်သည်။ ရှို့ဖုန်းအကျော်တွင် တရှီတောင်သို့သွားသည့် နယ်နမိတ်ရှိသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က တရှီတောင်တွင် လူစားသောသားရဲရှိသည်ဟုသောကောလဟလရှိသည်။ ထို့ကြောင့် ယခင်ကမုဆိုးလုပ်ခဲ့သူအားလုံးသည် လယ်သမားများဖြစ်နေကြသည်။ ထို့ကြောင့် ရှို့ဖုန်းဧရိယာတွင် လာရောက်လည်ပတ်သူနည်းသွားကာ မကြာမီပင် တောထနေတော့သည်။
ဖန်းဟွာမြို့သို့ပြောင်းသွားသည့်အချိန်ကတည်းမှ ရှောင်ရွှယ်အပြင်ထွက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူမသည် လွန်စွာစိတ်လှုပ်ရှားနေသည်။ လင်းစစ်ယောင်၏ဆယ်မီတာအကွာတွင် သူမက ကဆုန်ပေါက်ကာ
မကြာမီတွင် လူတစ်ယောက်နှင့်ဝံပုလွေတစ်ကောင်သည် ရှို့ဖုန်းသို့ ခြေလျင်ထွက်လာကြသည်။
ရှို့ဖုန်းသို့သွားရန် အနည်းဆုံးမိနစ်သုံးဆယ်ခန့်ကြာမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် မြစ်ဘေးတွင် ရေသောက်ရန်ဆုံးဖြတတ်လိုက်သည်။ ရှောင်ရွှယ်အားခေါ်ခါနီးတွင် မြစ်ဘေးမှလူသံတစ်သံအားကြားလိုက်ရသည်။
လင်းစစ်ယောင်မျက်ခုံးပင့်ကာ မိမိဘာသာစဉ်းစားနေမိသည်။ ထိုနေရာသည် လူများမရှိသောနေရာမဟုတ်လော။
သို့သော်လည်း လူတစ်ယောက်ရှိလျှင်ပင် သူ့အပူမဟုတ်ပေ။ သူသည် စုရွှေလျန်နှင့်အတူနေထိုင်သည့်အတွက် လူသတ်လိုသောအငွေ့အသက်များမရှိတော့သော်လည်း မဆိုင်ရာအားရှုပ်တတ်သောသူမျိုးမဟုတ်ပေ။
လင်းစစ်ယောင်သည် ခန္ဓာကိုယ်ကိုလှည့်လိုက်ကာ ရှောင်ရွှယ်အားပြောလိုက်သည်။
"သွားကြရအောင်"
နေမဝင်ခင်အိမ်ပြန်ရမည်ဖြစ်သည်။ သူသည် အိမ်တွင်ရှိမနေလျှင် အမျိုးသမီးလေးအား ညဘက်မကောင်းသူများမှ ဆွဲကာအခွင့်အကောင်းယူမည်ကို ကြောက်နေမိသည်။ ထိုအတွေးဖြင့် စိတ်မရှည်တော့ချေ။ သူ၏ခြေလှမ်းများက မြန်သထက်မြန်လာကာ စက္ကန့်အနည်းငယ်အတွင်းတွင်ပင် ခြေလှမ်းဆယ်လှမ်းမျှရောက်ပြီးဖြစ်နေသည်။
ပင်ပန်းနေသော ရှောင်ရွှယ်မှာမူ လျှာတစ်လစ်ဖြင့် လင်းစစ်ယောင်နောက်သို့ ချက်ချင်းလိုက်လာပေသည်။
လင်းစစ်ယောင်နှင့်ရှောင်ရွှယ် တောထဲတွင်ပျောက်ကွယ်သွားသောအခါ ယောင်္ကျားလေးတစ်ယောက်သည် ချုံတောထဲမှထွက်လာသည် ထိုလူငယ်လးသည် ကိုးနှစ်အရွယ်အသိဖြင့် အသက်(၁၂)အရွယ်ရှိပြီဖြစ်သော ထျန်းအိမ်၏သားဖြစ်သူ တပေါင်ပင်ဖြစ်သည်။
"ဝိုး မိုက်လိုက်တာ။ အဲ့တာက အဖေပြောတဲ့ သိုင်းပညာများလား"
အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးခါမှဖမ်းမိထားသောဖားကိုကိုင်ကာ ထွက်သွားရန်သာအာရုံရောက်နေသောပုံရိပ်ကို တအံ့တဩကြည့်နေမိသည်။
"ငါသာအဲ့လောက်အစွမ်းကြီးရင် အဲ့ခွေးလေးတွေက ငါနဲ့ဆော့ချင်မှာမလား"
တုံးအသော ထျန်းတပေါင်သည် ပျော်ရွှင်စွာပင် တွေးနေမိသည်။ သူသည် ဖားများဖမ်းရန်ဆန္ဒမရှိသောကြောင့် မြစ်ဘေးရှိကျောက်တုံးပေါ်တွင်ထိုင်နေသည်။ သူ၏မေးစေ့ကိုပွတ်ကာ တောလမ်းသို့ကြည့်နေကာ လင်းစစ်ယောင်ထွက်လာမည်ကို စောင့်နေပေသည်။ ထျန်းတပေါင်သည် လင်းစစ်ယောင်ဆီတွင် တပည့်ခံရန် စဉ်းစားနေခြင်းဖြစ်သည်။
ထျန်းတပေါင်သည် လင်းစစ်ယောင်အား ဖန်းဟွာမြို့၏ရှားပါးသောလူကောင်းအဖြစ် လေးစားနေသည်ကိုသာသိလျှင် မယုံနိုင်စွာဖြင့်ရယ်မိပေလိမ့်မည်။
သို့သော် ထျန်းတပေါင်နှင့် လင်းစစ်ယောင်တို့ ဆုံဖူးသော်လည်း ခွေးကြီးနှစ်ကောင်က အနှောင့်အယှက်ပေးသောသောကြောင့် ထိုအကြံကိုခိုင်မြဲစွာ ယုံကြည်နေခြင်းဖြစ်သည်။
သူ့အမြင်တွင် မြို့၏အခြားသောယောင်္ကျားလေးများနှင့်နှိုင်းယှဉ်လျှင် သူသည် အခံ့ညားဆုံး အရည်အချင်းအရှိဆုံး နတ်သမီးမမအတွက် စဉ်းစားပေးတတ်သောယောင်္ကျားတစ်ယောက်ဖြစ်သည်။ သူ့အားမေးခဲ့သောမေးခွန်းများကို ရယ်မောခြင်းမရှိဘဲ အလေးအနက်ဖြင့်ဖြေပေးခဲ့သည်။
မြင်ခဲ့သည်ကြားခဲ့သည်များမှ ထျန်းတပေါင်အနှစ်ချုပ်လိုက်လျှင် အစ်ကိုကြီး လင်းစစ်ယောင်သည် ဖန်းဟွာမြို့၏အတော်ဆုံးယောင်္ကျားဖြစ်သည်။ နောင်တွင် သူသည်လည်း အစ်ကိုကြီးလင်းကဲ့သို့ဖြစ်နိုင်ကာ နတ်သမီးမမကဲ့သို့လှပသောလူကိုလည်း လက်ထပ်နိုင်ရပေမည်။
ကောင်းကင်သည် မှောင်လာသော်လည်း ထျန်းတပေါင်မှာ စောင့်နေဆဲဖြစ်သည်။ သူ၏စိတ်ထဲတွင် အစ်ကိုကြီးလင်းသည် တောထဲမှထွက်လာမည်ဟုထင်ကာ ထိုလမ်းသည်အိမ်သို့ပြန်ရန်အတိုဆုံးလမ်းဖြစ်သည်။
ယခင်ကဒဏ်ရာရခဲ့သော တပေါင်သည် ဟာသဉာဏ်ရွှင်ဆဲဖြစ်သည်။ သို့သော်လည်း ဒဏ်ရာရခဲ့သည်ဟုပြောရန်မှာ မှန်ကန်သောသတ်မှတ်ခြင်းမဟုတ်ပါ။ တိတိကျကျဆိုရလျှင် သူရေကန်ထဲသို့ကျခဲ့စဉ်တွင် ခေါင်းအား မာသောအရာမျိုးဖြင့်ရိုက်မိသွားခြင်းဖြစ်သည်။ ထိုသို့ဖြင့် သွေးခဲသွားကာ ဦးနှောက်သို့လေထွက်ပေါက်ပိတ်သွားပြီး ဦးနှောက်ဖွံ့ဖြိုးမှု နှောင့်နှေးသွားခြင်းဖြစ်သည်။
ထျန်းတပေါင်၏ကျူးကျော်ခြင်းယုံကြည်ချက်ပျောက်ဆုံးခါနီးတွင် လူတစ်ယောက်နှင့်ခွေးတစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူပျော်ရွှင်လွန်းသောကြောင့် မျက်နှာပေါ်တွင် အပြုံးတစ်ခုပင်ကြီးကြီးမားမားတောက်ပနေသည်။
"အစ်ကိုကြီးလင်း၊ အစ်ကိုကြီးလင်း"
ထျန်းတပေါင်တစ်ယောက် လေထဲတွင် လက်ဝှေ့ရမ်းပြလိုက်ကာ လင်းစစ်ယောင်၏အာရုံကိုဖမ်းစားရန် ကြိုးပမ်းလိုက်သည်။ သူအားသတိမထားမိဘဲပျံသွားကာကျော်သွားမည်ကို ကြောက်နေမိသည်။
လင်းစစ်ယောင်က ခပ်ဝေးဝေးကပင် သူ့အားသတိထားမိနေသော်လည်း နေဝင်ပြီဖြစ်သောကြောင့် အိမ်မြန်မြန်ပြန်ချင်ကာ ရပ်ရန်စိတ်ကူးမရှိပေ။
သို့သော် ယခုတွင် ထျန်းတပေါင်က လမ်းရမ်းပြနေသောကြောင့် သူ့အားသတိမထားမိသကဲ့သို့ ဟန်ဆောင်၍မရပေ။ ထို့အပြင် စုရွှေလျန်သာသိသွားလျှင် သူမစိတ်ဆိုးပေလိမ့်မည်။ ထျန်းတပေါင်၏စိတ်အခြေအနေသည် ထိုနေရာတွင်နေခဲ့ရန် သင့်လျော်နေခြင်းမျိုးမဟုတ်ပေ။
"အစ်ကိုကြီးလင်း၊ အမဲလိုက်ထွက်လာကြတာလား"
ထျန်းတပေါင်က လင်းစစ်ယောင်လက်ထဲမှတောကောင်များနှင့် ရှောင်ရွှယ်၏ပါးစပ်ကိုမြင်လိုက်သောအခါတွင် စပ်စုချင်စိတ်ဖြင့်မေးလိုက်မိသည်။
လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိအခြေအနေအား သဘောပေါက်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"နောက်ကျနေပြီ။ ဘာလို့အိမ်မပြန်သေးတာလဲ"
"ဟီးဟီးဟီး တကယ်တော့ အစ်ကိုကြီးလင်းကိုစောင့်နေတာ။ ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးလို့ရမလား"
ထျန်းတပေါင်က စိတ်ရင်းဖြင့်မေးလိုက်သည်။ သိ့သော် ရှက်လာမိသောကြောင့် လက်များကိုအတူတကွပွတ်နေကာ ခေါင်းကုတ်ရင်းဖြင့် လင်းစစ်ယောင်၏တုံ့ပြန်ပုံကိုကြည့်လိုက်သည်။
လင်းစစ်ယောင်သည် ထိုသို့ရုတ်တရက်ဆန်သောတောင်းဆိုမှုမျိုးကို မျှော်လင့်မထားခဲ့ပေ။ ထို့နောက် ယခင်ချုံပုတ်နားမှကြားခဲ့သောအသံကိုပြန်စဉ်းစားလိုက်သည်။ ထိုအသံသည် သူ့ကြောင့် ဖြစ်ရသည်ဖြစ်မည်။ လျင်မြန်စွာပျောက်ကွယ်သွားသည်ကိုကြည့်ရလျှင် သူသည် ၎င်းတို့အလာအား ထိုနေရမှာစောင့်နေခြင်းဖြစ်ပေမည်။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now